စည်တော်ကြီးများကို တီးခတ်လိုသည်
ဖိုရမ်ကပို့စ်လေးပဲ တင်လိုက်ပါတယ်။ အပြည့်အစုံကို ဒီမှာဖတ်နိုင်ပါတယ်။ အခြားဆွေးနွေးဖက်တွေရဲ့ စာတွေကိုပါ စိတ်ဝင်စားစရာတွေရပါမယ်။ အချိန်ရမယ်ဆိုရင် စိတ်လည်းဝင်စားကြရင် ဖိုရမ်မှာ သွားဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
*cutie16os* ကတော့ လုပ်ချလိုက်ပြန်ပြီ
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လို့ ပြောစကားများမှာ ဗုဒ္ဓဝါဒကို အကောင်းပြောပါတယ်။ အတင်းအဓမ္မသဘောလို့ စွပ်စွဲလောက်စရာတွေတော့ မရှိပါ။
သဒ္ဓါ တရားကောင်းတယ်လို့ ဆိုခဲ့ခြင်း အမွှမ်းတင်ခဲ့ခြင်းမဟုတ်ပါ။
သဒ္ဓါအားကောင်းသည်လို့ ဆိုခဲ့ခြင်းပါ။ သေခြာမဖတ်လို့နားလည်မှုလွဲတာပါ။
အဓိပ္ပာယ် ၂-ခု ခြားနားလွန်းပါတယ်။
သဒ္ဓါအားကောင်းတယ်ဆိုတာ တနည်းအားဖြင့် ပညာအားနည်းတယ်လို့ အပြစ်တင်ခဲ့ခြင်းဖြစ်ပါတယ်။
သဒ္ဓါတရားအားကောင်းခြင်းက ဘာသာခြားများ အထင်သေးစရာပင် ဖြစ်တတ်ကြောင်း ထည့်ရေးထားသေးပါတယ်။ သဒ္ဓါတရားကောင်းတယ်လို့ အမွှမ်းတင်ခြင်းမဟုတ်ပဲ။ အားဆိုတဲ့ ပုဒ်တစ်ခုကြောင့် ပညာအားနည်းခြင်းအတွက် အပြစ်တင်ခြင်းဖြစ်တယ်ဆိုတာ ပြန်ဖတ်ကြည့်ရင်နားလည်ပါလိမ္မယ်။
ကိုယ်နဲ့မတူသူတွေကို နားလည်မပေးတတ်တာ လူ့သဘာဝပါ။ အဲဒါကြောင့် နိမ်ချင်ကြ ရှုံ့ချချင်ကြတာ ဖြစ်မယ်ထင်တယ်။ ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေအရ တိုက်ခိုက်ဖို့ စိတ်မကူးသလို နှိမ်ချင်စိတ်မရှိပါ။ ဖြစ်နိုင်ရင် အားလုံးတန်းတူရေးအတွက် တတပ်တအား ပါဝင်ပြီး ဆောင်ရွက်ပေးလိုပါတယ်။ ပုဂ္ဂိုလ်ရေအရ ရှုံ့ချဖို့ စိတ်မဝင်စားပါ။ သူတို့မှာရှိတဲ့ ယုံကြည်မှုတရားကို နားလည်ပေးနိုင်အောင်သာ လိုအပ်တဲ့ လေ့လာမှုတွေ လုပ်နေပါတယ်။
မြန်မာအသိုင်းအဝိုင်းမှာ ဗုဒ္ဓဘာသာဝင်ကများနေလို့ များနေတယ် ပြောခဲ့တယ်။ များနေလို့ အားလုံးလက်ခံသင့်တယ်လို့ မဆိုခဲ့ပါ။
ဓမ္မလက်ဆောင်ပေးစရာတွေ အနေနဲ့ အခြားဘာသာအားလုံးနဲ့ယှဉ်ရင် ဗုဒ္ဓဘာသာက ပိုများတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါ။ များနေလို့ များနေတယ် ပြောခဲ့ပါတယ်။ များနေတာကို အမှန်တရားအဖြစ် လက်ခံသင့်တယ်လို့ မလှုံ့ဆော်ခဲ့ပါ။
များတာကိုများတယ်။ နည်းတာကိုနည်းတယ် ပြောတာတော့ လက်ခံသင့်ပါတယ်။ ကျွန်တော့်ဘက်လည်း မရက်သလို၊ လူများဘက်ကိုလည်း မကန်ပါ။ အရှိကို အရှိအတိုင်း ပြောခြင်းပါ။ ဗုဒ္ဓဘာသာ တော့ပစ်တွေ စည်ကားနေတာကို *cutie16os* ကပြောခဲ့လို့ ကျွန်တော်က အကြောင်းရင်း ကူညီရှာဖွေ စဉ်းစားပေးခြင်းမျှပါ။
ကိုယ်တိုင်မမြင်ဖူးသေးရင် အရောက်ပို့ပေးပါမယ်။ ပလန်းနက်ဖိုရမ်ထဲမှာပါ။ အစၥလာမ္ဘာသာဝင္မ်ားက
၁) တမန်တော် ရှင်ပေါလုကို ယောက်ျားမပီသသူ အခြောက်ကြီးဖြစ်နိုင်သည် လို့ဆိုနေပါတယ်။
၂) သမ္မာကျမ်းစာကို မသမ္မာကျမ်းစာလို့ ဆိုနေပါတယ်။
၃) ရမ်းကားကြမ်းကျုတ်လှသေ ယေရှု၏ နောက်လိုက်များအဖြစ် ယနေ့ကမ္ဘာပေါ်မှ ခရစ်ယာန်ဘာသာဝင်အားလုံးကို ရည်ရွယ်ပြီး တော့ပစ်သီးခြားတင်ကာ ဆဲဆိုနေကြပါတယ်။
ခရစ်ယာန်ဘာသာဝင် အချို့ကလည်း အစ္စလာမ်တို့၏ တမန်တော်မြတ်ကို၊ ကျမ်းမြတ်ကို အထက်က လူများထက် ပိုပြီးထိရောက်သော စကားလုံးများနဲ့ ပြန်ဆဲနေကြပါတယ်။
ပက်ပက်စက်စက် ပြောနေကြပါတယ်။ မယုံကြည်ရင် ကိုယ်တိုင်လေ့လာကြည့်လို့ရပါတယ်။
အဲဒါတော့ မပြောတတ်ပါ။ လက်တွေ့ကွင်းဆင်းလေ့လာ စာရင်းကောက်မှ အနည်းအများက သိနိုင်မှာပါ။
အစ္စလာမ်နဲ့ ခရစ်ယာန်ကို ရန်တိုက်ပေးနေခြင်းမဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်တွေသာ ရမ်းကားနေကြတယ်ဆိုတဲ့ အမြင်မျိုး ဖြစ်နေကြမှာစိုးလို့ ရှင်းနေရတာပါ။ ရမ်းကားတဲ့သူ၊ ယဉ်ကျေးတဲ့သူ ဘာသာတရားတိုင်းမှာ ရှိမှာပါ။
လက်လည်းခံမခိုင်းပါ။ ကျွန်တော့်စာကို သေခြာဖတ်ဖို့သာပြောပါရစေ။ ကျွန်တော်ရေးခဲ့တာက ဗုဒ္ဓဘာသာဝင်တွေ ဒီလိုမစော်ကားပါဘူးလို့ ကျွန်တော်အာမ၊ မခံနိုင်ကြောင်းသာ ပြောခဲ့ပါတယ်။ မိမိကိုယ်တိုင်မှ လွဲ၍ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အာမ၊ မခံနိုင်ပါ။ တာဝန်လည်းမရှိပါ။ စော်ကားမိုကရိုင်းသူများ ရှိပါလိမ္မယ်။ ဒါပေမဲ့ အဲလိုမိုက်ရိုင်းမှုမျိုးကို ဗုဒ္ဓဝါဒက အားမပေးပါ။
အထက်ကစကားကို မည်သူပြောပြော ကန့်ကွက်ပါတယ်။ ကျွန်တော့်သဘောအရ ဘယ်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ လူတစ်ယောက်ရဲ့ လူဂုဏ်သိက္ခာကျမသွားပါ။ ဘာသာမဲ့ပင်ဖြစ်ပါစေ။ လူဟာလူပဲ ဖြစ်တယ်လို့ အခိုင်အမာ လက်ခံထားပါတယ်။
လူတွေခံယူနေကြတဲ့ အယူအဆတွေကို ပြောရင် ငြင်းစရာမရှိပါ။ ဒါပေမဲ့ *cutie16os* ပြောခဲ့တုန်းက ဘာသာတိုင်းမှာလို့ သုံးခဲ့တာပါ။ အဲလိုဆိုတော့ ဗုဒ္ဓဘာသာပါ ပါသွားပါတယ်။ ဗုဒ္ဓဝါဒမှာ အကောင်းလည်းရှိ အဆိုးလည်းရှိလို့ အထောက်အထားမပါပဲ ပြောလာရင်တော့ ကန့်ကွက်လိုပါတယ်။ ဗုဒ္ဓဝါဒရဲ့ ကျမ်းစာတွေမှာ အဆိုးမရှိနိုင်ဘူးလို့ အခိုင်အမာယုံကြည် နေလို့ပြောခဲ့တာပါ။ ဆိုးဝါးတဲ့ အဆုံးအမတွေတွေ့ရင် ထုတ်နှုတ်ဝေဖန်နိုင်ပါတယ်။
ဒါပေမဲ့ အားလုံးသောလူတွေကို ဒီအတိုင်း လက်ခံကြပါလို့ တောင်းလည်း မတောင်းဆိုသလို ဇွတ်အတင်းလည်း အဆိုမတင်သွင်းပါ။ နားလည်သဘောတူရင် လက်ခံနိုင်သလို၊ သဘောမတူရင် ငြင်းကြပါ။ စိတ်ဝင်စားရင် လေ့လာပါ။ ဒီထက်ပိုပြီး *cutie16os* စွပ်စွဲသလို ဇွတ်၊ အတင်း၊ အဓမ္မ လို့ ဆိုရလောက်အောင် ဘာမှ မရေးခဲ့ပါ။
ကျွန်တော့်သဘော့ကတော့ စာပေဝေဖန်ရေးအနေနဲ့ ပိဋကတ်၊ သမ္မာကျမ်း၊ ကုရ်အာန် အားလုံးကို ဝေဖန်ပိုင်ခွင့်ရှိသင့်တယ်လို့ မြင်တယ်။ ဒါမှလည်း ပြည့်ဝတဲ့ စာပေလွတ်လပ်ခွင့်ဖြစ်မှာပါ။ အထက်ကကျမ်းဂန်ကြီး တစ်ခုခုကို နိုင်ငံတစ်ခုခုက မဝေဖန်ရလို့ ကန့်သတ်ထားရင် အဲဒါ လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားဖြန့်ဝေပိုင်ခွင့်ကို ချိုးဖောက်တာပါပဲ။
အဲဒါကြောင့် အဲဒီကျမ်းတွေကို ဖတ်တယ်။ မြင်တဲ့ အတိုင်းလည်း ဝေဖန်တယ်။
ဝေဖန်နေတဲ့အချိန်မှာ စာပေဝေဖန်တယ်လိုပဲ သဘောထားတယ်။ အကောင်းတွေ ဆုံးမထားတာ သေခြာရဲ့လားလို့ လေ့လာပြီး မကောင်းတာတွေ တိုက်တွန်းထားရင် ထောက်ပြတယ်။ ဘယ်သူ့ဘက်မှာမှ ကျွန်တော်ရပ်တည်မနေလို့ တဖက်သတ်ဆန်စရာ မရှိဘူးလို့ မြင်တယ်။ တဖက်သတ်ကြီးဖြစ်နေတယ်။ တရားလက်လွတ်ပြောလွန်းတယ်ဆိုရင် ထောက်ပြဝေဖန်ပါ။ အကြောင်းနဲ့ အကျိုးနဲ့ ကျွန်တော်လွန်ကြောင်း ပြနိုင်ကြရင် ကျေးဇူးတင်ပါတယ်လို့ အကြောင်းပြန်ရင်း နောင်ကို တဖက်သတ် ဆန်မှုတွေ မဖြစ်ရအောင် သတိထားပါ့မယ်။
ဝါဒဖြန့်တယ်ဆိုတဲ့ စကားက မလှဘူး။ အတင်းအဓမ္မဆိုတာ ထပ်ထည့်တော့် ကျွန်တော့အခြေအနေ တော်တော်ဆိုးသွားတယ်။ ဗုဒ္ဓအဆုံးအမဟာ လောကအတွက် အကျိုးရှိတဲ့ အဆုံးအမတွေလို့ ယုံကြည်ထားတယ်။ အဲဒီဝါဒ ကျယ်ပြန့်လာရင် ကောင်းမှာပဲလို့ အမြဲတွေးတယ်။ ဒါပေမဲ့ မေးသူမရှိပဲ ဖြေပြီး တွေ့သမျှလူ လိုက်ပြောရလောက် ကျွန်တော် မျက်နှာမရူးပါဘူး။ မေးသူရှိလို့သာ အဖြေပေးခဲ့တာပါ။
ကျွန်တော်လိုလူဆီက အမှန်တရားအကြောင်းစုံစမ်းရင်တော့ ပိဋကတ်တော်နဲ့ မြန်မာဆရာတော်ကြီးများ မကိုးကားပဲနေမှာ မဟုတ်ဘူးဆိုတာကို *cutie16os* က သဘောပေါက်ထားသင့်တယ်။ ဒါပေမဲ့ ကျမ်းဂန်ထဲက စာပိုဒ်တွေ၊ ဆရာတော်ကြီးတွေရဲ့ အဆုံးအမတွေ ကော်ပီကူးပြီး မဖြန့်ဝေခဲ့ပါဘူး။ အမှန်တရားဆိုတာမှာ လက်နက်သဖွယ် အသုံးချနိုင်သော အမှန်တရားဆိုတော့ ပိုပြီး ကျယ်ကျယ်ဝန်းဝန်း ရှင်းဖို့လိုခဲ့ပါတယ်။ အဲဒါကြောင့် အများကြီးရေးခဲ့ရပါတယ်။
အဲဒါတွေကို တော့ပစ်လွဲနေတယ် ပြောရင်တော့ အမှန်တရားဆိုတာလေး သိချင်ပါတယ်လို့ မေးခဲ့သူက *cutie16os* ပါလို့ ပြန်ပြောရတော့မှာပဲ။
ဥပမာပြောမယ်။ ဝါဒရေးရာ ဆွေးနွေးနေသူ ၂-ယောက်မှာ တစ်ယောက်က မင်းတို့ဝါဒဟာ အကြမ်းဖက်ဝါဒကြီးပါကွာ။ အစွန်းရောက် အကြမ်းဖက်သမားတွေ သိပ်မွေးထုတ်တာပဲဆိုပြီး ရှင်းပြမနေပါနဲ့ ဒီတိုင်းလေးပဲ ထားလိုက်ပါလို့ ဆိုရင်…
အပြောခံရသူအနေနဲ့ ဘာလုပ်သင့်လဲ။ ဒီတိုင်းလေးပဲ နေလိုက်ရမှာလား။ ပြောသူကရော ရိုးသားမှုရှိရဲ့လား။
ဆင်းတုတော်ကိစ္စ ကြိုးစားပြီးဖြေရှင်းတာ ကျွန်တော့် စီးပွားမပါဘူး။ ဘာသာမတူသူတွေရဲ့ လုပ်ရပ်ကို နားလည်မပေးနိုင်တဲ့သူတွေအတွက် နားလည်မှုမွေးမြူနိုင်အောင် ကြိုးစာပြီးရှင်းတာပါ။ သိသာထင်ရှားတဲ့ အကြောင်းပြချက်လေးကြောင့် နားလည်မှုရသွားရင် နေရတာ သိပ်ကျေနပ်ဖို့ကောင်းတယ်။ အဲဒီကျေနပ်မှုလေး *cutie16os* ခံစားရပါစေတော့ဆိုပြီး အပင်ပန်းခံလုပ်ခဲ့တာ။ ဆင်းတုတော်ကိစ္စ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားရင် အစ္စလာမ်တွေ ဗုဒ္ဓဘာသာဘက်ပြောင်းလာကြမှာပဲလို့ မမျှော်လင့်ခဲ့ဘူး။ အဲလိုမျှော်လင့်ရင်လည်း အရူးဖြစ်သွားမှာပေါ့။ ရုပ်ပွားဆင်းတုတော်တွေကို အရိုအသေအလေးအမြတ်ပေးနေသူတွေကို မြင်တိုင်း အလ္လာအရှင်မြတ်ရဲ့ အမိန့်မနာခံတဲ့ ဒုစရိုက်ကောင်တွေလို့ မြင်ပြီး မိမိကိုယ်တိုင် လောကီပညာရေး၊ စီးပွားရေး ကိစ္စတွေမှာ လေးစားရသူအချို့ကို အထင်သေး ပစ်မှားမိကြခြင်းမှ ကာကွယ်နိုင်မယ်လို့တော့ မျှော်လင့်ခဲ့တယ်။ အဲဒါပါပဲ။
ဗုဒ္ဓဘာသာကောင်းကြောင်းတွေ လာပြီးဝါဒဖြန့်နေတာ မဟုတ်ဘူး။ *cutie16os* မေးထားတဲ့ အမှန်တရားဆိုတဲ့ အကြောင်းကိုရှင်းရင်းနဲ့ ဖိုရမ်ထဲမှာ ကျွန်တော်ကျင့်သုံးနေတဲ့ မူဝါဒနဲ့ ကျင့်ဝတ်ကို ရှင်းပြနေတာ။ ကျန်တာတွေက ကျွဲကူရေပါ ကိစ္စတွေပါ။
မွတ်ဆလင် တော့ပစ်မှာ ဗုဒ္ဓဘာသာတစ်ယောက်က ကျွန်တော့ကို ဗုဒ္ဓဝါဒနဲ့ ပတ်သက်တာအချို့မေးသွားတယ်။ ကျွန်တော်လည်း အလွန်ရှင်းပြချင်ပါတယ်။ မူဆလင်တွေကို အားနာလို့ အခြားသင့်တော်တဲ့ နေရာမှာ ဖြေပေးပါ့မယ်လို့ ပြောခဲ့တယ်။ တတိယပို့စ်မှာပါ။ *cutie16os* မှတ်မိလောက်ပါတယ်။
ခုဟာက ဖိုရမ်ချုပ်လည်းဖြစ်၊ မွတ်ဆလင်လည်းဖြစ်တဲ့ *cutie16os* ကိုယ်တိုင် ဒီမှာမေးလို့ ဒီမှာဖြေရတာပါ။
စည်တော်ကြီးများဟာ တီးခတ်သူ ကအနည်းငယ် လက်လွှဲပြီးတီးခတ်ယုံနဲ့ အသံက ဟိန်းနေအောင်မြည်တယ်။ ထို့နည်းတူ ယုံကြည်ချက်ခိုင်မာပြီး ကောင်းစွာလေ့လာထားသူဟာ အနည်းငယ်မျှ စုံစမ်းမေးမြန်းခံရရင် မေးခွန်းရဲ့ မပြည့်စုံမှုတွေကို ပြည့်စုံအောင် ဖြည့်စွက်လို့ အကျယ်တဝင့် ဖြေရှင်းလေ့ရှိတယ်။
ရိုးသားတဲ့ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု ရှိသူဟာ လူသိရှင်ကြား စစ်ဆေးမေးမြန်းမှာကို ဘယ်သောအခါမှ ကြောက်ရွံ့ခြင်းမရှိဘူး။
ရွှေအစစ်ပိုင်ဆိုင်သူက အတုဖြစ်တယ်စွပ်စွဲပြီး မှတ်ကျောက်ခြစ် စစ်ဆေးလိုက်ကြမှာကို တွေးပူမနေဘူး။ မှတ်ကျောက်ခြစ်ဖို့တော့ အားမထုတ်ကြဘဲနဲ့ အတုကြီးပါကွာပြောရင်တော့ (သူ့အထင်အမြင်မှားမှုကို ဖယ်ရှားပေးဖို့ လိုအပ်လာတဲ့အခါတိုင်း) စစ်ဆေးကြည့်ဖို့ ဖိတ်ခေါ်တတ်စမြဲပါ။
အဲလိုတွေပြောလိုက်တော့ ကိုရွက်ဝါက ကိုယ့်ကိုယ်ကို အမွှမ်းတင်လွန်းတယ်လို့ ဆိုကြလိမ္မယ်။
အဲဒါကျွန်တော့်ရဲ့ ဆွေးနွေးပွဲ အတွေ့အကြုံပဲ။ မူဝါဒနဲ့ ပတ်သက်လို့ဆွေးနွေးမှုတွေလုပ်ရာမှာ ခရစ်ယာန်ဘက်ကရော၊ အစ္စလာမ်ဘက်ကရော တိတ်ဆိတ်နေတယ်။ ဖိုရမ်မှာလည်းမေးခွန်းတွေ မေးခဲ့တယ်။ ဘလော့ဂ်မှာဆိုရင် (ကိုဌေးလွင်ဦးကျေးဇူးကြောင့်လည်းပါတယ်။) ကျမ်းမြတ်ကုရ်အာန်ထဲက စာသားတွေကို ကောက်နုတ်ပြီးကို ဆွေးနွေးခဲ့တာ ဘာမှ ပြန်လာပြီးမဆွေးနွေးကြဘူး။
တီးခတ်သူ ဘယ်လောက် အားထုတ်ထုတ် ဘာသံမှ မမြည်နိုင်တဲ့ သားရေ ကောင်းကောင်း ကျက်မထားတဲ့ ပတ်လုံးပေါက်စတွေပဲလို့ ပြောသင့်တယ်။ ယုံကြည်ချက် မခိုင်မာသူတွေလို့ စွပ်စွဲသင့်တယ်။ ရွှေအစစ်ဆိုတာ ဘာမှန်းကို မသိတဲ့လူတွေလို့ နိမ့်ချ ဆိုချင်စရာတောင် ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော် မပြောခဲ့ပါဘူး။
ငါ့ကို အရေးတယူ လုပ်ပြီး မဆွေးနွေးချင်ကြလို့ လည်းဖြစ်နိုင်တယ်၊ သူတို့အကြောင်းနဲ့ သူတို့ စိတ်မဝင်စားကြလို့၊ မအားကြလို့လည်း ဖြစ်နိုင်ပါတယ်ဆိုပြီး နားလည်မှုပေးထားလိုက်တယ်။
ကျွန်တော်ကတော့ စည်တော်ကြီးလိုပဲ ကျင့်ပါဦးမယ်။ တီးခတ်သူမရှိလို့ အသံမထွက်ပေမဲ့ တီးခတ်လာကြမယ်ဆိုလို့ကတော့ ဟိန်းနေတဲ့ အသံနဲ့ တုန့်ပြန်ပါ့မယ်။
လေးစားစွာဖြင့်
ကိုရွက်ဝါ

ကိုရွက်ဝါရဲ့ စကားတွေအားလုံးက ကိုယ့်ဘာသာမှ ကောင်းလွန်းတယ်ဆိုတဲ့ အတင်းအဓမ္မသဘောတွေချည်းပဲ…
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လို့ ပြောစကားများမှာ ဗုဒ္ဓဝါဒကို အကောင်းပြောပါတယ်။ အတင်းအဓမ္မသဘောလို့ စွပ်စွဲလောက်စရာတွေတော့ မရှိပါ။
သဒ္ဓါ တရားကလဲ ကောင်းလွန်းပြန်ပီ… ဟိုဟာကလဲ ကောင်းလွန်းပြန်ပီ… ဒီဟာလကလဲများလွန်းပြန်ပီနဲ့
သဒ္ဓါ တရားကောင်းတယ်လို့ ဆိုခဲ့ခြင်း အမွှမ်းတင်ခဲ့ခြင်းမဟုတ်ပါ။
သဒ္ဓါအားကောင်းသည်လို့ ဆိုခဲ့ခြင်းပါ။ သေခြာမဖတ်လို့နားလည်မှုလွဲတာပါ။
အဓိပ္ပာယ် ၂-ခု ခြားနားလွန်းပါတယ်။
သဒ္ဓါအားကောင်းတယ်ဆိုတာ တနည်းအားဖြင့် ပညာအားနည်းတယ်လို့ အပြစ်တင်ခဲ့ခြင်းဖြစ်ပါတယ်။
သဒ္ဓါတရားအားကောင်းခြင်းက ဘာသာခြားများ အထင်သေးစရာပင် ဖြစ်တတ်ကြောင်း ထည့်ရေးထားသေးပါတယ်။ သဒ္ဓါတရားကောင်းတယ်လို့ အမွှမ်းတင်ခြင်းမဟုတ်ပဲ။ အားဆိုတဲ့ ပုဒ်တစ်ခုကြောင့် ပညာအားနည်းခြင်းအတွက် အပြစ်တင်ခြင်းဖြစ်တယ်ဆိုတာ ပြန်ဖတ်ကြည့်ရင်နားလည်ပါလိမ္မယ်။
ဘာကြောင့် အများအားဖြင့် ယေဘူယျပြောနေတာနော်…
အစ္စလာမ်ဆို လာလာတိုက်ခိုက်နေကြတာလဲ… နှိမ်ချင်တဲ့ စိတ်တွေ.. ရှုံ့ချချင်တဲ့စိတ်တွေ
ဘာလို့ဖစ်နေတာလဲ ဆိုတာကိုပြောချင်တာ…
ကိုယ်နဲ့မတူသူတွေကို နားလည်မပေးတတ်တာ လူ့သဘာဝပါ။ အဲဒါကြောင့် နိမ်ချင်ကြ ရှုံ့ချချင်ကြတာ ဖြစ်မယ်ထင်တယ်။ ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေအရ တိုက်ခိုက်ဖို့ စိတ်မကူးသလို နှိမ်ချင်စိတ်မရှိပါ။ ဖြစ်နိုင်ရင် အားလုံးတန်းတူရေးအတွက် တတပ်တအား ပါဝင်ပြီး ဆောင်ရွက်ပေးလိုပါတယ်။ ပုဂ္ဂိုလ်ရေအရ ရှုံ့ချဖို့ စိတ်မဝင်စားပါ။ သူတို့မှာရှိတဲ့ ယုံကြည်မှုတရားကို နားလည်ပေးနိုင်အောင်သာ လိုအပ်တဲ့ လေ့လာမှုတွေ လုပ်နေပါတယ်။
မြန်မာအသိုင်းအဝိုင်းမှာ ဗုဒ္ဓဘာသာဝင်ကများနေလို့ များနေတယ် ပြောခဲ့တယ်။ များနေလို့ အားလုံးလက်ခံသင့်တယ်လို့ မဆိုခဲ့ပါ။
ဓမ္မလက်ဆောင်ပေးစရာတွေ အနေနဲ့ အခြားဘာသာအားလုံးနဲ့ယှဉ်ရင် ဗုဒ္ဓဘာသာက ပိုများတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါ။ များနေလို့ များနေတယ် ပြောခဲ့ပါတယ်။ များနေတာကို အမှန်တရားအဖြစ် လက်ခံသင့်တယ်လို့ မလှုံ့ဆော်ခဲ့ပါ။
များတာကိုများတယ်။ နည်းတာကိုနည်းတယ် ပြောတာတော့ လက်ခံသင့်ပါတယ်။ ကျွန်တော့်ဘက်လည်း မရက်သလို၊ လူများဘက်ကိုလည်း မကန်ပါ။ အရှိကို အရှိအတိုင်း ပြောခြင်းပါ။ ဗုဒ္ဓဘာသာ တော့ပစ်တွေ စည်ကားနေတာကို *cutie16os* ကပြောခဲ့လို့ ကျွန်တော်က အကြောင်းရင်း ကူညီရှာဖွေ စဉ်းစားပေးခြင်းမျှပါ။
ခရစ်ယာန် နဲ့ အစ္စလာမ် ဆဲကြတယ် ဆိုတာ အခုထိတော့ ကိုယ်တိုင် မမြင်ဖူးသေးလို့ သေချာမပြောနိုင်ပါ။ ကိုရွက်ဝါပြောနေတဲ့ မိုဟာမက် ကိုထိတတ်ဆဲရလောက်အောင် ထိပက်ပက်စက်စက်မျိုး… လက်တွေ့မဟုတ်လို့ မယုံပါ။
ကိုယ်တိုင်မမြင်ဖူးသေးရင် အရောက်ပို့ပေးပါမယ်။ ပလန်းနက်ဖိုရမ်ထဲမှာပါ။ အစၥလာမ္ဘာသာဝင္မ်ားက
၁) တမန်တော် ရှင်ပေါလုကို ယောက်ျားမပီသသူ အခြောက်ကြီးဖြစ်နိုင်သည် လို့ဆိုနေပါတယ်။
၂) သမ္မာကျမ်းစာကို မသမ္မာကျမ်းစာလို့ ဆိုနေပါတယ်။
၃) ရမ်းကားကြမ်းကျုတ်လှသေ ယေရှု၏ နောက်လိုက်များအဖြစ် ယနေ့ကမ္ဘာပေါ်မှ ခရစ်ယာန်ဘာသာဝင်အားလုံးကို ရည်ရွယ်ပြီး တော့ပစ်သီးခြားတင်ကာ ဆဲဆိုနေကြပါတယ်။
ခရစ်ယာန်ဘာသာဝင် အချို့ကလည်း အစ္စလာမ်တို့၏ တမန်တော်မြတ်ကို၊ ကျမ်းမြတ်ကို အထက်က လူများထက် ပိုပြီးထိရောက်သော စကားလုံးများနဲ့ ပြန်ဆဲနေကြပါတယ်။
ပက်ပက်စက်စက် ပြောနေကြပါတယ်။ မယုံကြည်ရင် ကိုယ်တိုင်လေ့လာကြည့်လို့ရပါတယ်။
ရှိကောင်းရှိပါလိမ့်မယ်… ဒါမဲ့အနဲစုပါ။
အဲဒါတော့ မပြောတတ်ပါ။ လက်တွေ့ကွင်းဆင်းလေ့လာ စာရင်းကောက်မှ အနည်းအများက သိနိုင်မှာပါ။
အစ္စလာမ်နဲ့ ခရစ်ယာန်ကို ရန်တိုက်ပေးနေခြင်းမဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်တွေသာ ရမ်းကားနေကြတယ်ဆိုတဲ့ အမြင်မျိုး ဖြစ်နေကြမှာစိုးလို့ ရှင်းနေရတာပါ။ ရမ်းကားတဲ့သူ၊ ယဉ်ကျေးတဲ့သူ ဘာသာတရားတိုင်းမှာ ရှိမှာပါ။
အဲ…ဗုဒ္ဓဘာသာဝင်တွေ ဒီလိုမစော်ကားဘူး။ ဆိုတာတော့ လက်မခံပါဘူး….
လက်လည်းခံမခိုင်းပါ။ ကျွန်တော့်စာကို သေခြာဖတ်ဖို့သာပြောပါရစေ။ ကျွန်တော်ရေးခဲ့တာက ဗုဒ္ဓဘာသာဝင်တွေ ဒီလိုမစော်ကားပါဘူးလို့ ကျွန်တော်အာမ၊ မခံနိုင်ကြောင်းသာ ပြောခဲ့ပါတယ်။ မိမိကိုယ်တိုင်မှ လွဲ၍ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အာမ၊ မခံနိုင်ပါ။ တာဝန်လည်းမရှိပါ။ စော်ကားမိုကရိုင်းသူများ ရှိပါလိမ္မယ်။ ဒါပေမဲ့ အဲလိုမိုက်ရိုင်းမှုမျိုးကို ဗုဒ္ဓဝါဒက အားမပေးပါ။
မွတ်စလင်ကတော့ Human မဟုတ်လို့ နှုတ်မဆက်နိုင်ပါဘူးတဲ့ရှင်
အထက်ကစကားကို မည်သူပြောပြော ကန့်ကွက်ပါတယ်။ ကျွန်တော့်သဘောအရ ဘယ်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ လူတစ်ယောက်ရဲ့ လူဂုဏ်သိက္ခာကျမသွားပါ။ ဘာသာမဲ့ပင်ဖြစ်ပါစေ။ လူဟာလူပဲ ဖြစ်တယ်လို့ အခိုင်အမာ လက်ခံထားပါတယ်။
ကျွန်တော်ပြောနေတဲ့ ကောင်းတာရှိသလို မကောင်းတာလဲရှိနိုင်တယ်ဆိုတာ လူတွေခံယူနေကြတဲ့ အယူအဆတွေကို ပြောနေတာ…
လူတွေခံယူနေကြတဲ့ အယူအဆတွေကို ပြောရင် ငြင်းစရာမရှိပါ။ ဒါပေမဲ့ *cutie16os* ပြောခဲ့တုန်းက ဘာသာတိုင်းမှာလို့ သုံးခဲ့တာပါ။ အဲလိုဆိုတော့ ဗုဒ္ဓဘာသာပါ ပါသွားပါတယ်။ ဗုဒ္ဓဝါဒမှာ အကောင်းလည်းရှိ အဆိုးလည်းရှိလို့ အထောက်အထားမပါပဲ ပြောလာရင်တော့ ကန့်ကွက်လိုပါတယ်။ ဗုဒ္ဓဝါဒရဲ့ ကျမ်းစာတွေမှာ အဆိုးမရှိနိုင်ဘူးလို့ အခိုင်အမာယုံကြည် နေလို့ပြောခဲ့တာပါ။ ဆိုးဝါးတဲ့ အဆုံးအမတွေတွေ့ရင် ထုတ်နှုတ်ဝေဖန်နိုင်ပါတယ်။
ဒါပေမဲ့ အားလုံးသောလူတွေကို ဒီအတိုင်း လက်ခံကြပါလို့ တောင်းလည်း မတောင်းဆိုသလို ဇွတ်အတင်းလည်း အဆိုမတင်သွင်းပါ။ နားလည်သဘောတူရင် လက်ခံနိုင်သလို၊ သဘောမတူရင် ငြင်းကြပါ။ စိတ်ဝင်စားရင် လေ့လာပါ။ ဒီထက်ပိုပြီး *cutie16os* စွပ်စွဲသလို ဇွတ်၊ အတင်း၊ အဓမ္မ လို့ ဆိုရလောက်အောင် ဘာမှ မရေးခဲ့ပါ။
သူများကိုးကွယ်နေတဲ့ ဘာသာမှာ ရှိတဲ့ဟာတွေကိုတော့ ဆွေးနွေးတယ် ပြောပြောပီး လိုက်ဝေဖန်ပြနေတော့ သိပ်တဖက်သတ်ဆန် မနေဘူးလား။
ကျွန်တော့်သဘော့ကတော့ စာပေဝေဖန်ရေးအနေနဲ့ ပိဋကတ်၊ သမ္မာကျမ်း၊ ကုရ်အာန် အားလုံးကို ဝေဖန်ပိုင်ခွင့်ရှိသင့်တယ်လို့ မြင်တယ်။ ဒါမှလည်း ပြည့်ဝတဲ့ စာပေလွတ်လပ်ခွင့်ဖြစ်မှာပါ။ အထက်ကကျမ်းဂန်ကြီး တစ်ခုခုကို နိုင်ငံတစ်ခုခုက မဝေဖန်ရလို့ ကန့်သတ်ထားရင် အဲဒါ လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားဖြန့်ဝေပိုင်ခွင့်ကို ချိုးဖောက်တာပါပဲ။
အဲဒါကြောင့် အဲဒီကျမ်းတွေကို ဖတ်တယ်။ မြင်တဲ့ အတိုင်းလည်း ဝေဖန်တယ်။
ဝေဖန်နေတဲ့အချိန်မှာ စာပေဝေဖန်တယ်လိုပဲ သဘောထားတယ်။ အကောင်းတွေ ဆုံးမထားတာ သေခြာရဲ့လားလို့ လေ့လာပြီး မကောင်းတာတွေ တိုက်တွန်းထားရင် ထောက်ပြတယ်။ ဘယ်သူ့ဘက်မှာမှ ကျွန်တော်ရပ်တည်မနေလို့ တဖက်သတ်ဆန်စရာ မရှိဘူးလို့ မြင်တယ်။ တဖက်သတ်ကြီးဖြစ်နေတယ်။ တရားလက်လွတ်ပြောလွန်းတယ်ဆိုရင် ထောက်ပြဝေဖန်ပါ။ အကြောင်းနဲ့ အကျိုးနဲ့ ကျွန်တော်လွန်ကြောင်း ပြနိုင်ကြရင် ကျေးဇူးတင်ပါတယ်လို့ အကြောင်းပြန်ရင်း နောင်ကို တဖက်သတ် ဆန်မှုတွေ မဖြစ်ရအောင် သတိထားပါ့မယ်။
နောက်ဆုံးအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုရွက်ဝါဟာ စကားလုံးလှလှတွေနဲ့ တိုက်ခိုက်နေတဲ့သူ မဟုတ်ဘူးဆိုရင် ကိုယ့်ဘာသာကောင်းကြောင်း အတင်းအဓမ္မ ဝါဒဖြန့်သူလို့ပဲ မြင်တယ်။
ဝါဒဖြန့်တယ်ဆိုတဲ့ စကားက မလှဘူး။ အတင်းအဓမ္မဆိုတာ ထပ်ထည့်တော့် ကျွန်တော့အခြေအနေ တော်တော်ဆိုးသွားတယ်။ ဗုဒ္ဓအဆုံးအမဟာ လောကအတွက် အကျိုးရှိတဲ့ အဆုံးအမတွေလို့ ယုံကြည်ထားတယ်။ အဲဒီဝါဒ ကျယ်ပြန့်လာရင် ကောင်းမှာပဲလို့ အမြဲတွေးတယ်။ ဒါပေမဲ့ မေးသူမရှိပဲ ဖြေပြီး တွေ့သမျှလူ လိုက်ပြောရလောက် ကျွန်တော် မျက်နှာမရူးပါဘူး။ မေးသူရှိလို့သာ အဖြေပေးခဲ့တာပါ။
ကျွန်တော်လိုလူဆီက အမှန်တရားအကြောင်းစုံစမ်းရင်တော့ ပိဋကတ်တော်နဲ့ မြန်မာဆရာတော်ကြီးများ မကိုးကားပဲနေမှာ မဟုတ်ဘူးဆိုတာကို *cutie16os* က သဘောပေါက်ထားသင့်တယ်။ ဒါပေမဲ့ ကျမ်းဂန်ထဲက စာပိုဒ်တွေ၊ ဆရာတော်ကြီးတွေရဲ့ အဆုံးအမတွေ ကော်ပီကူးပြီး မဖြန့်ဝေခဲ့ပါဘူး။ အမှန်တရားဆိုတာမှာ လက်နက်သဖွယ် အသုံးချနိုင်သော အမှန်တရားဆိုတော့ ပိုပြီး ကျယ်ကျယ်ဝန်းဝန်း ရှင်းဖို့လိုခဲ့ပါတယ်။ အဲဒါကြောင့် အများကြီးရေးခဲ့ရပါတယ်။
အဲဒါတွေကို တော့ပစ်လွဲနေတယ် ပြောရင်တော့ အမှန်တရားဆိုတာလေး သိချင်ပါတယ်လို့ မေးခဲ့သူက *cutie16os* ပါလို့ ပြန်ပြောရတော့မှာပဲ။
ဆင်းတုတော်ကိစ္စလည်း အဖြေပေးဖို့ မလိုပါဘူးဆိုတာတောင်… အတင်းကြီးပဲ…
ဥပမာပြောမယ်။ ဝါဒရေးရာ ဆွေးနွေးနေသူ ၂-ယောက်မှာ တစ်ယောက်က မင်းတို့ဝါဒဟာ အကြမ်းဖက်ဝါဒကြီးပါကွာ။ အစွန်းရောက် အကြမ်းဖက်သမားတွေ သိပ်မွေးထုတ်တာပဲဆိုပြီး ရှင်းပြမနေပါနဲ့ ဒီတိုင်းလေးပဲ ထားလိုက်ပါလို့ ဆိုရင်…
အပြောခံရသူအနေနဲ့ ဘာလုပ်သင့်လဲ။ ဒီတိုင်းလေးပဲ နေလိုက်ရမှာလား။ ပြောသူကရော ရိုးသားမှုရှိရဲ့လား။
ဆင်းတုတော်ကိစ္စ ကြိုးစားပြီးဖြေရှင်းတာ ကျွန်တော့် စီးပွားမပါဘူး။ ဘာသာမတူသူတွေရဲ့ လုပ်ရပ်ကို နားလည်မပေးနိုင်တဲ့သူတွေအတွက် နားလည်မှုမွေးမြူနိုင်အောင် ကြိုးစာပြီးရှင်းတာပါ။ သိသာထင်ရှားတဲ့ အကြောင်းပြချက်လေးကြောင့် နားလည်မှုရသွားရင် နေရတာ သိပ်ကျေနပ်ဖို့ကောင်းတယ်။ အဲဒီကျေနပ်မှုလေး *cutie16os* ခံစားရပါစေတော့ဆိုပြီး အပင်ပန်းခံလုပ်ခဲ့တာ။ ဆင်းတုတော်ကိစ္စ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားရင် အစ္စလာမ်တွေ ဗုဒ္ဓဘာသာဘက်ပြောင်းလာကြမှာပဲလို့ မမျှော်လင့်ခဲ့ဘူး။ အဲလိုမျှော်လင့်ရင်လည်း အရူးဖြစ်သွားမှာပေါ့။ ရုပ်ပွားဆင်းတုတော်တွေကို အရိုအသေအလေးအမြတ်ပေးနေသူတွေကို မြင်တိုင်း အလ္လာအရှင်မြတ်ရဲ့ အမိန့်မနာခံတဲ့ ဒုစရိုက်ကောင်တွေလို့ မြင်ပြီး မိမိကိုယ်တိုင် လောကီပညာရေး၊ စီးပွားရေး ကိစ္စတွေမှာ လေးစားရသူအချို့ကို အထင်သေး ပစ်မှားမိကြခြင်းမှ ကာကွယ်နိုင်မယ်လို့တော့ မျှော်လင့်ခဲ့တယ်။ အဲဒါပါပဲ။
အဲ့ဆိုလဲ ဗုဒ္ဓဘာသာတော့ပစ်မှာ ဗုဒ္ဓဘာသာရဲ့ ကောင်းကြောင်းတွေရေးစေချင်ပါတယ်…
ခုက မွတ်ဆလင် တော့ပစ်လာပြီး ဗုဒ္ဓဘာသာကောင်းကြောင်း အတင်းလိုက်ဝါဒဖြန့်နေသလိုပဲ
တော့ပစ်မှားနေတယ်
ဗုဒ္ဓဘာသာကောင်းကြောင်းတွေ လာပြီးဝါဒဖြန့်နေတာ မဟုတ်ဘူး။ *cutie16os* မေးထားတဲ့ အမှန်တရားဆိုတဲ့ အကြောင်းကိုရှင်းရင်းနဲ့ ဖိုရမ်ထဲမှာ ကျွန်တော်ကျင့်သုံးနေတဲ့ မူဝါဒနဲ့ ကျင့်ဝတ်ကို ရှင်းပြနေတာ။ ကျန်တာတွေက ကျွဲကူရေပါ ကိစ္စတွေပါ။
မွတ်ဆလင် တော့ပစ်မှာ ဗုဒ္ဓဘာသာတစ်ယောက်က ကျွန်တော့ကို ဗုဒ္ဓဝါဒနဲ့ ပတ်သက်တာအချို့မေးသွားတယ်။ ကျွန်တော်လည်း အလွန်ရှင်းပြချင်ပါတယ်။ မူဆလင်တွေကို အားနာလို့ အခြားသင့်တော်တဲ့ နေရာမှာ ဖြေပေးပါ့မယ်လို့ ပြောခဲ့တယ်။ တတိယပို့စ်မှာပါ။ *cutie16os* မှတ်မိလောက်ပါတယ်။
ခုဟာက ဖိုရမ်ချုပ်လည်းဖြစ်၊ မွတ်ဆလင်လည်းဖြစ်တဲ့ *cutie16os* ကိုယ်တိုင် ဒီမှာမေးလို့ ဒီမှာဖြေရတာပါ။
စည်တော်ကြီးများဟာ တီးခတ်သူ ကအနည်းငယ် လက်လွှဲပြီးတီးခတ်ယုံနဲ့ အသံက ဟိန်းနေအောင်မြည်တယ်။ ထို့နည်းတူ ယုံကြည်ချက်ခိုင်မာပြီး ကောင်းစွာလေ့လာထားသူဟာ အနည်းငယ်မျှ စုံစမ်းမေးမြန်းခံရရင် မေးခွန်းရဲ့ မပြည့်စုံမှုတွေကို ပြည့်စုံအောင် ဖြည့်စွက်လို့ အကျယ်တဝင့် ဖြေရှင်းလေ့ရှိတယ်။
ရိုးသားတဲ့ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု ရှိသူဟာ လူသိရှင်ကြား စစ်ဆေးမေးမြန်းမှာကို ဘယ်သောအခါမှ ကြောက်ရွံ့ခြင်းမရှိဘူး။
ရွှေအစစ်ပိုင်ဆိုင်သူက အတုဖြစ်တယ်စွပ်စွဲပြီး မှတ်ကျောက်ခြစ် စစ်ဆေးလိုက်ကြမှာကို တွေးပူမနေဘူး။ မှတ်ကျောက်ခြစ်ဖို့တော့ အားမထုတ်ကြဘဲနဲ့ အတုကြီးပါကွာပြောရင်တော့ (သူ့အထင်အမြင်မှားမှုကို ဖယ်ရှားပေးဖို့ လိုအပ်လာတဲ့အခါတိုင်း) စစ်ဆေးကြည့်ဖို့ ဖိတ်ခေါ်တတ်စမြဲပါ။
အဲလိုတွေပြောလိုက်တော့ ကိုရွက်ဝါက ကိုယ့်ကိုယ်ကို အမွှမ်းတင်လွန်းတယ်လို့ ဆိုကြလိမ္မယ်။
အဲဒါကျွန်တော့်ရဲ့ ဆွေးနွေးပွဲ အတွေ့အကြုံပဲ။ မူဝါဒနဲ့ ပတ်သက်လို့ဆွေးနွေးမှုတွေလုပ်ရာမှာ ခရစ်ယာန်ဘက်ကရော၊ အစ္စလာမ်ဘက်ကရော တိတ်ဆိတ်နေတယ်။ ဖိုရမ်မှာလည်းမေးခွန်းတွေ မေးခဲ့တယ်။ ဘလော့ဂ်မှာဆိုရင် (ကိုဌေးလွင်ဦးကျေးဇူးကြောင့်လည်းပါတယ်။) ကျမ်းမြတ်ကုရ်အာန်ထဲက စာသားတွေကို ကောက်နုတ်ပြီးကို ဆွေးနွေးခဲ့တာ ဘာမှ ပြန်လာပြီးမဆွေးနွေးကြဘူး။
တီးခတ်သူ ဘယ်လောက် အားထုတ်ထုတ် ဘာသံမှ မမြည်နိုင်တဲ့ သားရေ ကောင်းကောင်း ကျက်မထားတဲ့ ပတ်လုံးပေါက်စတွေပဲလို့ ပြောသင့်တယ်။ ယုံကြည်ချက် မခိုင်မာသူတွေလို့ စွပ်စွဲသင့်တယ်။ ရွှေအစစ်ဆိုတာ ဘာမှန်းကို မသိတဲ့လူတွေလို့ နိမ့်ချ ဆိုချင်စရာတောင် ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော် မပြောခဲ့ပါဘူး။
ငါ့ကို အရေးတယူ လုပ်ပြီး မဆွေးနွေးချင်ကြလို့ လည်းဖြစ်နိုင်တယ်၊ သူတို့အကြောင်းနဲ့ သူတို့ စိတ်မဝင်စားကြလို့၊ မအားကြလို့လည်း ဖြစ်နိုင်ပါတယ်ဆိုပြီး နားလည်မှုပေးထားလိုက်တယ်။
ကျွန်တော်ကတော့ စည်တော်ကြီးလိုပဲ ကျင့်ပါဦးမယ်။ တီးခတ်သူမရှိလို့ အသံမထွက်ပေမဲ့ တီးခတ်လာကြမယ်ဆိုလို့ကတော့ ဟိန်းနေတဲ့ အသံနဲ့ တုန့်ပြန်ပါ့မယ်။
လေးစားစွာဖြင့်
ကိုရွက်ဝါ
********
အခြားဘာသာတရား ကျမ်းဂန်များမှာတော့ သတ်ဖို့၊ ဖြတ်ဖို့တွေထိ ညွှန်ကြားထားတာတွေ ဖတ်ရလို့ စိတ်မကောင်းဘူး။ ဝေဖန်ဆွေးနွေးလိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဘာသာအသီးသီးက စည်တော်ကြီးလို ဆွေးနွေးဖက်များကို ဆွေးနွေးမေးမြန် လိုပါတယ်။********

0 comments:
Post a Comment