ဘာသာခြားများကို ဖိတ်ခေါ်လို
မြန်မာပြည်မှာဖွားတဲ့၊ သို့မဟုတ် မြန်မာအသိုင်း အဝိုင်းနဲ့ အကျွမ်းတဝင်ရှိတဲ့ ခရစ်ယာန်၊ အစ္စလာမ် ဘာသာဝင် ညီအစ်ကို မောင်နှမများအတွက် ရည်ရွယ်ပြီး ရေးတာပါ။
ကျွန်တော်တို့ ဗုဒ္ဓဝါဒအရ လောကအလုံးကို ဖန်ဆင်းသော၊ ထာဝရတည်သော ပုဂ္ဂိုလ်တစ်ဦးဦးရှိတယ်ဆိုတဲ့ အယူ၊ လူသတ္တဝါမှာ ခိုင်တယ်မြဲတယ် ဆိုစရာ၊ အသက်ဝိညာဉ်ခေါ်စရာ စင်ကြယ်သော အရာတစ်မျိုးမျိုး ရှိတယ်ဆိုတဲ့ အယူတို့ဟာ လွဲမှားသော အယူမျိုး၊ မိစ္ဆာဒိဋ္ဌိအယူမျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။ အားလုံးသော ရုပ်တရား၊ နာမ်တရားတွေဟာ အကြောင်းအကျိုး ဆက်စပ်ပြီး အခါမလပ် ဖြစ်ပျက်နေတယ်လို့ ဆိုပါတယ်။
ဒေါက်တာမင်းတင်မွန်ရေးတဲ့ ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ စာအုပ်ငယ်လေးထဲက မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ရုပ်နာမ်နှစ်ပါး ပွားများဆင်ခြင်ရန် ဆောင်ပုဒ်လေးကို ကူးယူဖော်ပြပေးလိုက်ပါတယ်။
အထက်ဖော်ပြပါ အချက်တွေနဲ့ ဆောင်ပုဒ်လေးကတော့ ဗုဒ္ဓဝါဒရဲ့ အယူကိုတင်ပြခြင်းပါ။ ဒီတိုင်းလက်ခံသင့်တယ်လို့ ဇွတ်အတင်း မတိုက်တွန်းလိုပါဘူး။ လက်မခံနိုင်က ငြင်းပယ်နိုင်ကြပါတယ်။ ဒါပေမဲ့ အခုဆက်ပြီး ရှင်းပြမယ့် ပဋိစ္စသမုပ္ပာဒ်ကိုတော့ ငြင်းနိုင်ကြလိမ္မယ် မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။
အတိတ်ဘဝ၊ အနာဂါတ်ဘဝ ဆိုတဲ့ အယူအဆတွေက ဘာသာတရားတစ်ခုနဲ့ တစ်ခု ကွဲလွဲမှုတွေရှိပါတယ်။ မတူတာတွေ လျောက်ပြောနေရင် ဘုံသဘောတူညီချက်တစ်ခု ရဖို့မလွယ်ပါဘူး။ ဘာမှ အကျိုးကျေးဇူးမရှိပဲ အငြင်းပွားခြင်း သက်သက်နဲ့ အချိန်ကုန်နေပါ့မယ်။ အဲဒါကြောင့် ပဋိစ္စသမုပ္ပာဒ်ဒေသနာထဲက လက်ရှိဘဝနဲ့ ပတ်သက်တဲ့ အပိုင်းလေးကိုပဲ နားလည်သလို ရှင်းပြချင်ပါတယ်။ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ စက်ဝိုင်းဒေသနာအရပြောရရင် ဒုတိယအကွက်နဲ့ တတိယ အကွက်ထဲက အင်္ဂါအချို့ကို ရှင်းပြပါ့မယ်။
သဠာယတန ကြောင့် ဖဿ ဖြစ်တယ်။
ဖဿ ကြောင့် ဝေဒနာ ဖြစ်တယ်။
ဝေဒနာ ကြောင့် တဏှာဖြစ်တယ်။
တဏှာကြောင့် ဥပါဒါန် ဖြစ်တယ်။
ဥပါဒါန် ကြောင့် ကမ္မဘဝ ဖြစ်တယ်။
စသဖြင့် ဆိုထားပါတယ်။
ပါဠိလိုတွေဖြစ်နေတော့ နားလည်ရခက်နေပါလိမ္မယ်။ မြန်မာလို နားလည်လွယ်အောင် ဆက်ပြောပါ့မယ်။
သဠဆိုတာ ၆ ပါ။ အာယတန ဆိုတာ အာရုံကို ခံစားတတ်တဲ့ အင်္ဂါတွေပါ။ ဖဿဆိုတာ တိုက်ခတ်ထိတွေ့တဲ့ သဘောပါ။ အာရုံခံစားတတ်သော အင်္ဂါ ၆-ခု (မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ကြောင့် တိုက်ခတ်တဲ့ ထိတွေ့တဲ့သဘော့ ဖဿ ဖြစ်ရတယ်လို့ ဆိုထားတာပါ။ မျက်စေ့ဆိုတဲ့ အာယတန ရှိလို့ အပြင်က အဆင်းဆိုတဲ့ အာရုံနဲ့ တိုက်ခတ်တဲ့ ထိတွေ့တဲ့ သဘော ဖဿ ဖြစ်တယ်လို့ဆိုချင်တာပါ။
ဝေဒနာဆိုတာ ခံစားတဲ့ သဘောပါ။ ထိတွေ့ခြင်းကြောင့် ခံစားခြင်း ဝေဒနာ ဖြစ်ရတယ်လို့ ဆိုချင်တာပါ။ နှစ်သက်တာကို မြင်ရင် ကောင်းတဲ့ ခံစားမှု သုခဝေဒန ကိုဖြစ်စေပြီး၊ မနှစ်သက်တဲ့အရာကို မြင်ရင်တော့ မကောင်းတဲ့ ခံစားမှု ဒုက္ခဝေဒနာ ဖြစ်ပါတယ်။ နှစ်သက်တယ်၊ မနှစ်သက်ဘူး အထူးပြောစရာ မလိုတဲ့ အရာကိုတွေ့ရင် ကောင်/မကောင်း မထင်ရှားတဲ့ ခံစားမှု ဥပေက္ခာဝေဒနာကို ဖြစ်စေနိုင်ပါတယ်။
တဏှာဆိုတာက လိုချင်တဲ့ သဘောပါ။ ခံစားခြင်း ဝေဒနာကနေ လိုချင်ခြင်းဆိုတဲ့ တဏှာကို ဖြစ်စေပါတယ်။
ဥပါဒါန်က စွဲလမ်းခြင်းပါ။ လိုချင်ခြင်း တဏှာကနေပြီး စွဲလမ်းခြင်း ဥပါဒါန်ကို ဖြစ်စေပါတယ်။
ကမ္မဘဝ ဆိုတာကတော့ ရရှိအောင်အားထုတ်ကြိုးပန်းခြင်း ပါ။ စွဲလမ်းခြင်း ဥပါဒါန်ကြောင့် ရရှိအောင်ကြိုးပမ်းခြင်း ကမ္မဘဝကိုဖြစ်စေပါတယ်။
အခုအထက်ကရှင်းထားသမျှကို ကြည့်ရင် ဗုဒ္ဓဘာသာဝင် ဟုတ်သူရော မဟုတ်သူပါ အငြင်းပွားစရာ မရှိနိုင်လောက်ဘူးထင်ပါတယ်။ မျက်စေ့ဆိုတဲ့ အာယတန မရှိတဲ့လူကို အလွန်လိုချင်နှစ်သက်ဖွယ် အဆင်းခေါ်ပြပေမယ်လို့ အဆင်းဆိုတဲ့ အာရုံနဲ့ မျက်စေ့ဆိုတဲ့ အာယတနတို့ တိုက်ခတ်ခြင်းထိတွေ့ခြင်းမရှိတော့ မြင်တယ်ဆိုတဲ့ ခံစားမှုက ဘယ်လိုမှ ပေါ်မလာတော့ပါဘူး။ ခံစားမှုမှ မပေါ်လာရင် ဘယ်လိုပင်လှပတဲ့ အဆင်းဖြစ်နေသော်လည်း နှစ်သက်ခြင်းတဏှာ စွဲလန်းခြင်း ဥပါဒါန်တို့လည်း မဖြစ်နိုင်တော့ပါဘူး။ စွဲလမ်းခြင်းဥပါဒါန်မရှိတော့ ကမ္မဘဝဆိုတဲ့ ရရှိအောင်ကြိုးပမ်းခြင်းအမှုကိုလည်း သူပြုမှာ မဟုတ်တော့ပါဘူး။ ဒါက မျက်စေ့ချို့ယွင်းနေသူ တစ်ယောက်အတွက် ဖြစ်မလာနိုင်တော့တဲ့ ဖြစ်စဉ်တစ်ခုကို ပြောပြတာပါ။ ပဋိစ္စသမုပ္ပာဒ်ရဲ့ထွက်မြောက်ရာလမ်း ဒုက္ခအေးစေတဲ့လမ်းမဟုတ်ပါဘူး။ ဒုက္ခအေးစေတဲ့ ပဋိစ္စသမုပ္ပာဒ် ထွက်လမ်းကတော့ ဆရာတော်ကြီးတွေ ဟောပြောမှုကို လေ့လာ ဖတ်ရှုတာပိုကောင်းပါလိမ္မယ်။
ဒီနေရာမှာပြောချင်တာက အားလုံးသော ဓမ္မတွေဟာ သူ့ဟာနဲ့သူ အကြောင်းကြောင့် အကျိုးတွေဖြစ်ပေါ်နေတာ၊ ဘယ်သူမှ အထူးဖန်ဆင်းနေတာ မဟုတ်ဘူး၊ ဘယ်တန်ခိုးရှင်မှ ပိတ်ပင်တားဆီးလို့လည်း မရဘူး၊ ဆိုတဲ့ အချက်တွေပါပဲ။ လိုအပ်တဲ့ အထောက်အပံ့အကြောင်းတရားတွေ စုံလင်ရင် အကျိုးတရားတွေ ဖြစ်ပေါ်လာမယ်။ အကြောင်းတရားတွေ မပြည့်စုံရင် အကျိုးတရားတွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ ဒါပဲ အဖြေထွက်ပါတယ်။
အဲလို ပဋိစ္စသမုပ္ပာဒ် အမြင်တွေရှင်းရင်
တောင်တော်အီအီ လျေက်တွေးရာက နေပေါ်လာတဲ့၊
ရှေးလူကြီးသူမတွေ ပြောသမျှ အလွယ်မှတ်ထားတဲ့၊
ကျမ်းကြီးကျမ်းခန့်တွေမှာ ဖော်ပြထားတဲ့... မိစ္ဆာဒိဋ္ဌိအယူတွေကို ပါးပါးသွားအောင် တတ်နိုင်ပါတယ်။
လယ်တီဆရာတော်ဘုရားကြီးရဲ့ မိစ္ဆာအယူအမျိုးမျိုးကို နှိမ်နှင်းအောင်မြင်နိုင်တာ ပဋိစ္စသမုပ္ပာဒ်ဒေသနာသာလျှင်ဖြစ်တယ်- ဆိုတဲ့ အဆုံးအမဟာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ မိမိတို့ဘဝရှေ့ရေးအတွက် သံသရာ အရေးအတွက် အလေးထားသင့်တဲ့ အဆုံးအမဖြစ်လို့ ဘာသာခြား ညီအစ်ကိုမောင်နှမများကို ပဋိစ္စသမုပ္ပာဒ်ဒေသနာ လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။
သဘာဝတရားအရ အကြောင်းညီညွတ်ရင် အကျိုးပေါ်လာတာပဲဆိုတာကို၊ ဘယ်တန်ခိုးရှင်မှ ပိတ်ပင်လို့ ဖန်တီးလို့ မရနိုင်ဘူးဆိုတာကို နည်းနည်းထပ်ရှင်းချင်ပါတယ်။ ပဋ္ဌာန်းဒေသနာမှာလာရှိတဲ့ မြင်သိစိတ် ဖြစ်ပေါ်ပုံလေးကို တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသစာအုပ်ထဲက မှတ်မိသလောက်လေး တင်ပြလိုက်ပါတယ်။
ဆရာတော်က မြင်သိစိတ် ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့ အထောက်အပံ့အကြောင်းတရားတွေကို စုံလင်အောင် ဂဏန်းချပြီး ရှင်းထားပါတယ်။
ဖော်ပြခဲ့တဲ့ အကြောင်းတရား အထောက်အပံ့တွေစုံလင်ရင် မြင်သိစိတ်က ဖြစ်ပေါ်တော့တာပဲ။ ဘယ်သူကမှ ဖန်ဆင်းပေးဖို့မလိုဘူး၊ ဖြစ်မလာအောင် ပိတ်ပင်တားဆီးဖို့လည်း ဘယ်တန်ခိုးရှင်မှ မတတ်နိုင်ဘူး။ (ဆရာတော်ကြီးစကားအတိုင်းပြောရရင် ဘုန်းကြီးတို့ သဗ္ဗညုတရွှေဉာဏ်တော်အရှင် သမ္မာသမ္ဗုဓ္ဓဘုရားတောင် မတတ်နိုင်မှ ဘယ်သူတတ်နိုင်ဦးမှာလဲ။) အထောက်အပံ့အကြောင်းတရားတွေ မပြည့်စုံရင်လည်း မြင်သိစိတ်က ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး။ အဲဒီစိတ်ပေါ်လာအောင် ဘယ်သူဖန်ဆင်းပေးလို့မှ မရဘူး။
ကျွန်တော်ပြောခဲ့တာ သိပ္ပံနည်းကျပဲ။ ခေတ်ပညာတတ်တဲ့လူဆိုရင် ဘာမှ အထူးငြင်းစရာမရှိလောက်တော့ဘူး။ ဒါတောင်မှ ဖြစ်ပေါ်လာတဲ့ မြင်သိစိတ်ကလေးက အလ္လာအရှင်မြတ်ရဲ့ကျေးဇူပါ၊ ဘုရားသခင်ဖန်ဆင်းတာပါ ဆိုပြီး ကျေးဇူးရှင်ရှာချင်သေးရင်တော့လည်း ကိုယ့်မိုက်မဲမှုနဲ့ ကိုယ်လို့ပဲ ပြောရတော့မယ်။ ရေးထားသမျှကတော့ မှတ်မိသလောက်ရေးပြတာ ပြည့်စုံမှာ မဟုတ်ဘူး။ အတိအကျလေ့လာချင်ရင်တော့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အခြေပြုပဋ္ဌာန်းတရားတော် စာအုပ်ကိုဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။
အကြောင်းတရားတွေ ညီညွတ်တဲ့အခါမှာ အကျိုးတရားတွေ အလိုလိုပေါ်လာတယ်ဆိုတာ အလွန့်အလွန်ထင်ရှားပါရက်နဲ့ သတိမမူကြလို့ အမှန်မမြင်ကြပဲ မိုက်မဲနေကြတာလေးလည်း သတိပေးချင်ပါတယ်။
ဖန်ဆင်းရှင်ဝါဒီတွေ အများစုက ကိုယ့်ဟာကို အိမ်ထောင်ကျလို့ သားရတနာ၊ သမီးရတနာ ထွန်းကားတာကိုလည်း ထာဝရတန်ခိုးရှင်ကြီးရဲ့ လက်ဆောင်တို့၊ ဘာတို့ ပြောချင်ကြသေးတယ်။ ကလေးရအောင် အားထုတ်ခဲ့တဲ့ ကိုယ့်ရဲ့ သတိ၊ ဝိရိယ၊ ဉာဏ် အစွမ်းတွေကိုလည်း သေးသိမ်စေတယ်။ ကိုယ့်ရင်က ဖွားတဲ့ ကိုယ့်သားကိုလည်း လက်ဆောင် ပစ္စည်းအဖြစ် နိမ့်ချပစ်ရာကျတယ်။
လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ သန္ဓေတည်စေခြင်းဆိုတဲ့ အကျိုးတရားမှာလည်း လိုအပ်တဲ့ အထောက်အပံ့အကြောင်းတရားတွေက များစွာရှိပါတယ်။ ဆေးပညာလေ့လာရင်လည်း သိနိုင်ပါတယ်။ ပိဋကတ်တော်တွေမှာလည်း အတိအကျတွေ ပြဆိုထားပါတယ်။ အကြောင်းတရားတွေ စုံလင်ရင် သန္ဓေသားဖြစ်ထွန်းပါမယ်။ အကြောင်းတရားတွေ မပြည့်စုံရင် သန္ဓေသားဖြစ်ထွန်းမှာ မဟုတ်ပါဘူး။ ဒီနေ့ခေတ်ပညာတတ်နေတဲ့ မိသားစုတွေ ကြည့်ပါ။ လူမျိုးဘာသာမရွေး ကိုယ့်မိသားစုရှေ့ရေး ကိုယ့်ဟာကိုယ် စိတ်ကြိုက်ကိုင်တွယ်နေပါတယ်။ ကလေးမလိုချင်သေးရင် သန္ဓေမထွန်းကားအောင် တားဆီးထားပါတယ်။ ဘုရားသခင်လေး, ခင်မျာ၊ အလ္လာအရှင်မြတ်လေး, ခင်မျာ ဘယ်လောက်ပဲ လက်ဆောင်ပေးချင်သော်လည်း ငါတို့ကတားထားလို့ မပေးနိုင်ရှာတော့ဘူး လို့များ ပြောကြဦးမှာလား။ အကြောင်းတရားနဲ့ အကျိုးတရားတွေပါလားလို့ လက်ခံကြမလား။
သဘာဝတရားရဲ့ သူ့သဘောသူဆောင်ပြီး အကြောင်းအကျိုးဆက်စပ်လို့ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို ဘာလာလာ ထာဝရတည်သော တန်ခိုးရှင်ကြီး အလိုတော်ကျလို့ နေရာတကာပြောပြောနေတာဟာလည်း ကိုယ့်ဘုရားကိုယ်စော်ကားရာ ကျနေတယ်ဆိုတာ သတိထားမိသင့်ပါတယ်။ သဘာဝဖြစ်စဉ်တွေက ကောင်းတဲ့ ဖြစ်စဉ်တွေရှိသလို၊ မကောင်းတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။ သဘာဝအတိုင်း မြစ်ရေတွေအောင်လို့ စိုက်ပျိုးရေတွေကောင်းတာကို အလ္လာအရှင်မြတ် ကျေးဇူးတော်ကြောင့်လို့ဆိုတော့၊ တခါတလေ ရေကြီးလို့များ ရွာသားတွေသေရင် အလ္လာအရှင်မြတ်ကြောင့်လို့ ပြောရပြန်ပြီ။ အလ္လာအရှင်မြတ်ဟာ အလိုလိုနေရင် တရားခံ အကြီးစားဖြစ်သွားပြီ။
ချမ်းသာကြွယ်ဝတဲ့ ဇနီးမောင်နံမှာ သားရနာထွန်းကားလာတော့ ဘုရားသခင့် လက်ဆောင်လို့ ပြောချင်ကြတယ်၊ စားစရာတောင် မပြည့်ဝတဲ့ မိသားစု နှစ်စဉ်ကလေးမွေးတဲ့အခါ ဘုရားသခင်ကလည်း အလိုက်မသိဘူးကွယ် လိုချင်လည်း မလိုချင်လည်း လက်ဆောင်တွေ ပေးပေးနေတော့တာပဲ- လို့ပြောစရာဖြစ်လာတယ်။
သဘာဝရဲ့ ရတနာပုံကြီးတွေကို ဘုရားသခင်ကြောင့်လို့ ပြောရင်းကနေ၊ သဘာဝတရားကြီးရဲ့ မစင်ပုံကြီးတွေပေါ် ဘုရားသခင်ကို ခွထိုင်ခိုင်းမိသလို ဖြစ်ဖြစ်ကုန်ကြတယ်။ သတိထား သင့်လှပါတယ်။ အကြောင်းအကျိုး ဆက်စပ်တဲ့ ပညာမရှိရင် ကိုယ်လေးစား ကြည်ညိုရာပုဂ္ဂိုလ်တွေကို စော်ကားမိသလို ဖြစ်စေနိုင်တာမို့ အကြောင်းအကျိုးဆက်စပ်တဲ့ ပညာဉာဏ် ရအောင် ဆည်းပူးကြဖို့ တိုက်တွန်းပါတယ်။ ပိဋကတ်တော်မှ ပဋိစ္စသမုပ္ပာဒ် ဒေသနာလေ့လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
(ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်ဟာ အလွန်ခက်ခဲ နက်နဲ လှပါတယ်။ ဗုဒ္ဓဘာသာများသာမက၊ ဘာသာခြားများပါ အလွယ်တကူ လက်ခံနိုင်မယ် ထင်တဲ့ အပိုင်းလေးကို ရွေးပြီး အပေါ်ယံ သဘောလေး ပြောပြထားတာပါ။ အသေအခြာနားလည်ဖို့ဆိုရင် တတ်ကျွမ်းတဲ့ ဆရာတော်ကြီးများရဲ့ အဆုံးအမတွေကို လေ့လာသင့်ပါတယ်။ ကျွန်တော့် ရှင်းပြချက်လေးလောက်ကိုကြည့်ပြီး ပဋိစ္စသမုပ္ပာဒ်တရားတော်ကို တိမ်တိမ်လေး လွယ်လွယ်လေး ထင်သွားမှာစိုးရိမ်လို့ပါ။)
ပဋိစ္စသမုပ္ပာဒ် ဒေသနာ လွှမ်းပတ်ကမ္ဘာတည်ပါစေ။
မိစ္ဆာအယူမှား သူငါအများ ကင်းဝေးကြပါစေ။

ရုပ်နာမ်နှစ်ပါး ပွားများဆင်ခြင်ရန်
၁။ ဤကိုယ်ကာယ၊ တစ်လံမျှ၌၊ နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏၊ နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍၊ ဤကားလိပ်ပြာ၊ ဤကားငါနှင့်၊ ဤမှာဇီဝ၊ ဤအတ္တဟု၊ ညွှန်ပြဖွယ်ရာ၊ မရှိပါသည်၊ ခန္ဓာနာမ်ရုပ်မျှပါတကား။
၂။ နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း၊ ရှည်လျားကာလ၊ မတည်ကြဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၍၊ နှိပ်စက်ခြင်းရာ၊ လိုမပါဘူး၊ သဘာဝအား၊ ဤသုံးပါးကြောင့်၊ ဖြစ်ပွားသမျှ အနိစ္စသည်၊ ဒုက္ခ+အနတ္တပါတကား။ (အဘိဓဇ မဟာရဋ္ဌဂုရု-မင်းကွန်းဆရာတော်)
ကိုယ်ခန္ဓာသည် ရုပ်ကလာပ်စည်းများဖြင့် ဖွဲ့စည်းထား၏။ စိတ်စေတသိတ်များကို နာမ်ဟုခေါ်၏။
အထက်ဖော်ပြပါ အချက်တွေနဲ့ ဆောင်ပုဒ်လေးကတော့ ဗုဒ္ဓဝါဒရဲ့ အယူကိုတင်ပြခြင်းပါ။ ဒီတိုင်းလက်ခံသင့်တယ်လို့ ဇွတ်အတင်း မတိုက်တွန်းလိုပါဘူး။ လက်မခံနိုင်က ငြင်းပယ်နိုင်ကြပါတယ်။ ဒါပေမဲ့ အခုဆက်ပြီး ရှင်းပြမယ့် ပဋိစ္စသမုပ္ပာဒ်ကိုတော့ ငြင်းနိုင်ကြလိမ္မယ် မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။
အတိတ်ဘဝ၊ အနာဂါတ်ဘဝ ဆိုတဲ့ အယူအဆတွေက ဘာသာတရားတစ်ခုနဲ့ တစ်ခု ကွဲလွဲမှုတွေရှိပါတယ်။ မတူတာတွေ လျောက်ပြောနေရင် ဘုံသဘောတူညီချက်တစ်ခု ရဖို့မလွယ်ပါဘူး။ ဘာမှ အကျိုးကျေးဇူးမရှိပဲ အငြင်းပွားခြင်း သက်သက်နဲ့ အချိန်ကုန်နေပါ့မယ်။ အဲဒါကြောင့် ပဋိစ္စသမုပ္ပာဒ်ဒေသနာထဲက လက်ရှိဘဝနဲ့ ပတ်သက်တဲ့ အပိုင်းလေးကိုပဲ နားလည်သလို ရှင်းပြချင်ပါတယ်။ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ စက်ဝိုင်းဒေသနာအရပြောရရင် ဒုတိယအကွက်နဲ့ တတိယ အကွက်ထဲက အင်္ဂါအချို့ကို ရှင်းပြပါ့မယ်။
သဠာယတန ကြောင့် ဖဿ ဖြစ်တယ်။
ဖဿ ကြောင့် ဝေဒနာ ဖြစ်တယ်။
ဝေဒနာ ကြောင့် တဏှာဖြစ်တယ်။
တဏှာကြောင့် ဥပါဒါန် ဖြစ်တယ်။
ဥပါဒါန် ကြောင့် ကမ္မဘဝ ဖြစ်တယ်။
စသဖြင့် ဆိုထားပါတယ်။
ပါဠိလိုတွေဖြစ်နေတော့ နားလည်ရခက်နေပါလိမ္မယ်။ မြန်မာလို နားလည်လွယ်အောင် ဆက်ပြောပါ့မယ်။
သဠာယတန ကြောင့် ဖဿ ဖြစ်တယ်။
သဠဆိုတာ ၆ ပါ။ အာယတန ဆိုတာ အာရုံကို ခံစားတတ်တဲ့ အင်္ဂါတွေပါ။ ဖဿဆိုတာ တိုက်ခတ်ထိတွေ့တဲ့ သဘောပါ။ အာရုံခံစားတတ်သော အင်္ဂါ ၆-ခု (မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ကြောင့် တိုက်ခတ်တဲ့ ထိတွေ့တဲ့သဘော့ ဖဿ ဖြစ်ရတယ်လို့ ဆိုထားတာပါ။ မျက်စေ့ဆိုတဲ့ အာယတန ရှိလို့ အပြင်က အဆင်းဆိုတဲ့ အာရုံနဲ့ တိုက်ခတ်တဲ့ ထိတွေ့တဲ့ သဘော ဖဿ ဖြစ်တယ်လို့ဆိုချင်တာပါ။
ဖဿ ကြောင့် ဝေဒနာ ဖြစ်တယ်။
ဝေဒနာဆိုတာ ခံစားတဲ့ သဘောပါ။ ထိတွေ့ခြင်းကြောင့် ခံစားခြင်း ဝေဒနာ ဖြစ်ရတယ်လို့ ဆိုချင်တာပါ။ နှစ်သက်တာကို မြင်ရင် ကောင်းတဲ့ ခံစားမှု သုခဝေဒန ကိုဖြစ်စေပြီး၊ မနှစ်သက်တဲ့အရာကို မြင်ရင်တော့ မကောင်းတဲ့ ခံစားမှု ဒုက္ခဝေဒနာ ဖြစ်ပါတယ်။ နှစ်သက်တယ်၊ မနှစ်သက်ဘူး အထူးပြောစရာ မလိုတဲ့ အရာကိုတွေ့ရင် ကောင်/မကောင်း မထင်ရှားတဲ့ ခံစားမှု ဥပေက္ခာဝေဒနာကို ဖြစ်စေနိုင်ပါတယ်။
ဝေဒနာ ကြောင့် တဏှာဖြစ်တယ်။
တဏှာဆိုတာက လိုချင်တဲ့ သဘောပါ။ ခံစားခြင်း ဝေဒနာကနေ လိုချင်ခြင်းဆိုတဲ့ တဏှာကို ဖြစ်စေပါတယ်။
တဏှာကြောင့် ဥပါဒါန် ဖြစ်တယ်။
ဥပါဒါန်က စွဲလမ်းခြင်းပါ။ လိုချင်ခြင်း တဏှာကနေပြီး စွဲလမ်းခြင်း ဥပါဒါန်ကို ဖြစ်စေပါတယ်။
ဥပါဒါန် ကြောင့် ကမ္မဘဝ ဖြစ်တယ်။
ကမ္မဘဝ ဆိုတာကတော့ ရရှိအောင်အားထုတ်ကြိုးပန်းခြင်း ပါ။ စွဲလမ်းခြင်း ဥပါဒါန်ကြောင့် ရရှိအောင်ကြိုးပမ်းခြင်း ကမ္မဘဝကိုဖြစ်စေပါတယ်။
အခုအထက်ကရှင်းထားသမျှကို ကြည့်ရင် ဗုဒ္ဓဘာသာဝင် ဟုတ်သူရော မဟုတ်သူပါ အငြင်းပွားစရာ မရှိနိုင်လောက်ဘူးထင်ပါတယ်။ မျက်စေ့ဆိုတဲ့ အာယတန မရှိတဲ့လူကို အလွန်လိုချင်နှစ်သက်ဖွယ် အဆင်းခေါ်ပြပေမယ်လို့ အဆင်းဆိုတဲ့ အာရုံနဲ့ မျက်စေ့ဆိုတဲ့ အာယတနတို့ တိုက်ခတ်ခြင်းထိတွေ့ခြင်းမရှိတော့ မြင်တယ်ဆိုတဲ့ ခံစားမှုက ဘယ်လိုမှ ပေါ်မလာတော့ပါဘူး။ ခံစားမှုမှ မပေါ်လာရင် ဘယ်လိုပင်လှပတဲ့ အဆင်းဖြစ်နေသော်လည်း နှစ်သက်ခြင်းတဏှာ စွဲလန်းခြင်း ဥပါဒါန်တို့လည်း မဖြစ်နိုင်တော့ပါဘူး။ စွဲလမ်းခြင်းဥပါဒါန်မရှိတော့ ကမ္မဘဝဆိုတဲ့ ရရှိအောင်ကြိုးပမ်းခြင်းအမှုကိုလည်း သူပြုမှာ မဟုတ်တော့ပါဘူး။ ဒါက မျက်စေ့ချို့ယွင်းနေသူ တစ်ယောက်အတွက် ဖြစ်မလာနိုင်တော့တဲ့ ဖြစ်စဉ်တစ်ခုကို ပြောပြတာပါ။ ပဋိစ္စသမုပ္ပာဒ်ရဲ့ထွက်မြောက်ရာလမ်း ဒုက္ခအေးစေတဲ့လမ်းမဟုတ်ပါဘူး။ ဒုက္ခအေးစေတဲ့ ပဋိစ္စသမုပ္ပာဒ် ထွက်လမ်းကတော့ ဆရာတော်ကြီးတွေ ဟောပြောမှုကို လေ့လာ ဖတ်ရှုတာပိုကောင်းပါလိမ္မယ်။
ဒီနေရာမှာပြောချင်တာက အားလုံးသော ဓမ္မတွေဟာ သူ့ဟာနဲ့သူ အကြောင်းကြောင့် အကျိုးတွေဖြစ်ပေါ်နေတာ၊ ဘယ်သူမှ အထူးဖန်ဆင်းနေတာ မဟုတ်ဘူး၊ ဘယ်တန်ခိုးရှင်မှ ပိတ်ပင်တားဆီးလို့လည်း မရဘူး၊ ဆိုတဲ့ အချက်တွေပါပဲ။ လိုအပ်တဲ့ အထောက်အပံ့အကြောင်းတရားတွေ စုံလင်ရင် အကျိုးတရားတွေ ဖြစ်ပေါ်လာမယ်။ အကြောင်းတရားတွေ မပြည့်စုံရင် အကျိုးတရားတွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ ဒါပဲ အဖြေထွက်ပါတယ်။
အဲလို ပဋိစ္စသမုပ္ပာဒ် အမြင်တွေရှင်းရင်
တောင်တော်အီအီ လျေက်တွေးရာက နေပေါ်လာတဲ့၊
ရှေးလူကြီးသူမတွေ ပြောသမျှ အလွယ်မှတ်ထားတဲ့၊
ကျမ်းကြီးကျမ်းခန့်တွေမှာ ဖော်ပြထားတဲ့... မိစ္ဆာဒိဋ္ဌိအယူတွေကို ပါးပါးသွားအောင် တတ်နိုင်ပါတယ်။
လယ်တီဆရာတော်ဘုရားကြီးရဲ့ မိစ္ဆာအယူအမျိုးမျိုးကို နှိမ်နှင်းအောင်မြင်နိုင်တာ ပဋိစ္စသမုပ္ပာဒ်ဒေသနာသာလျှင်ဖြစ်တယ်- ဆိုတဲ့ အဆုံးအမဟာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ မိမိတို့ဘဝရှေ့ရေးအတွက် သံသရာ အရေးအတွက် အလေးထားသင့်တဲ့ အဆုံးအမဖြစ်လို့ ဘာသာခြား ညီအစ်ကိုမောင်နှမများကို ပဋိစ္စသမုပ္ပာဒ်ဒေသနာ လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။
သဘာဝတရားအရ အကြောင်းညီညွတ်ရင် အကျိုးပေါ်လာတာပဲဆိုတာကို၊ ဘယ်တန်ခိုးရှင်မှ ပိတ်ပင်လို့ ဖန်တီးလို့ မရနိုင်ဘူးဆိုတာကို နည်းနည်းထပ်ရှင်းချင်ပါတယ်။ ပဋ္ဌာန်းဒေသနာမှာလာရှိတဲ့ မြင်သိစိတ် ဖြစ်ပေါ်ပုံလေးကို တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသစာအုပ်ထဲက မှတ်မိသလောက်လေး တင်ပြလိုက်ပါတယ်။
ဆရာတော်က မြင်သိစိတ် ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့ အထောက်အပံ့အကြောင်းတရားတွေကို စုံလင်အောင် ဂဏန်းချပြီး ရှင်းထားပါတယ်။
- ကြည့်ရှုစရာ ရူပါရုံဆိုတဲ့ အဆင်းလည်းရှိရမယ်၊
- မြင်နိုင်တဲ့ မျက်လုံးလည်းရှိရမယ်၊
- ပြင်ပအထောက်အပံ့ဖြစ်တဲ့ လုံလောက်တဲ့ အလင်းဓာတ်လည်းရှိရမယ်၊
- အဆင်းအာရုံကို မျက်စေ့ထိရောက်အောင် ဆောင်နိုင်တဲ့ ကြားခံနယ်သဘော (ဝေါဟာရအနေနဲ့ အာကာသလို့များ သုံးထားလားမသိဘူး။ အတိအကျ အမှတ်မိတော့ဘူး။) လည်းရှိရမယ်၊
- နှလုံးသွင်းခြင်းလည်းရှိရမယ်… စသဖြင့်ရေတွက်ပြထားတယ်။
ဖော်ပြခဲ့တဲ့ အကြောင်းတရား အထောက်အပံ့တွေစုံလင်ရင် မြင်သိစိတ်က ဖြစ်ပေါ်တော့တာပဲ။ ဘယ်သူကမှ ဖန်ဆင်းပေးဖို့မလိုဘူး၊ ဖြစ်မလာအောင် ပိတ်ပင်တားဆီးဖို့လည်း ဘယ်တန်ခိုးရှင်မှ မတတ်နိုင်ဘူး။ (ဆရာတော်ကြီးစကားအတိုင်းပြောရရင် ဘုန်းကြီးတို့ သဗ္ဗညုတရွှေဉာဏ်တော်အရှင် သမ္မာသမ္ဗုဓ္ဓဘုရားတောင် မတတ်နိုင်မှ ဘယ်သူတတ်နိုင်ဦးမှာလဲ။) အထောက်အပံ့အကြောင်းတရားတွေ မပြည့်စုံရင်လည်း မြင်သိစိတ်က ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး။ အဲဒီစိတ်ပေါ်လာအောင် ဘယ်သူဖန်ဆင်းပေးလို့မှ မရဘူး။
ကျွန်တော်ပြောခဲ့တာ သိပ္ပံနည်းကျပဲ။ ခေတ်ပညာတတ်တဲ့လူဆိုရင် ဘာမှ အထူးငြင်းစရာမရှိလောက်တော့ဘူး။ ဒါတောင်မှ ဖြစ်ပေါ်လာတဲ့ မြင်သိစိတ်ကလေးက အလ္လာအရှင်မြတ်ရဲ့ကျေးဇူပါ၊ ဘုရားသခင်ဖန်ဆင်းတာပါ ဆိုပြီး ကျေးဇူးရှင်ရှာချင်သေးရင်တော့လည်း ကိုယ့်မိုက်မဲမှုနဲ့ ကိုယ်လို့ပဲ ပြောရတော့မယ်။ ရေးထားသမျှကတော့ မှတ်မိသလောက်ရေးပြတာ ပြည့်စုံမှာ မဟုတ်ဘူး။ အတိအကျလေ့လာချင်ရင်တော့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အခြေပြုပဋ္ဌာန်းတရားတော် စာအုပ်ကိုဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။
အကြောင်းတရားတွေ ညီညွတ်တဲ့အခါမှာ အကျိုးတရားတွေ အလိုလိုပေါ်လာတယ်ဆိုတာ အလွန့်အလွန်ထင်ရှားပါရက်နဲ့ သတိမမူကြလို့ အမှန်မမြင်ကြပဲ မိုက်မဲနေကြတာလေးလည်း သတိပေးချင်ပါတယ်။
ဖန်ဆင်းရှင်ဝါဒီတွေ အများစုက ကိုယ့်ဟာကို အိမ်ထောင်ကျလို့ သားရတနာ၊ သမီးရတနာ ထွန်းကားတာကိုလည်း ထာဝရတန်ခိုးရှင်ကြီးရဲ့ လက်ဆောင်တို့၊ ဘာတို့ ပြောချင်ကြသေးတယ်။ ကလေးရအောင် အားထုတ်ခဲ့တဲ့ ကိုယ့်ရဲ့ သတိ၊ ဝိရိယ၊ ဉာဏ် အစွမ်းတွေကိုလည်း သေးသိမ်စေတယ်။ ကိုယ့်ရင်က ဖွားတဲ့ ကိုယ့်သားကိုလည်း လက်ဆောင် ပစ္စည်းအဖြစ် နိမ့်ချပစ်ရာကျတယ်။
လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ သန္ဓေတည်စေခြင်းဆိုတဲ့ အကျိုးတရားမှာလည်း လိုအပ်တဲ့ အထောက်အပံ့အကြောင်းတရားတွေက များစွာရှိပါတယ်။ ဆေးပညာလေ့လာရင်လည်း သိနိုင်ပါတယ်။ ပိဋကတ်တော်တွေမှာလည်း အတိအကျတွေ ပြဆိုထားပါတယ်။ အကြောင်းတရားတွေ စုံလင်ရင် သန္ဓေသားဖြစ်ထွန်းပါမယ်။ အကြောင်းတရားတွေ မပြည့်စုံရင် သန္ဓေသားဖြစ်ထွန်းမှာ မဟုတ်ပါဘူး။ ဒီနေ့ခေတ်ပညာတတ်နေတဲ့ မိသားစုတွေ ကြည့်ပါ။ လူမျိုးဘာသာမရွေး ကိုယ့်မိသားစုရှေ့ရေး ကိုယ့်ဟာကိုယ် စိတ်ကြိုက်ကိုင်တွယ်နေပါတယ်။ ကလေးမလိုချင်သေးရင် သန္ဓေမထွန်းကားအောင် တားဆီးထားပါတယ်။ ဘုရားသခင်လေး, ခင်မျာ၊ အလ္လာအရှင်မြတ်လေး, ခင်မျာ ဘယ်လောက်ပဲ လက်ဆောင်ပေးချင်သော်လည်း ငါတို့ကတားထားလို့ မပေးနိုင်ရှာတော့ဘူး လို့များ ပြောကြဦးမှာလား။ အကြောင်းတရားနဲ့ အကျိုးတရားတွေပါလားလို့ လက်ခံကြမလား။
သဘာဝတရားရဲ့ သူ့သဘောသူဆောင်ပြီး အကြောင်းအကျိုးဆက်စပ်လို့ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို ဘာလာလာ ထာဝရတည်သော တန်ခိုးရှင်ကြီး အလိုတော်ကျလို့ နေရာတကာပြောပြောနေတာဟာလည်း ကိုယ့်ဘုရားကိုယ်စော်ကားရာ ကျနေတယ်ဆိုတာ သတိထားမိသင့်ပါတယ်။ သဘာဝဖြစ်စဉ်တွေက ကောင်းတဲ့ ဖြစ်စဉ်တွေရှိသလို၊ မကောင်းတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။ သဘာဝအတိုင်း မြစ်ရေတွေအောင်လို့ စိုက်ပျိုးရေတွေကောင်းတာကို အလ္လာအရှင်မြတ် ကျေးဇူးတော်ကြောင့်လို့ဆိုတော့၊ တခါတလေ ရေကြီးလို့များ ရွာသားတွေသေရင် အလ္လာအရှင်မြတ်ကြောင့်လို့ ပြောရပြန်ပြီ။ အလ္လာအရှင်မြတ်ဟာ အလိုလိုနေရင် တရားခံ အကြီးစားဖြစ်သွားပြီ။
ချမ်းသာကြွယ်ဝတဲ့ ဇနီးမောင်နံမှာ သားရနာထွန်းကားလာတော့ ဘုရားသခင့် လက်ဆောင်လို့ ပြောချင်ကြတယ်၊ စားစရာတောင် မပြည့်ဝတဲ့ မိသားစု နှစ်စဉ်ကလေးမွေးတဲ့အခါ ဘုရားသခင်ကလည်း အလိုက်မသိဘူးကွယ် လိုချင်လည်း မလိုချင်လည်း လက်ဆောင်တွေ ပေးပေးနေတော့တာပဲ- လို့ပြောစရာဖြစ်လာတယ်။
သဘာဝရဲ့ ရတနာပုံကြီးတွေကို ဘုရားသခင်ကြောင့်လို့ ပြောရင်းကနေ၊ သဘာဝတရားကြီးရဲ့ မစင်ပုံကြီးတွေပေါ် ဘုရားသခင်ကို ခွထိုင်ခိုင်းမိသလို ဖြစ်ဖြစ်ကုန်ကြတယ်။ သတိထား သင့်လှပါတယ်။ အကြောင်းအကျိုး ဆက်စပ်တဲ့ ပညာမရှိရင် ကိုယ်လေးစား ကြည်ညိုရာပုဂ္ဂိုလ်တွေကို စော်ကားမိသလို ဖြစ်စေနိုင်တာမို့ အကြောင်းအကျိုးဆက်စပ်တဲ့ ပညာဉာဏ် ရအောင် ဆည်းပူးကြဖို့ တိုက်တွန်းပါတယ်။ ပိဋကတ်တော်မှ ပဋိစ္စသမုပ္ပာဒ် ဒေသနာလေ့လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
(ပဋိစ္စသမုပ္ပာဒ်ဒေသနာတော်ဟာ အလွန်ခက်ခဲ နက်နဲ လှပါတယ်။ ဗုဒ္ဓဘာသာများသာမက၊ ဘာသာခြားများပါ အလွယ်တကူ လက်ခံနိုင်မယ် ထင်တဲ့ အပိုင်းလေးကို ရွေးပြီး အပေါ်ယံ သဘောလေး ပြောပြထားတာပါ။ အသေအခြာနားလည်ဖို့ဆိုရင် တတ်ကျွမ်းတဲ့ ဆရာတော်ကြီးများရဲ့ အဆုံးအမတွေကို လေ့လာသင့်ပါတယ်။ ကျွန်တော့် ရှင်းပြချက်လေးလောက်ကိုကြည့်ပြီး ပဋိစ္စသမုပ္ပာဒ်တရားတော်ကို တိမ်တိမ်လေး လွယ်လွယ်လေး ထင်သွားမှာစိုးရိမ်လို့ပါ။)
ပဋိစ္စသမုပ္ပာဒ် ဒေသနာ လွှမ်းပတ်ကမ္ဘာတည်ပါစေ။
မိစ္ဆာအယူမှား သူငါအများ ကင်းဝေးကြပါစေ။

0 comments:
Post a Comment