ကိုဌေးလွင်ဦးသို့ ပေးစာ(၄)
မေတ္တာပို့ခံထိုက်သူ မုဟမ္မဒ်နဲ့ ပတ်သက်လို့၊ မေတ္တေယျဆိုတဲ့ ဘုရားဘွဲ့တော်နဲ့ ပတ်သက်လို့ ဆက်ပြီးဆွေးနွေးပါ့မယ်။ (ပေးစာ (၃)ကို ပြန်ဖတ်မယ်ဆိုရင် ယခုပို့စ်ကို ဖတ်ရာမှာ ပိုပြီး အဆင်ပြေပါလိမ္မယ်။)
ကိုယ်တော် အီဗရာဟီးမ် (မင်းကြီး သင်္ခါ)ပို့စ်တွင် ကိုဌေးလွင်ဦးရေးထားသမျှထဲမှ ဒုတိယ နောက်ဆုံးပိုဒ်ကို ကူးယူဖော်ပြပေးလိုက်ပါတယ်။
သင်္ခစကြာမင်းသည် မေတ္တေယျ ဘုရားရှင်၏ ရှေ့ပြေးနိမိတ်ဟူသော အသုံးအနှုံးကို ပိဋကတော်တွင် မတွေ့မိပါ။ သင်္ခစကြာမင်းနှင့် မေတ္တေယျဘုရားရှင်တို့မှာ ခေတ် အားဖြင့် တစ်ချိန်တည်းဖြစ်သည်- လို့ နားလည်ရပါတယ်။ မင်းကြီးလည်း စကြာမင်း စည်းစိမ်ကို စွန့်လွတ်ကာ မေတ္တေယျဘုရားရှင်ထံတော်၌ မြင့်မြတ်သော ရဟန်းဘဝကို ခံယူ၍ ထိုဘဝမှာပင် ရဟန္တာအဖြစ်ကို ရရှိလိမ္မယ်ဟုသာ ပါရှိပါတယ်။
သုတ္တန်ပိဋက၊ ဒီဃနိကာယ၊ ပါထိကဝဂ်၊ ၃-စက္ကဝတ္တိသုတ်၊ မှ ကျမ်းစာ တစ်ပိုဒ်ကို ကူးယူဖော်ပြလိုက်ပါတယ်။
ဒုတိယတစ်ချက် ပြောစရာရှိတာက ကိုဌေးလွင်ဦးရေးထားတဲ့ မေတ္တယျဆိုတာ စာလုံးပေါင်းမှားနေပါတယ်။ သဝေထိုးတစ်ခု ကျန်နေပါတယ်။ ဘုရားဘွဲ့တော် အမှန်မှာ မေတ္တေယျဖြစ်ပါတယ်။ သဝေထိုး တစ်လုံးကျန်သွားတော့ စာလုံးပေါင်းက မေတ္တာနဲ့ နီးစပ်သွားပါတယ်။ အရင်တုန်းကတော့ ဘုရားဘွဲ့တော်တွေရဲ့ အဓိပ္ပာယ်တွေကို စိတ်မဝင်စားခဲ့ပါ။ ဂေါတမဆိုသော ဘွဲ့တော်မှာ ဘုရားရှင်၏ အမျိုးအနွယ် နာမည်ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ အဲဒါကြောင့် အခြားသော ဘုရားရှင်များမှာလည်း လူအမည်အားဖြင့် သီးခြားရှိပြီး၊ ဘုရားဖြစ်သောအခါ အမျိုးအနွယ်အမည်အားဖြင့် ထင်ရှားလာကြသည်- ဟုသာ အကြမ်းဖျင်းသဘောပေါက်ထားပါတယ်။ ကိုဌေးလွင်ဦးရဲ့ စာတွေကို ဖတ်ရခါမှ မေတ္တေယျဘုရားရှင်၏ အဓိပ္ပာယ်ကို ရှာဖွေရပါတော့တယ်။
ကံကောင်းသည်ပဲ ဆိုရမလားမသိ။ ကျွန်တော့်လက်ထဲမှာ ဦးအောင်မွန်(မြတ်ဆုမွန်)ရေးသားသော ပွင့်တောမူမည့် မြတ်စွာဗုဒ္ဓမေတ္တေယျ ကျမ်းစာအုပ် ရှိနေပါတယ်။
အဲဒီကျမ်းထဲမှာ ဆရာကြီး ဦးအောင်မွန်က အဘိဓာန်လေးအုပ်ကို ကိုးကားပြီး မေတ္တေယျ၏ အဓိပ္ပာယ်ကို ပြဆိုထားပါတယ်။
၁) မေတ္တေယျ= မေတ္တေယျဘုရားလောင်း။
မြတောင်ဆရာတော် ဦပဏ္ဍဝံသ၏ ပညတ်နက်ကျမ်း။ ၁၈၉၇-ခုနှစ်။ (စာမျက်နှာ-၃၀၉)။
၂) မေတ္တေယျ= မိတ်ဆွေနှင့်စပ်သော၊ မေတ္တေယျဘုရား။
လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ပါဠိအဘိဓာန်ချုပ်။ ၁၉၆၅-ခုနှစ် (စာမျက်နှာ-၃၇၄)။
၃) မေတ္တေယျ(မဲတြေယျ)= မိတ်ဆွေသို့သော။ မေတ္တေယျဘုရား။
ဦးဟုတ်စိန်၏ ပါဠိ-မြန်မာအဘိဓာန် တတိယပိုင်း။ ၁၉၅၆-ခုနှစ်။ (စာမျက်နှာ-၇၈၇)။
၎) မေတ္တေယျ(ပု)= (က) မေတ္တေယျဘုရား။ (ခ) မေတ္တေယျလုလင် (သုတ္တနိပါတပါဠိတော် ၌လာသော တိဿမေတ္တေယျလုလင်ကို ဆိုလိုသည်။ သုတ္တနိ။ ၄၉၉။ DPNN-II . 622.)
တိပိဋကပါဠ-မြန်မာအဘိဓာန်၊ အတွဲ-၁၆။ ၁၉၈၉-ခုနှစ်။ (စာမျက်နှာ-၈၁၅)။
အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ကြည့်ခြင်းဖြင့် မြန်မာပြည် ထေရဝါဒ စာပေများတွင် ဘုရား၏ ဘွဲ့တော်ကို အမည်အဖြစ်သာ ထားကြပြီး အဓိပ္ပာယ်မဖွင့်ဆိုကြတာကို တွေ့ရပါတယ်။ အဓိပ္ပာယ်ဖွင့်သောအခါတွင်လည်း ကိုဌေးလွင်ဦးယူသလို မေတ္တာပုဒ်ကို ယူကြသည် မဟုတ်ဘဲ မိတ်ဆွေဆိုသော ပုဒ်ကိုယူကြပါတယ်။
ဖော်ပြပါစာအုပ်၏ မေတ္တေယျ-ဟူသည် ခေါင်းစဉ်မှ နိဂုံးချုပ်စာကြောင်းကိုလည်း ကူးယူဖော်ပြပေးလိုက်ပါတယ်။
ကိုဌေးလွင်ဦ ကြံဆထားသည့် (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ) ဟူသော အနက်ကို မတွေ့ရပါ။ ကိုးကားချက်လည်း မပြ၊ စာလုံးပေါင်းပါမှားယွင်းနေသည့်အတွက် ကိုဌေးလွင်ဦး၏ အမှားသာ ဖြစ်လိမ္မယ်လို့ ထင်မိပါတယ်။
မေတ္တာပို့ခံထိုက်သူ ဟူသော စကားနှင့် ပတ်သက်ပြီးလည်း အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာ အယူဝါဒ အလွန်ကွဲလွဲနေနိုင်ပါတယ်။
အစ္စလာမ်ဘာသာဝင် အများစုက မုဟမ္မဒ် အမည်ကိုရေးလျှင် ကွင်းစကွင်းပိတ်တွင်း၌ မြန်မာဘာသာဖြင့် (ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ)ဟူ၍ ဖြစ်စေ (ဆွ) ဟူ၍ ဖြစ်စေ အင်္ဂလိပ်ဘာသာဖြင့် (Peace be upon him) ဟူ၍ ဖြစ်စေ ရေးတတ်ကြတာကို သတိထားမိပါတယ်။ အဲဒီအမူအကျင့်ကို နားမလည်ပါ။ အခြားသူများထက် ပိုမိုပြီး သူ့ကိုလေးစာပါသည်ဟု ပြသော သဘောမဟုတ်ဘဲ အခြားသူများထက်သူ့အား ပိုချစ်၊ ပိုသနား၊ ပိုမိုမေတ္တာထားပါသည်- လို့သာ အဓိပ္ပာယ်ထွက်နေပါတယ်။ အခြားသော သတ္တဝါများထက် မုဟမ္မဒ်ကို ပိုမိုမေတ္တာထားဖို့၊ ပိုပြီးသနားဖို့ လိုအပ်တယ်လို့ ယုံကြည်ထားကြပါသလား။ မတူညီသော မေတ္တာတရားကရော အမှန်တကယ် သန့်ရှင်းသောမေတ္တာ ဟုတ်နိုင်ပါမလား။ မျက်နှာလိုက်သော၊ မျက်နှာချိုသွေးသော မေတ္တာမျိုးဖြစ်မနေနိုင်ဘူးလား။ ထိုသို့မဟုတ်ပါက မုဟမ္မဒ် မဟုတ်သူ အခြားမည်သည့် သတ္တဝါမှ မေတ္တာပို့မခံထိုက်ဘူး- လို့များ ဆိုလိုချင်ကြပါသလား။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ မေတ္တာပို့လျှင် (၃၁) ဘုံကျင်လည်ကုန်သော ဟု အားလုံးခြုံပြီး ပို့တတ်ပါတယ်။ ဘုရားရှင်ကလည်း သတ္တဝါအားလုံးအပေါ်မှာ တူညီသော မေတ္တာထားဖို့ ဆုံးမထားပါတယ်။ နိဗ္ဗာန်ချမ်းသာမြတ်ကို စံဝင်သွားပြီးဖြစ်သော ပုဂ္ဂိုလ်များမှ အပ အားလုံးသော သတ္တဝါတို့ဟာ မေတ္တာပို့ခံထိုက်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အယူအရ တမန်တော် မုဟမ္မဒ်မှ မဟုတ် ငရဲ၊ တိရိစ္ဆာန်များမှ အစပြု၍၊ လူ၊နတ်၊ ဗြဟ္မာ အားလုံးသော သတ္တဝါတို့ဟာ (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ) များသာ ဖြစ်ကြပါတယ်။
ဗုဒ္ဓဝါဒမှ ဘုရားရှင်များနှင့် နှိုင်ယှဉ်ဖော်ပြမယ်ဆိုရင် ဗုဒ္ဓဝါဒမှ သတ်မှတ်သော စံသတ်မှတ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါလိမ္မယ်။
တမန်တော် မုဟမ္မဒ်နဲ့ အရိမေတ္တေယျဘုရားရှင်တို့ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်သော နောက်တစ်ချက်ကို ပြပါရစေ။ ကိုဌေးလွင်ဦး ကိုးကားသော စက္ကဝတ္တိသုတ်တော် မေတ္တေယျဘုရား ပွင့်တော်မူခြင်း အခန်းမှာ ဂေါတမဘုရားရှင်က နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားအကြောင်းဟောပြောရာတွင် အရဟံ ဂုဏ်တော်မှ အစပြု၍ ကိုးပါးစုံဂုဏ်တော်တို့ကို ထုတ်ဖော်ဟောကြားသွားပါတယ်။ အဓိပ္ပာယ်ကတော့ ရန်အပေါင်းကို အောင်နိုင်ပြီးဖြစ်သော၊ ကိလေသာ တို့မှကင်းစင်တောမူသော ရှေးဘုရားတို့နှင့်သာ တူတော်မူသော အတုမရှိ မြတ်စွာဘုရားလို့ ဆိုလိုက်ခြင်းသာဖြစ်ပါတယ်။
ဓမ္မစကြာသုတ်မှာလာရှိတဲ့ ဟီနော၊ ဂမ္မော၊ ပေါထုဇ္ဇနိကော ဆိုတဲ့ စကားအသုံးအနှုံးများကိုလည်း ပြန်လည် သတိရသင့်ပါတယ်။ အိမ်ထောင်သားမွေးခြင်း အလုပ်ကို ဗုဒ္ဓဘုရားရှင်က ယုတ်ညံ့လှစွာသော၊ ရွာသူရွာသားတို့၏ အကျင့်ဖြစ်သော၊ ပုထုဇ္ဇဉ်တို့ ပြုလုပ်ကြသော စသဖြင့် နာမဝိသေသနများ အမျိုးမျိုးပေးကာ သူတော်ကောင်းများနှင့် မအပ်စပ်ကြောင်း ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓဝါဒက ယုတ်ညံ့လှစွာသောဟု ကဲ့ရဲ့သော အိမ်ထောင်သားမွေးခြင်း အလုပ်ကိုပင် တမန်တော် မစွန့်လွှတ်နိုင်ခဲ့ပါ။ ရာဂကိလေသာတို့မှ မကင်းလွတ်ခဲ့ပါ။ အရဟံ အစရှိသော ဂုဏ်တော်ကိုးပါးတို့နှင့် ပြည့်စုံသော မေတ္တေယျဘုရားရှင်နှင့် ဘယ်လိုမှ နှိုင်းယှဉ်၍ မဖြစ်နိုင်ပါဟုသာ ကိုဌေးလွင်ဦး၏ သုတေသန ပြုချက်များအပေါ် ကန့်ကွက်ပြောဆိုပါရစေ။
အခြေအနေပေးလျှင် အခြားပို့စ်များအတွက်လည်း ဆက်လက်ဆွေးနွေးပါဦးမယ်။
ပေးစား (၁) (၂) (၃) ကို နံပါတ်များအား ကလစ်၍ ပြန်ဖတ်နိုင်ကြပါတယ်။ ယခုစာကိုလည်း သက်ဆိုင်ရာပို့မှာ ကွန်မန့်အဖြစ် သွားထည့်ပါမယ်။ အီးမေးဖြင့်လည်း ပေးပို့ပါဦးမယ်။

မင်းကြီးသင်္ခါသည် နောင်အခါပွင့်ပေါ်မည့် မေတ္တယျ (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ) ဘုရားရှင်အတွက် ရှေးပြေးနိမိတ် ဖြစ်သည်ဟု ဆိုထားသကဲ့သို့ အစ္စလာမ်ဘာသာဝင်တို့ နောက်ဆုံးပွင့်ဉာဏ်စဉ်တော်ဆောင်ဟု အခိုင်အမာ ယုံကြည်သော မုဟမ္မဒ်(မေတ္တာပို့ ခံထိုက်သူ) ကိုယ်တော်၏ ရှေးပြေး နိမိတ်မှာ ကိုယ်တော် အီဗရာဟီးမ် ဖြစ်ပေသည်။
သင်္ခစကြာမင်းသည် မေတ္တေယျ ဘုရားရှင်၏ ရှေ့ပြေးနိမိတ်ဟူသော အသုံးအနှုံးကို ပိဋကတော်တွင် မတွေ့မိပါ။ သင်္ခစကြာမင်းနှင့် မေတ္တေယျဘုရားရှင်တို့မှာ ခေတ် အားဖြင့် တစ်ချိန်တည်းဖြစ်သည်- လို့ နားလည်ရပါတယ်။ မင်းကြီးလည်း စကြာမင်း စည်းစိမ်ကို စွန့်လွတ်ကာ မေတ္တေယျဘုရားရှင်ထံတော်၌ မြင့်မြတ်သော ရဟန်းဘဝကို ခံယူ၍ ထိုဘဝမှာပင် ရဟန္တာအဖြစ်ကို ရရှိလိမ္မယ်ဟုသာ ပါရှိပါတယ်။
သုတ္တန်ပိဋက၊ ဒီဃနိကာယ၊ ပါထိကဝဂ်၊ ၃-စက္ကဝတ္တိသုတ်၊ မှ ကျမ်းစာ တစ်ပိုဒ်ကို ကူးယူဖော်ပြလိုက်ပါတယ်။
၁၀၈။ ရဟန်းတို့ ထိုအခါ သင်္ခစကြဝတေးမင်းသည် မဟာပနာဒမင်း၏ ဘုန်းကံကြောင့် သိကြားမင်းသည် ဝိသကြုံအား ဆောက်လုပ်စေအပ်သော ပြာသာဒ်ကို ထွက်ပေါ်စေ၍ (ထိုပြာသာဒ်၌) စိုးအုပ် နေပြီးသော် ထိုပြာသာဒ်ကို ပေးစွန့်၍ သမဏဗြာဟ္မဏ အထီးကျန်သူ ခရီးသွား ဧည့်သည် ဖုန်းတောင်းယာစကာတို့အား အလှူကို ပေးလှူလျက် ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော မေတ္တေယျ မြတ်စွာဘုရား အထံ တော်၌ ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လတ္တံ့။ ဤသို့ ဝင်ရောက်ပြီးသော် ထို (ရဟန်း) သည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ချည်းကပ်ပြီးလျှင် မမေ့မလျော့သော ‘သတိ’ ပြင်းစွာ အားထုတ်သော ‘ဝီရိယ’ တည်ကြည်သော ‘သမာဓိ’ ရှိသည်ဖြစ်၍ နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော အမျိုးကောင်းသားများ လိုလားအပ်သော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့။
ဒုတိယတစ်ချက် ပြောစရာရှိတာက ကိုဌေးလွင်ဦးရေးထားတဲ့ မေတ္တယျဆိုတာ စာလုံးပေါင်းမှားနေပါတယ်။ သဝေထိုးတစ်ခု ကျန်နေပါတယ်။ ဘုရားဘွဲ့တော် အမှန်မှာ မေတ္တေယျဖြစ်ပါတယ်။ သဝေထိုး တစ်လုံးကျန်သွားတော့ စာလုံးပေါင်းက မေတ္တာနဲ့ နီးစပ်သွားပါတယ်။ အရင်တုန်းကတော့ ဘုရားဘွဲ့တော်တွေရဲ့ အဓိပ္ပာယ်တွေကို စိတ်မဝင်စားခဲ့ပါ။ ဂေါတမဆိုသော ဘွဲ့တော်မှာ ဘုရားရှင်၏ အမျိုးအနွယ် နာမည်ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။ အဲဒါကြောင့် အခြားသော ဘုရားရှင်များမှာလည်း လူအမည်အားဖြင့် သီးခြားရှိပြီး၊ ဘုရားဖြစ်သောအခါ အမျိုးအနွယ်အမည်အားဖြင့် ထင်ရှားလာကြသည်- ဟုသာ အကြမ်းဖျင်းသဘောပေါက်ထားပါတယ်။ ကိုဌေးလွင်ဦးရဲ့ စာတွေကို ဖတ်ရခါမှ မေတ္တေယျဘုရားရှင်၏ အဓိပ္ပာယ်ကို ရှာဖွေရပါတော့တယ်။
ကံကောင်းသည်ပဲ ဆိုရမလားမသိ။ ကျွန်တော့်လက်ထဲမှာ ဦးအောင်မွန်(မြတ်ဆုမွန်)ရေးသားသော ပွင့်တောမူမည့် မြတ်စွာဗုဒ္ဓမေတ္တေယျ ကျမ်းစာအုပ် ရှိနေပါတယ်။
အဲဒီကျမ်းထဲမှာ ဆရာကြီး ဦးအောင်မွန်က အဘိဓာန်လေးအုပ်ကို ကိုးကားပြီး မေတ္တေယျ၏ အဓိပ္ပာယ်ကို ပြဆိုထားပါတယ်။
၁) မေတ္တေယျ= မေတ္တေယျဘုရားလောင်း။
မြတောင်ဆရာတော် ဦပဏ္ဍဝံသ၏ ပညတ်နက်ကျမ်း။ ၁၈၉၇-ခုနှစ်။ (စာမျက်နှာ-၃၀၉)။
၂) မေတ္တေယျ= မိတ်ဆွေနှင့်စပ်သော၊ မေတ္တေယျဘုရား။
လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ပါဠိအဘိဓာန်ချုပ်။ ၁၉၆၅-ခုနှစ် (စာမျက်နှာ-၃၇၄)။
၃) မေတ္တေယျ(မဲတြေယျ)= မိတ်ဆွေသို့သော။ မေတ္တေယျဘုရား။
ဦးဟုတ်စိန်၏ ပါဠိ-မြန်မာအဘိဓာန် တတိယပိုင်း။ ၁၉၅၆-ခုနှစ်။ (စာမျက်နှာ-၇၈၇)။
၎) မေတ္တေယျ(ပု)= (က) မေတ္တေယျဘုရား။ (ခ) မေတ္တေယျလုလင် (သုတ္တနိပါတပါဠိတော် ၌လာသော တိဿမေတ္တေယျလုလင်ကို ဆိုလိုသည်။ သုတ္တနိ။ ၄၉၉။ DPNN-II . 622.)
တိပိဋကပါဠ-မြန်မာအဘိဓာန်၊ အတွဲ-၁၆။ ၁၉၈၉-ခုနှစ်။ (စာမျက်နှာ-၈၁၅)။
အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ကြည့်ခြင်းဖြင့် မြန်မာပြည် ထေရဝါဒ စာပေများတွင် ဘုရား၏ ဘွဲ့တော်ကို အမည်အဖြစ်သာ ထားကြပြီး အဓိပ္ပာယ်မဖွင့်ဆိုကြတာကို တွေ့ရပါတယ်။ အဓိပ္ပာယ်ဖွင့်သောအခါတွင်လည်း ကိုဌေးလွင်ဦးယူသလို မေတ္တာပုဒ်ကို ယူကြသည် မဟုတ်ဘဲ မိတ်ဆွေဆိုသော ပုဒ်ကိုယူကြပါတယ်။
ဖော်ပြပါစာအုပ်၏ မေတ္တေယျ-ဟူသည် ခေါင်းစဉ်မှ နိဂုံးချုပ်စာကြောင်းကိုလည်း ကူးယူဖော်ပြပေးလိုက်ပါတယ်။
‘အရိမေတ္တေယျ’ ဟူသော ဘွဲ့တော်တွင် ‘မေတ္တေယျ’ သည် အနွယ်အမည် (ဂေါတ္တနာမ) ဖြစ်ပါက ထိုမေတ္တေယျ၏ အနက်ကို သီးခြားကြံဆရန်မလိုတော့ဘဲ ‘မြတ်သောမေတ္တေယျအနွယ်ဝင်ဘုရားရှင်’ ဟူ၍ အဓိပ္ပာယ်တစ်ရပ် ဖွင့်ဆိုနိုင်လေသည်။
ကိုဌေးလွင်ဦ ကြံဆထားသည့် (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ) ဟူသော အနက်ကို မတွေ့ရပါ။ ကိုးကားချက်လည်း မပြ၊ စာလုံးပေါင်းပါမှားယွင်းနေသည့်အတွက် ကိုဌေးလွင်ဦး၏ အမှားသာ ဖြစ်လိမ္မယ်လို့ ထင်မိပါတယ်။
မေတ္တာပို့ခံထိုက်သူ ဟူသော စကားနှင့် ပတ်သက်ပြီးလည်း အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာ အယူဝါဒ အလွန်ကွဲလွဲနေနိုင်ပါတယ်။
အစ္စလာမ်ဘာသာဝင် အများစုက မုဟမ္မဒ် အမည်ကိုရေးလျှင် ကွင်းစကွင်းပိတ်တွင်း၌ မြန်မာဘာသာဖြင့် (ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ)ဟူ၍ ဖြစ်စေ (ဆွ) ဟူ၍ ဖြစ်စေ အင်္ဂလိပ်ဘာသာဖြင့် (Peace be upon him) ဟူ၍ ဖြစ်စေ ရေးတတ်ကြတာကို သတိထားမိပါတယ်။ အဲဒီအမူအကျင့်ကို နားမလည်ပါ။ အခြားသူများထက် ပိုမိုပြီး သူ့ကိုလေးစာပါသည်ဟု ပြသော သဘောမဟုတ်ဘဲ အခြားသူများထက်သူ့အား ပိုချစ်၊ ပိုသနား၊ ပိုမိုမေတ္တာထားပါသည်- လို့သာ အဓိပ္ပာယ်ထွက်နေပါတယ်။ အခြားသော သတ္တဝါများထက် မုဟမ္မဒ်ကို ပိုမိုမေတ္တာထားဖို့၊ ပိုပြီးသနားဖို့ လိုအပ်တယ်လို့ ယုံကြည်ထားကြပါသလား။ မတူညီသော မေတ္တာတရားကရော အမှန်တကယ် သန့်ရှင်းသောမေတ္တာ ဟုတ်နိုင်ပါမလား။ မျက်နှာလိုက်သော၊ မျက်နှာချိုသွေးသော မေတ္တာမျိုးဖြစ်မနေနိုင်ဘူးလား။ ထိုသို့မဟုတ်ပါက မုဟမ္မဒ် မဟုတ်သူ အခြားမည်သည့် သတ္တဝါမှ မေတ္တာပို့မခံထိုက်ဘူး- လို့များ ဆိုလိုချင်ကြပါသလား။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များ မေတ္တာပို့လျှင် (၃၁) ဘုံကျင်လည်ကုန်သော ဟု အားလုံးခြုံပြီး ပို့တတ်ပါတယ်။ ဘုရားရှင်ကလည်း သတ္တဝါအားလုံးအပေါ်မှာ တူညီသော မေတ္တာထားဖို့ ဆုံးမထားပါတယ်။ နိဗ္ဗာန်ချမ်းသာမြတ်ကို စံဝင်သွားပြီးဖြစ်သော ပုဂ္ဂိုလ်များမှ အပ အားလုံးသော သတ္တဝါတို့ဟာ မေတ္တာပို့ခံထိုက်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အယူအရ တမန်တော် မုဟမ္မဒ်မှ မဟုတ် ငရဲ၊ တိရိစ္ဆာန်များမှ အစပြု၍၊ လူ၊နတ်၊ ဗြဟ္မာ အားလုံးသော သတ္တဝါတို့ဟာ (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ) များသာ ဖြစ်ကြပါတယ်။
ဗုဒ္ဓဝါဒမှ ဘုရားရှင်များနှင့် နှိုင်ယှဉ်ဖော်ပြမယ်ဆိုရင် ဗုဒ္ဓဝါဒမှ သတ်မှတ်သော စံသတ်မှတ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါလိမ္မယ်။
တမန်တော် မုဟမ္မဒ်နဲ့ အရိမေတ္တေယျဘုရားရှင်တို့ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်သော နောက်တစ်ချက်ကို ပြပါရစေ။ ကိုဌေးလွင်ဦး ကိုးကားသော စက္ကဝတ္တိသုတ်တော် မေတ္တေယျဘုရား ပွင့်တော်မူခြင်း အခန်းမှာ ဂေါတမဘုရားရှင်က နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားအကြောင်းဟောပြောရာတွင် အရဟံ ဂုဏ်တော်မှ အစပြု၍ ကိုးပါးစုံဂုဏ်တော်တို့ကို ထုတ်ဖော်ဟောကြားသွားပါတယ်။ အဓိပ္ပာယ်ကတော့ ရန်အပေါင်းကို အောင်နိုင်ပြီးဖြစ်သော၊ ကိလေသာ တို့မှကင်းစင်တောမူသော ရှေးဘုရားတို့နှင့်သာ တူတော်မူသော အတုမရှိ မြတ်စွာဘုရားလို့ ဆိုလိုက်ခြင်းသာဖြစ်ပါတယ်။
ဓမ္မစကြာသုတ်မှာလာရှိတဲ့ ဟီနော၊ ဂမ္မော၊ ပေါထုဇ္ဇနိကော ဆိုတဲ့ စကားအသုံးအနှုံးများကိုလည်း ပြန်လည် သတိရသင့်ပါတယ်။ အိမ်ထောင်သားမွေးခြင်း အလုပ်ကို ဗုဒ္ဓဘုရားရှင်က ယုတ်ညံ့လှစွာသော၊ ရွာသူရွာသားတို့၏ အကျင့်ဖြစ်သော၊ ပုထုဇ္ဇဉ်တို့ ပြုလုပ်ကြသော စသဖြင့် နာမဝိသေသနများ အမျိုးမျိုးပေးကာ သူတော်ကောင်းများနှင့် မအပ်စပ်ကြောင်း ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓဝါဒက ယုတ်ညံ့လှစွာသောဟု ကဲ့ရဲ့သော အိမ်ထောင်သားမွေးခြင်း အလုပ်ကိုပင် တမန်တော် မစွန့်လွှတ်နိုင်ခဲ့ပါ။ ရာဂကိလေသာတို့မှ မကင်းလွတ်ခဲ့ပါ။ အရဟံ အစရှိသော ဂုဏ်တော်ကိုးပါးတို့နှင့် ပြည့်စုံသော မေတ္တေယျဘုရားရှင်နှင့် ဘယ်လိုမှ နှိုင်းယှဉ်၍ မဖြစ်နိုင်ပါဟုသာ ကိုဌေးလွင်ဦး၏ သုတေသန ပြုချက်များအပေါ် ကန့်ကွက်ပြောဆိုပါရစေ။
အခြေအနေပေးလျှင် အခြားပို့စ်များအတွက်လည်း ဆက်လက်ဆွေးနွေးပါဦးမယ်။
ပေးစား (၁) (၂) (၃) ကို နံပါတ်များအား ကလစ်၍ ပြန်ဖတ်နိုင်ကြပါတယ်။ ယခုစာကိုလည်း သက်ဆိုင်ရာပို့မှာ ကွန်မန့်အဖြစ် သွားထည့်ပါမယ်။ အီးမေးဖြင့်လည်း ပေးပို့ပါဦးမယ်။

6 comments:
ဖတ် - မှတ် သွားပါကြောင်း။
သုခမိန်(E-Journal)
အေးဗျာ အဲဒီဘလော့ ကျွန်တော်ရောက်ပြီးပြီ ဘယ်လို မှစပ်စက်လို့မရတဲ့ ဘာသာတရားနှစ်ကို လာဆက်စပ် နေတာဘဲ အစ္စလာမ် ဘာသာအကြောင်းပြောပါ ဖြန့်ဝေပါ ကောင်းပါတယ် လေးစားပါတယ် မဆီမဆိုင် တွေပြောနေတာ မရိုးသားဘူး
ဒီပိုစ့်တွေ အတွက်..
သာဓုခေါ်ပါတယ်..
ရေးထားတာလေးတွေ တော်တော်လေး ကောင်းပါတယ်..
အားပေးနေပါ့မယ်..
ကိုသု၊ ကိုမျိုးဝင်းဇော် နဲ့ အမည်မသိသူ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း လက်လှမ်းမီသလောက်လေ့လာပြီး မှန်တယ်ထင်တာလေးတွေကို စာဖတ်သူတွေအတွက် တတ်နိုင်သလောက် ဖြန့်ဝေတာပါ။
What a shame! why do you need to compare Buddhism with Islam if you have believed it as the best. It's because you are afraid of the truth. You are afraid of a rapid spread of Islam. I commented on the first post about marrige of the Prophet. You can read more on
http://www.myanmarmuslimlibrary.co.cc/
There, you can find about those marriages+ rights of women in Islam. It is written in Burmese.
We put Peace be Upon him beside his name to make it difference. As we are teach to give our sons and daughters good names, most of them like to give his name Mohammad..and you can call every muslim with his name+ Muhammad. like for Ali, Mohamad Ali. So there will be billions of Mohammad ever exsisted on earth. How do you know you are talking about the Prophet? And of course it is to praise and wish well for his deeds. Besides, we have to say Peace be upon him or her for every nobles (prophets)..like to Jesus or Moses or Adam or others..It is not he is boast of himself and let his followers call him like that.
ကိုဌေးလွင်ဦးရဲ့ လုပ်ရပ်ကြောင့် ဗုဒ္ဓဝါဒနဲ့ အစ္စလာမ်ဝါဒကို နှိုင်းယှဉ်ဖို့ လိုအပ်လာတာပါ။
အမှန်တရားကို မကြောက်ပါ။ အစ္စလာမ်သာသနာ ကျယ်ပြန့်လာတာကိုလည်း မစိုးရိမ်ပါ။
ကျွန်တော်စိုးရိမ်တာ တစ်ခုတည်းပါ။ သူတော်ကောင်းတရားတို့ ကွယ်ပကုန်မှာကို စိုးရိမ်ခြင်းပါ။
ဒါဟာလည်း လောကအတွက်ပါ။ ကျွန်တော့်တွက် လုံးဝမပါဝင်ပါ။
ကျွန်တော်အနေနဲ့က ဒီဘဝမသေသေးသမျှ သူတော်ကောင်းတရား မကွယ်သေးပါ။ လေ့လာထားသမျှ ဦးဏှောက်ထဲမှာ အပြည့်ရှိပါတယ်။
Post a Comment