ကျွန်တော်လည်း အလိုလိုနေရင်းဆိုရင် အခြားဘလော့ဂ်တွေ ဖတ်တာ အားနည်းပါတယ်။ လောလောဆယ် ဖိုရမ်က ဆွေးနွေးပွဲတွေပိုပြီး ဖတ်ဖြစ်ပါတယ်။ စာဖတ်သူ phyo က ကျွန်တော့်ရဲ့ ထေရဝါဒ စေတီယ ပို့စ်မှာ အောက်ပါကွန်မန့်ကိုလာပေးပါတယ်။
ကိုရွက်ဝါရေ.. ဒီစာလေးဖတ်ရတာ သိပ်ကောင်းပါတယ်.. အဲဒီမှာ ကျနော်ဖတ်ဖူးတဲ့ နားထောင်ဖူးတဲ့ ဗဟုသုတလေးကိုလည်း ပေးပို့ချင်တော့.. email လိပ်စာလည်း မသိလို့ Comment Box မှာပဲ.. ပို့လိုက်တယ်ဗျာ. ကိုရွက်ဝါ သိပြီးသားလည်း ဖြစ်မှာပါ။.. ကျွန်တော်က အခြားသော မဖတ်ရသေး မသိသေးတဲ့သူတွေ ကိုရွက်ကိုဆီမှာ လာဖတ်ရင်း ဒါလေးကိုပါ. နောက်ဆက်တွဲ. သိစေချင်တဲ့.. စေတနာသက်သက်လေးပါ..
ကျနော်လေးစားတဲ့ Blogger တစ်ယောက်ရဲ့ ပို့စ်လေးပါ… မြန်မာပြည်မှာ စေတီပုထိုးတွေတည်ထားတဲ့ ဗိသုကာလက်ရာနဲ့ တည်ထားတဲ့ ပုံစံ ရဲ့ ရည်ရွယ်ချက်တွေပါ.. အပြည့်အစုံဖတ်မယ်ဆိုရင် မူရင်းမှာသွားဖတ်ရင်ပိုကောင်းမှာပါ။
ပြီးတော့ ဘလော့ဂ်ပို့စ်တစ်ခုကိုလည်း ကော်ပီကူးပြီး တင်ပေးသွားပါတယ်။ ဘလော့ဂ်မူရင်းကိုလည်း ပြသွားပါတယ်။ တကယ်တော့ ဒီစာကို ဖတ်ဖို့ ပထမညွှန်းသူက phyo ပါ။ ကျွန်တော်က သူပြောလို့ ဖတ်ကြည့်ပြီး ဆက်ညွှန်းလိုက်တာပါ။ သူပြောတဲ့ ဘလော့ဂါကတော့ ရေခဲပြင်မှာပွင့်တဲ့ပန်း သို့မဟုတ် ခွန်မြလှိုင် ပါ။ ဘလောဂ်ပို့စ်ကတော့ ဘုရားကို နှလုံးသားနဲ့ ထိထိမိမိဖူးကြမယ် ပို့စ် ပါ။ ကျွန်တော့်လည်း ဖတ်အပြီးမှာ အခြားသူတွေကိုပါ ဖတ်စေချင်တဲ့ စေတနာဖြစ်ရပါတယ်။ အထက်က phyo ပြောခဲ့သလိုပါပဲ။ အဲဒီပို့စ်မှာ မြန်မာတို့ရဲ့ ဗိသုကာ ပညာနဲ့ ပတ်သက်လို့ ရှင်းထားတာတွေ၊ ထေရဝါဒနဲ့အညီ တည်ထားတဲ့ စေတီမှာ ပါရှိသော စေတီရဲ့ အစိတ်အပိုင်း၊ ထီတော်ရဲ့အစိတ်အပိုင်း၊ စိန်ဖူးတော်တို့ ကို အဓိပ္ပာယ်နှင့်တကွ ရှင်းပြထားတာ အံ့သြလောက်စရာပါပဲ။ အဲဒါကြောင့် အချိန်ရတယ်ဆိုရင် ဖော်ပြပါ ပို့စ်ကို သွားပြီး အားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
စာဖတ်သူ phyo ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရေးတဲ့ အခြားပို့စ်တွေလည်း ဖတ်ပြီးသားဖြစ်ဖို့များပါတယ်။ မဖတ်ရသေးရင်လည်း အောက်ပါပို့စ်တွေကို ဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီပို့စ်တွေကို ကျွန်တော်ရေးခဲ့တဲ့ အဓိကရည်ရွယ်ချက်က ရုပ်ပွားဆင်းတုတော်တွေကို ဘာကြောင့် အရိုအသေအလေးအမြတ် ပြုနေကြတာလဲဆိုတာကို ရှင်းပြချင်လို့ပါ။ အဲဒါကြောင့် ကျွန်တော်ရဲ့ ထေရဝါဒ စေတီယ ပို့စ်က တစ်ခုတည်းဖတ်လို့ မပြည့်စုံပါဘူး။ အောက်ပါပို့စ် လေးခုလုံးကို ဖတ်ပြီးမှ နောက်ဆုံးကျွန်တော် အဓိက ပြောချင်တဲ့ အဓိပ္ပာယ်ကို ရောက်ပါလိမ္မယ်။
အရိုအသေပေးကြ သင်္ကေတ၊
သင်္ကေတအတွက် ဖြေရှင်းချက်၊
ထေရဝါဒစေတီယ၊
ရုပ်ပွားဆင်းတုတော်တွေကို ဘာကြောင့် အရိုအသေအလေးအမြတ်ပြုကြသလဲ
စာညွှန်းပို့စ်တင်လိုက်တာ အခြားသူရဲ့ စာထက် ကိုယ့်စာကိုညွှန်းတာ ပိုများသွားတယ်။ သီးခံပေးကြပါ။ phyo ကိုလည်း ဆက်လက်အာပေးပါဦး ဆက်လက်ပြီး အခုလို တန်ဖိုးရှိတဲ့ စာပေတွေတွေ့ရင်ညွှန်းပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဆက်သွယ်ရန် အီးမေးလိပ်စာလည်း အရင်ကတင်ဖူးတယ် တန်းပလိတ်အပြောင်းအလဲမှာ ပြန်ထည့်ဖို့မေ့ကျန်သွားတာပါ။ အခုပြန်တင်ပေးလိုက်ပါပြီ။





















1 comments:
အမြဲ အားပေးလျက်ပါ...
Post a Comment