လင်ပြိုင်၊ မယားပြိုင်ကိစ္စနဲ့ ဘာသာရေးဓမ္မ
အမျိုးသမီးတွေမှာတော့ ဘာကြောင့် ခင်ပွန်းတစ်ဦးတည်း ရှိသင့်တယ်-
အမျိုးသားတွေကတော့ တစ်ဦးထက်ပိုတဲ့ ဇနီး လက်ထပ်ယူပိုင်ခွင့် ရှိတယ်- …
ဆိုတာနဲ့ ပတ်သက်လို့ Susan က မရှင်းတတ်ဘူးဆိုပြီး အင်တာနက် စာမျက်နှာ အချို့ကို ညွှန်းတယ်။ ကျွန်တော်လည်း အဲဒီစာမျက်နှာကို ရောက်ပါတယ်။
ဒါပေမဲ့ အမျိုးသား၊ အမျိုးသမီး အိမ်ထောင်ပြုခွင့်နဲ့ ပတ်သက်လို့တော့ တစ်စုံတရာ မရခဲ့ဘူး။ ပျော်ရွှင်ကျေနပ်အောင် ပြုလုပ်ခဲ့ပါတယ် ဆိုတဲ့ စာမျက်နှာ ၅-ခု ရှိတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဘာသာပြန်လေးတစ်ခုရခဲ့တယ်။ စိတ်ပျက်စရာ တော်တော်ကောင်းပါတယ်။ ဘာသာရေး ဥပဒေတွေ၊ နိုင်ငံတော်ဥပဒေတွေကို ကောင်းကောင်းနားလည်တဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့၊ တာဝန်ယူမှုမရှိတဲ့၊ သစ္စာမဲ့တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရှက်မရှိ ကိုယ့်အကြောင်းကို ရေးပြထားခြင်းလို့ပဲ မြင်တယ်။ အတုယူစရာ ကျင့်ဝတ်တစ်စုံတရာ မတွေ့ရဘူး။ နောက်မှ ဝေဖန်ချက် ရေးပြီး ပို့စ်တင်ပါဦးမယ်။
အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်လို့ ဘာသာပြန်စာအုပ်တစ်အုပ် ဖတ်ဖူးတယ်။ ဆရာမကြီးဒေါက်တာလှလှဝင်း ပြန်တာပါ။ Susan ညွှန်းချင်တာ အဲဒီစာအုပ်လား မသိဘူး။ ကျွန်တော့်မှာ ရှိပါတယ်။ ဖတ်နေဆဲပါ။
**************************
Susan ကသေခြားရှင်းရှင်းလင်းလင်း မပြောတတ်ဘူးဆိုတဲ့ကိစ္စကို ကျွန်တော်အနေနဲ့ နားလည်ထားသလို ဆွေးနွေးကြည့်ချင်တယ်။ သဘာဝကျကျ အမြင်ရှင်းရှင်းနဲ့ တွေးပြီး ရေးထားပါတယ်။ လက်ခံတာမခံတာကတော့ စာဖတ်သူတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပါ။
ကျွန်တော့အမြင်ကတော့ အမျိုးသမီးတွေအတွက် အနည်းဆုံး/အများဆုံးယူသင့်သော ခင်ပွန်းအရေအတွက်၊ အမျိုးသားတွေအတွက် အနည်းဆုံး/အများဆုံး ယူသင့်သော ဇနီးအရေအတွကဆိုတာ ဘယ်သူမှ သတ်မှတ်လို့မရဘူး။ အဲဒါ ပုဂ္ဂိုလ်အပေါ်မှာ တည်နေတဲ့ တရားဖြစ်လို့ သဘာဝ အမှန်တရား မဟုတ်နိုင်ဘူး။ ဘာဖြစ်လို့ မရသလဲဆိုရင် အောက်မှာ အချက်အလက်လေးတွေ ထုတ်ပြမယ်။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်…
၁) သက်ရှိတွေဖြစ်တယ။်
၂) သွေးနဲ့ကိုယ်သားနဲ့ ကိုယ်ဖြစ်တယ်။
၃) ရာဂဆန္ဒဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။
၎) ကျန်းမာရေး အခြေအနေဟာ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။
၅) ရာဂဆန္ဒရော၊ ကျန်းမာရေးရောဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေတယ်။
၆) ရာဂဆန္ဒရော၊ ကျန်းမာရေးရောဟာ ပတ်ဝန်းကျင်နဲ့လိုက်ပြီး ပြောင်းလဲနေတယ်။…
အစရှိတဲ့ အချက်တွေကြောင့် ဘယ်သူမှ လူတိုင်းအတွက် သင့်တင့်လျောက်ပတ်တဲ့ အရေအတွက်ကို သတ်မှတ်ဖော်ထုတ်လို့မရနိုင်ဘူး။
သာမန်ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်အတွက် တစ်လင်တစ်မယား လက်ထပ်ခြင်းဟာ လုံလောက်မျှတနိုင်ပေမဲ့။ ရာဂဆန္ဒသိပ်ကြီးလွန်းပြီး ကျန်းမာသန်စွမ်းသူ ယောက်ျားတစ်ယောက်အတွက် ဇနီမယား များများ လိုအပ်နိုင်တယ်။ ရာဂဆန္ဒ သိပ်ကြီးလွန်းပြီး ကျန်းမာသန်စွမ်းတဲ့ မိန်းမအတွက်လည်း ထို့နည်းတူ ခင်ပွန်းများများ လိုအပ်နေနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီအရေအတွက်ဟာ သတ်မှတ်လို့မရနိုင်ဘူး။ သဘာဝဓမ္မအဖြစ် ဟောကြားအပ်တဲ့ ကိစ္စမဟုတ်ဘူး။ ဘာသာတရား အဆုံးအမတွေမှာ ဒါမျိုးတွေ မရှိသင့်ဘူး။
အဲဒါကြောင့် ဗုဒ္ဓက ဇနီးအရေအတွက်၊ ခင်ပွန်းအရေအတွက်တွေကို မပြဌာန်းခဲ့ဘူး။ အဲဒါသူ့အလုပ်လည်း မဟုတ်ဘူး။ ဘယ်လိုပုဂ္ဂိုလ်တွေဟာ မသွားလာအပ်ဘူး၊ သွားလာမိရင် မိစ္ဆာကာမဖြစ်တယ်၊ ဘယ်လိုနည်းလမ်းတွေဟာ မသွားလာအပ်ဘူး၊ သွားလာမိရင် မိစ္ဆာကာမဖြစ်တယ်ဆိုတာကို ပြဆိုခဲ့တယ်။ အကုသိုလ်ကံဖြစ်၏/မဖြစ်၏ကိုသာ ထောက်ပြခဲ့တယ်။ အဲဒါလည်း သဘာဝဓမ္မအဖြစ် သူ့အယအဆကို လူသားတွေအတွက် ဖော်ထုတ်ပြခဲ့ခြင်း သက်သက်ပါပဲ။ ဒါတော့လုပ်ရမယ်၊ ဟိုဟာ မလုပ်ရဘူး ဆိုတဲ့ သတ်မှတ်ချက်တွေ၊ ကန့်သတ်ချက်တွေ လုံးဝမပါဘူး။ သူ့စကားကို နားထောင်လို့ အကျိုးကျေးဇူးရှိတယ်ထင်ရင် နားထောင်၊ အကျိုးမထူးဘူးထင်ရင် နားမထောင်နဲ့။ သိပ်လွတ်လပ်တယ်။ မဂဓတိုင်း၊ ကောသလတိုင်း အစရှိတဲ့ တိုင်းပြည်ကြီးတို့ရဲ့ ဧကရာဇ်ဘုရင်တွေကို ကောင်းစွာစိုးမိုးနိုင်ခဲ့တဲ့ ဆရာတစ်ဆူဖြစ်ခဲ့ပေမဲ့၊ ကိုယ်တိုင်လည်း မဟာရာဇာတပါးကနေ တောထွက်လာတဲ့ တောနေရဟန်းတပါးဖြစ်ပေမဲ့ ဗုဒ္ဓက သူ့ဝါဒကို နိုင်ငံတော် ဥပါဒေဖြစ်အောင် မကြိုးစားခဲ့ဘူး။
နိုင်ငံတော် ဥပဒေတွေအနေနဲ့ တစ်လင်တစ်မယားစနစ်ကို ပြဌာန်းခြင်း၊ တစ်လင် လေးမယား စနစ်ကို ပြဌာန်းခြင်း၊ လင်ပြိုင်စနစ် ခွင့်ပြုခြင်း၊ မယားပြိုင်စနစ် ခွင့်ပြုခြင်းကတော့ အထူးပြောစရာမရှိပါဘူး။ နိုင်ငံသားတွေက စုပေါင်းရွေးချယ်ထားတဲ့၊ ဥပဒေ ပညာကိုနားလည်တဲ့ လူတွေက အညီအညွတ် နိုင်ငံအတွက် အကျိုးရှိစေနိုင်တဲ့ ပြဌာန်းချက်တစ်ခု ထားရှိခြင်းဟာ လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ဟာ သဘာဝဓမ္မ မဟုတ်ဘူး အများသဘောတူလို့ ပြဌာန်းထားတဲ့ စည်းကမ်းဥပဒေသာလျှင် ဖြစ်တယ်ဆိုတာ နားလည်ထားဖို့ အရေးကြီးပါတယ်။
ဥပမာပြောရရင် မသင်မနေရ ပညာရေး စနစ်မှာ အချို့နိုင်ငံတွေက မူလတန်းကလေး ကျောင်းအပ်သင့်တဲ့ အရွယ်ကို ၅-နှစ်လို့ သတ်မှတ်တယ်၊ အချို့က ၆-နှစ်လို့သတ်မှတ်တယ်။ အဲဒါ နိုင်ငံတစ်ခုရဲ့ ပညာရေး ဥပဒေပဲ အများစုနဲ့ သင့်တော်မယ်ထင်လို့ ပညာရှင်အများ ညီညွတ်လို့ ပြဌာန်းထားတာပဲ။ ကလေးတိုင်းဟာ အဲဒီအရွယ်မှာ အခြေခံပညာကို လက်ခံဖို့ အချိန်ကိုက် အဆင်သင့် ဖြစ်လာကြတယ်၊ လုံလောက်တဲ့ ရင့်ကျက်မှု ပြိုင်တူ ရရှိလာကြတယ်လို့ ဘယ်သူမှ ပြောလို့မရဘူး။ ပုဂ္ဂိုလ်လိုက်ပြီး ဖွံ့ဖြိုးမှု စောတာ နောက်ကျတာ ရှိနိုင်တယ်။
အဲဒါကြောင့် ပြောချင်တာက အစ္စလာမ်ဘာသာဝင်တွေ လက်ခံထားတဲ့ ယောက်ျားတစ်ယောက်ဟာ ဇနီး ၄-ယောက်အများဆုံး ယူနိုင်ခွင့်ရှိတယ်ဆိုတာ- သဘာဝဓမ္မမဟုတ်ဘူး။ ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ဘဝအတွေ့အကြုံကနေရလာတဲ့ တွေ့ရှိချက်သာလျှင်ဖြစ်လိမ္မယ်။ လူတိုင်းနဲ့ သင့်တော်မှာ မဟုတ်ဘူး။ အချို့လူတွေအတွက် ၄-ယောက်မကလည်း လိုအပ်နိုင်တယ်။ မိန်းမများအတွက် ခင်ပွန်းတစ်ယောက်သာ လက်ထပ်ခွင့်ရှိသင့်တယ် ဆိုတဲ့ အချက်လည်း အလားတူသုံးသပ်လို့ရတယ်။

၅) * I couldn't say it clearer than what i said for why a lady should married and why are guys allowed to have wives more than one while women r to have only one husband. It is better to read an answer of a learned man. Pls go to
http://www.myanmarmuslimlibrary.co.cc/
and read a book about women's right in islam. it's meant to be written for non-muslims by a learned man
Susan ကသေခြားရှင်းရှင်းလင်းလင်း မပြောတတ်ဘူးဆိုတဲ့ကိစ္စကို ကျွန်တော်အနေနဲ့ နားလည်ထားသလို ဆွေးနွေးကြည့်ချင်တယ်။ သဘာဝကျကျ အမြင်ရှင်းရှင်းနဲ့ တွေးပြီး ရေးထားပါတယ်။ လက်ခံတာမခံတာကတော့ စာဖတ်သူတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပါ။
ကျွန်တော့အမြင်ကတော့ အမျိုးသမီးတွေအတွက် အနည်းဆုံး/အများဆုံးယူသင့်သော ခင်ပွန်းအရေအတွက်၊ အမျိုးသားတွေအတွက် အနည်းဆုံး/အများဆုံး ယူသင့်သော ဇနီးအရေအတွကဆိုတာ ဘယ်သူမှ သတ်မှတ်လို့မရဘူး။ အဲဒါ ပုဂ္ဂိုလ်အပေါ်မှာ တည်နေတဲ့ တရားဖြစ်လို့ သဘာဝ အမှန်တရား မဟုတ်နိုင်ဘူး။ ဘာဖြစ်လို့ မရသလဲဆိုရင် အောက်မှာ အချက်အလက်လေးတွေ ထုတ်ပြမယ်။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်…
၁) သက်ရှိတွေဖြစ်တယ။်
၂) သွေးနဲ့ကိုယ်သားနဲ့ ကိုယ်ဖြစ်တယ်။
၃) ရာဂဆန္ဒဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။
၎) ကျန်းမာရေး အခြေအနေဟာ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။
၅) ရာဂဆန္ဒရော၊ ကျန်းမာရေးရောဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေတယ်။
၆) ရာဂဆန္ဒရော၊ ကျန်းမာရေးရောဟာ ပတ်ဝန်းကျင်နဲ့လိုက်ပြီး ပြောင်းလဲနေတယ်။…
အစရှိတဲ့ အချက်တွေကြောင့် ဘယ်သူမှ လူတိုင်းအတွက် သင့်တင့်လျောက်ပတ်တဲ့ အရေအတွက်ကို သတ်မှတ်ဖော်ထုတ်လို့မရနိုင်ဘူး။
သာမန်ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်အတွက် တစ်လင်တစ်မယား လက်ထပ်ခြင်းဟာ လုံလောက်မျှတနိုင်ပေမဲ့။ ရာဂဆန္ဒသိပ်ကြီးလွန်းပြီး ကျန်းမာသန်စွမ်းသူ ယောက်ျားတစ်ယောက်အတွက် ဇနီမယား များများ လိုအပ်နိုင်တယ်။ ရာဂဆန္ဒ သိပ်ကြီးလွန်းပြီး ကျန်းမာသန်စွမ်းတဲ့ မိန်းမအတွက်လည်း ထို့နည်းတူ ခင်ပွန်းများများ လိုအပ်နေနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီအရေအတွက်ဟာ သတ်မှတ်လို့မရနိုင်ဘူး။ သဘာဝဓမ္မအဖြစ် ဟောကြားအပ်တဲ့ ကိစ္စမဟုတ်ဘူး။ ဘာသာတရား အဆုံးအမတွေမှာ ဒါမျိုးတွေ မရှိသင့်ဘူး။
အဲဒါကြောင့် ဗုဒ္ဓက ဇနီးအရေအတွက်၊ ခင်ပွန်းအရေအတွက်တွေကို မပြဌာန်းခဲ့ဘူး။ အဲဒါသူ့အလုပ်လည်း မဟုတ်ဘူး။ ဘယ်လိုပုဂ္ဂိုလ်တွေဟာ မသွားလာအပ်ဘူး၊ သွားလာမိရင် မိစ္ဆာကာမဖြစ်တယ်၊ ဘယ်လိုနည်းလမ်းတွေဟာ မသွားလာအပ်ဘူး၊ သွားလာမိရင် မိစ္ဆာကာမဖြစ်တယ်ဆိုတာကို ပြဆိုခဲ့တယ်။ အကုသိုလ်ကံဖြစ်၏/မဖြစ်၏ကိုသာ ထောက်ပြခဲ့တယ်။ အဲဒါလည်း သဘာဝဓမ္မအဖြစ် သူ့အယအဆကို လူသားတွေအတွက် ဖော်ထုတ်ပြခဲ့ခြင်း သက်သက်ပါပဲ။ ဒါတော့လုပ်ရမယ်၊ ဟိုဟာ မလုပ်ရဘူး ဆိုတဲ့ သတ်မှတ်ချက်တွေ၊ ကန့်သတ်ချက်တွေ လုံးဝမပါဘူး။ သူ့စကားကို နားထောင်လို့ အကျိုးကျေးဇူးရှိတယ်ထင်ရင် နားထောင်၊ အကျိုးမထူးဘူးထင်ရင် နားမထောင်နဲ့။ သိပ်လွတ်လပ်တယ်။ မဂဓတိုင်း၊ ကောသလတိုင်း အစရှိတဲ့ တိုင်းပြည်ကြီးတို့ရဲ့ ဧကရာဇ်ဘုရင်တွေကို ကောင်းစွာစိုးမိုးနိုင်ခဲ့တဲ့ ဆရာတစ်ဆူဖြစ်ခဲ့ပေမဲ့၊ ကိုယ်တိုင်လည်း မဟာရာဇာတပါးကနေ တောထွက်လာတဲ့ တောနေရဟန်းတပါးဖြစ်ပေမဲ့ ဗုဒ္ဓက သူ့ဝါဒကို နိုင်ငံတော် ဥပါဒေဖြစ်အောင် မကြိုးစားခဲ့ဘူး။
နိုင်ငံတော် ဥပဒေတွေအနေနဲ့ တစ်လင်တစ်မယားစနစ်ကို ပြဌာန်းခြင်း၊ တစ်လင် လေးမယား စနစ်ကို ပြဌာန်းခြင်း၊ လင်ပြိုင်စနစ် ခွင့်ပြုခြင်း၊ မယားပြိုင်စနစ် ခွင့်ပြုခြင်းကတော့ အထူးပြောစရာမရှိပါဘူး။ နိုင်ငံသားတွေက စုပေါင်းရွေးချယ်ထားတဲ့၊ ဥပဒေ ပညာကိုနားလည်တဲ့ လူတွေက အညီအညွတ် နိုင်ငံအတွက် အကျိုးရှိစေနိုင်တဲ့ ပြဌာန်းချက်တစ်ခု ထားရှိခြင်းဟာ လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ဟာ သဘာဝဓမ္မ မဟုတ်ဘူး အများသဘောတူလို့ ပြဌာန်းထားတဲ့ စည်းကမ်းဥပဒေသာလျှင် ဖြစ်တယ်ဆိုတာ နားလည်ထားဖို့ အရေးကြီးပါတယ်။
ဥပမာပြောရရင် မသင်မနေရ ပညာရေး စနစ်မှာ အချို့နိုင်ငံတွေက မူလတန်းကလေး ကျောင်းအပ်သင့်တဲ့ အရွယ်ကို ၅-နှစ်လို့ သတ်မှတ်တယ်၊ အချို့က ၆-နှစ်လို့သတ်မှတ်တယ်။ အဲဒါ နိုင်ငံတစ်ခုရဲ့ ပညာရေး ဥပဒေပဲ အများစုနဲ့ သင့်တော်မယ်ထင်လို့ ပညာရှင်အများ ညီညွတ်လို့ ပြဌာန်းထားတာပဲ။ ကလေးတိုင်းဟာ အဲဒီအရွယ်မှာ အခြေခံပညာကို လက်ခံဖို့ အချိန်ကိုက် အဆင်သင့် ဖြစ်လာကြတယ်၊ လုံလောက်တဲ့ ရင့်ကျက်မှု ပြိုင်တူ ရရှိလာကြတယ်လို့ ဘယ်သူမှ ပြောလို့မရဘူး။ ပုဂ္ဂိုလ်လိုက်ပြီး ဖွံ့ဖြိုးမှု စောတာ နောက်ကျတာ ရှိနိုင်တယ်။
အဲဒါကြောင့် ပြောချင်တာက အစ္စလာမ်ဘာသာဝင်တွေ လက်ခံထားတဲ့ ယောက်ျားတစ်ယောက်ဟာ ဇနီး ၄-ယောက်အများဆုံး ယူနိုင်ခွင့်ရှိတယ်ဆိုတာ- သဘာဝဓမ္မမဟုတ်ဘူး။ ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ဘဝအတွေ့အကြုံကနေရလာတဲ့ တွေ့ရှိချက်သာလျှင်ဖြစ်လိမ္မယ်။ လူတိုင်းနဲ့ သင့်တော်မှာ မဟုတ်ဘူး။ အချို့လူတွေအတွက် ၄-ယောက်မကလည်း လိုအပ်နိုင်တယ်။ မိန်းမများအတွက် ခင်ပွန်းတစ်ယောက်သာ လက်ထပ်ခွင့်ရှိသင့်တယ် ဆိုတဲ့ အချက်လည်း အလားတူသုံးသပ်လို့ရတယ်။

2 comments:
အေးဗျာ.. ကိုယ်တိုင် မိန်းမ ၄ ယောက် ၅ ယောက် မတရားရချင်.. တဏှာအားကောင်းတဲ့သူကတော့..သူ.နောက်လိုက်တဲ့သူကို.. ဒီအတိုင်း တိုက်တွန်း.. လမ်းညွန်မှာပဲဗျ.. ဒါက မဆန်းပါဘူး..သူ့ လိုဘကို တရားဝင်အောင် လုပ်ရတာကို..သနားစရာတော့ ကောင်းပါတယ်..
စဉ်းစားမယ်ဆိုရင်.. အဖြေက ပေါ်နေတာပဲ..
တချို့ ဒေသတွေ အရပ်တွေမှာ အထူးသဖြင့်.. ကိုယ်ကျင့်တရား နဲ့  personality နိမ့်ကျတဲ့သူတွေရဲ့ ဝန်းကျင်မှာ အလားတူ. အဖြစ်မျိုးတွေ ပြောဆိုဆုံးမတာတွေ..တွေ့ နေရတာပါပဲ..ဒါမှ သူလုပ်နေတာတွေကို သူများက အဟုတ်ထင်မှာ.. လက်ခံမှာကို..
သာမန် ပုထုဇဉ် တစ်ယောက်ကိုတော့.. ခွင့်လွတ်လို့ ရပါတယ်.. ဒါပေမယ့် အခွင့်အာဏာနဲ့  လူအသိုင်းအ၀ိုင်းကို.. ဦးဆောင်နေတဲ့ သူတစ်ယောက်က.. ဒီလို ပြောဆိုဆုံးမ လမ်းညွန်တာမျိုးကျတော့..
ညဏ်ရှိတဲ့.. အများကောင်းကျိုးလိုလာတဲ့.. သာမန်လူတစ်ယောက်ကတောင် ပြောမှာ မဟုတ်ပါဘူးဗျာ...
ခက်ပါတယ်..
တရားကို စာအုပ်မဖုံးပါစေနဲ့ရယ်လို့ပါပဲ..
ကျနော့်ဆီမှာ အနာဂတ်သာသနာဘေး တွေ တင်ပေးနေတာ နှစ်ခါရှိပါပြီဗျာ..။
ဒါတွေပါပဲ..။
Post a Comment