မေးခွန်း(၁)
မုဟမ္မဒ်ရဲ့ ဝါဒအရ အိမ်ထောင်သားမွေးခြင်းဟာ အပြစ်မရှိပါ။ အပြစ်မရှိယုံသာမဟုတ်သေး သာသနာတာဝန်တစ်ဝက်ကို ကျေပွန်စေသော သာသနာ့ကိစ္စဖြစ်ပါတယ်။ ယောက်ျားများကို မိန်းမ ၁-ယောက်မှ ၄-ယောက်ထိ ယူခွင့်ပြုပါတယ်။ သူကိုယ်တိုင်တော့ အရေအတွက်များစွာ ယူခဲ့ပါတယ်။ လွဲမှားသော ကာမမှုတို့ကို မပြုကြဖို့ လမ်းညွှန်ချက်တွေတော့ ရှိတန်သလောက်ရှိပါတယ်။ မအပ်သော မိန်းမတွေကို ရေတွက်ပြထားပါတယ်။ ဒါပေမဲ့ စစ်မြေပြင်မှ ဖမ်းဆီးခံခဲ့ရသော မိန်းမများကိုတော့ ဆက်ဆံခွင်ပြုပါတယ်။ သူကိုယ်တိုင်အတွက်ကတော့ မအပ်သောမိန်းမ မရှိဘူးလို့ ဆိုရလောက်အောင် မိန်းမအတော်များများနှင့် အပ်တဲ့အကြောင်း တမန်တော်မြတ်အတွက် အထူးအခွင့်အရေးအဖြစ် အလ္လာအရှင်မြတ်က ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ရာဂကိလေသာကို ငြိမ်းအေးစေခြင်း အတွက် အကျိုးပြုစေနိုင်သော သမထကျင့်စဉ် ဝိပဿနာကျင့်စဉ် တစ်စုံတရာမတွေ့ရပါ။ ပိုဆိုးသည်မှာ အမျိုးသမီးများက မလုံမခြုံဝတ်ဆင်သောကြောင့် မတရားကျင့်မှုများဖြစ်ပွားခဲ့လျှင် ပြုကျင့်သူယောက်ျားထက် မလုံအခြုံဝတ်ဆင်သူ အမျိုးသမီ၌သာ အပြစ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဗုဒ္ဓဝါဒနဲ့ တိုက်ဆိုင်စစ်ဆေးမယ်ဆိုရင် အာရုံ၏ အပြစ်ကိုသာ မြင်ပြီး၊ အာယတနရဲ့အပြစ်၊ ဖဿဖြစ်ခြင်းရဲ့အကြောင်း၊ ဝေဒနာအပေါ်ထားရှိသော နှလုံးသွင်းမှန်မှု/မှားမှု တို့ကို လုံးဝသုံးသတ်ခြင်းမရှိတာ ကိုတွေ့ရပါတယ်။
ကာမမှုနဲ့ ပတ်သက်လို့ ဗုဒ္ဓဝါဒနဲ့ မုဟမ္မဒ်ရဲ့ ဝါဒ မည်မျှကွာဟနေလဲ၊ အတွေးအခေါ်ပိုင်းအတိမ်အနက်နဲ့ ကာမစ္ဆန္ဒ အပေါ်ထားရှိတဲ့ အမြင်တွေ ဘယ်လောက်ကွဲလွဲနေသလဲ-ဆိုတာကို ဒီလောက်ဆိုရင် ကိုဌေးလွင်ဦး သတိထားမိမှာပါ။
ကာမဂုဏ်မီဝဲခြင်းနဲ့ ပတ်သက်လို့ ဗုဒ္ဓရဲ့ဝါဒနဲ့ မုဟမ္မဒ်ရဲ့ဝါဒ မတူညီကြောင်းကို ဖော်ပြခဲ့တော့ ကိုဌေးလွင်ဦးက လူပျိုဘုရားရှိသလား၊ ရှိရင်ပြပါ- လို့ဆိုလာတယ်။ ဗုဒ္ဓမဖြစ်ခင်က အလောင်းတော် မင်းသားဟာ အိမ်ထောင်သားမွေးပြုခဲ့တာမှန်တယ်။ အဲဒီမှာ ပိုမိုပြည့်စုံသွားအောင်၊ အစွန်း ၂-ပါးလုံးပါအောင် ဖြည့်စွက်ပြီး ရှင်းလင်းစရာရှိပါတယ်။
ဗုဒ္ဓအလောင်းတော်ဟာ မင်းသားဘဝ နန်းစည်းစိမ်ခံစားစဉ်က အိမ်ထောင်သားမွေး လုပ်ခဲ့တာမှန်တယ်။ အဲဒီအချိန်က သူဟာ ဘုရင့်သားတော် မင်းသားတစ်ပါးပါ။ ဗုဒ္ဓ မဖြစ်သေးပါ။ ဒီလိုနေခဲ့လို့ ဗုဒ္ဓဖြစ်ခဲ့တာလည်း မဟုတ်ပါ။ ဗုဒ္ဓဖြစ်ပြီးနောက်လည်း အိမ်ထောင်သားမွေးခြင်းမှ ကင်းရှင်းခဲ့ပြီး ပို့လည်း မပို့ချခဲ့ပါ။ လက်ထပ်ပွဲများကိုလည်း ကျင်းပမပေးခဲ့ဖူးပါ။
ဘုရားအဖြစ်ကိုရဖို့ တောထွက်ပြီး တရားကျင့်တော့လည်း လမ်းမှားကို လိုက်ပြီး ပင်ပန်းဆင်းရဲတဲ့ အကျင့်နဲ့ ၆-နှစ်ကြာ ဒုက္ခတွေ ရောက်ခဲ့ရပါတယ်။ အဲဒီတုန်းကလည်း သူဟာ တရားရှာသူ တောနေ သူတော်ကောင်း တစ်ယောက်ပါ။ ဗုဒ္ဓမဖြစ်သေးပါ။ အဲဒီကျင့်စဉ်ကြောင့် ဗုဒ္ဓဖြစ်လာတယ်လို့လည်း မဆိုပါ။ ဗုဒ္ဓဖြစ်ပြီးတဲ့ နောက်ပိုင်းမှာလည်း ခန္ဓာကိုယ်ပင်ပန်းဆင်းရဲအောင် ကျင့်ကြံသော နည်းလမ်းများကို စွန့်လွှတ်ခဲ့ပါတယ်။ အဲဒီကျင့်စဉ်ရဲ့ အပြစ်တို့ကိုသာ ပြောပြခဲ့ပါတယ်။
အဲဒီတော့ မေးပါ့မယ်။ ကိုဌေးလွင်ဦးအနေနဲ့ အိမ်ထောင်သားမွေးခြင်းကို ဖြစ်စေ၊ အပင်ပန်းအဆင်းရဲခံ ကျင့်ကြံအားထုတ်ခြင်းကိုဖြစ်စေ၊ ၂-ရပ်လုံးကိုဖြစ်စေ ဗုဒ္ဓဝါဒလို့မျာ ခံယူထားသလား။ (ကိုဌေးလွင်ဦးဖြေပေးပါ။) အဲဒီအပေါ်မှာ ကိုဌေးလွင်ဦးရဲ့ သဘောထားကို သိရမှ ကျွန်တော်တို့ ဆွေးနွေးမှုဟာ ဘုံသဘောတူညီချက် တစ်ခုဆီကို ချည်းကပ်နိုင်မှု ရှိ/မရှိကို သိနိုင်မှာပါ။ ကျွန်တော်ကတော့ အထက်က ကျင့်စဉ် ၂-ရပ်လုံးကို ဗုဒ္ဓဝါဒအဖြစ် လက်မခံပါ။
လေးစားစွာဖြင့်
ရွက်ဝါ။
*********************************************************************
မေးခွန်း (၁) အဖြေ ပထမပိုင်း (ဒုတိယ ပိုင်းကို ဆက်ပို့ပါမယ်)
ရွက်ဝါရဲ့မေးခွန်းက ကိုဌေးလွင်ဦးအနေနဲ့ အိမ်ထောင်သားမွေးခြင်းကို ဖြစ်စေ၊ အပင်ပန်းအဆင်းရဲခံ ကျင့်ကြံအားထုတ်ခြင်းကိုဖြစ်စေ၊ ၂-ရပ်လုံးကိုဖြစ်စေ ဗုဒ္ဓဝါဒလို့များ ခံယူထားသလား။ လို့မေးပါတယ်။ ရွက်ဝါကြားဘူးတဲ့ အတိုင်းဖြေရင်တော့- မဟုတ်ဘူးပေါ့ဗျာ၊ ဒီဝါဒတွေဟာ ဗုဒ္ဓစာပေ အဆိုအရ ဒိဌိ ရဟန်းတွေ (ဗုဒ္ဓရဟန်းများကဲ့သို့ ဆံပယ်။ သင်္ကန်းရုံသော်လည်း ဗုဒ္ဓရဟန်းမဟုတ်သော အခြား ရဟန်းများ) ကျင့်ကြံတဲ့ အစွန်းရောက် အကျင့်တွေပေါ့။ ဗုဒ္ဓက အလယ်အလတ်လမ်းစဉ်ကို လိုက်တာ ဆိုတော့ အစွန်းတွေက လွတ်တယ်ပေါ့။
ဒါပေမယ့် ကျွန်တော့ အယူအဆ အရဖြေရင်တော့- ရွက်ဝါ မေးတဲ့မေးခွန်းတွေကို မဟုတ်ဘူးလို့ ဆိုဘို့ အကြောင်းပြချက် မခိုင်လုံပါ။ လို့ ဖြေရမှာပါ။
ဘာကြောင့်လဲဆိုတော့- ဗုဒ္ဓဘာသာဝင်တွေကို အိမ်ထောင်ယူသားမွေးခြင်းမှ ပိတ်ပင်တားမြစ်ထား ကြောင်း ဗုဒ္ဓတရားတော်မှာ မပါဝင်လို့ပါ၊ ပြီးတော့ အိမ်ထောင်ယူ သားမွေးခြင်းပြုသူတွေကို ဗုဒ္ဓဘာသာ စာရင်းက ပါယ်ဖျက်ပစ်တာလဲ မရှိပါ။
ရဟန်းသံဃာဆိုတဲ့ လူတန်းစားတစ်ရပ် အတွက် ပါရာဇိကံ လေးပါးမှာ မေထုံမှီဝဲခြင်းမှ ရှောင်ကြည်ဘို့ ပြောထားတာ တွေ့ရပေမယ့် အဲ့ဒီပညတ်ဟာ ဗုဒ္ဓဘာသာထု တစ်ရပ်လုံးအတွက် ကိုယ်စားပြုခြင်း မဟုတ်ပါ။ ဒီ ပါရာဇိကံ ဆိုတဲ့ ၀ိနည်းဟာလည်း စဉ်းစားစရာထဲမှာ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်နိုင်ငံမှာ လက်ရှိရှိနေတဲ့ ဇင်ဗုဒ္ဓဂိုဏ်းကွဲ တစ်ချို့က ဗုဒ္ဓရဟန်းတွေဟာ အိမ်ထောင်ယူထာကို တွေ့နေရပါတယ်။ ဒါကြောင့် ဗုဒ္ဓရဟန်းတွေ အိမ်ထောင်သားမွေးခြင်းက ရှောင်ကြဉ်နေတာဟာ ဗုဒ္ဓခေတ်မတိုင်မှီကဘဲ အန္ဒိယပြည်၊နီပေါလ်ဒေသ တလျှောက်ကို သြဇာလွှမ်းမိုးခဲ့တဲ့ ဂျူးတို့ရဲ့ ရှေးဟောင်း အယူမဖြစ်နိုင်ဘူးလားလို့ သုံးသပ်စရာရှိပါတယ်။ ဗုဒ္ဓဘာသာနဲ့ ဂျူးဘာသာကို ခုနှစ်အရ နှိုင်းယှဉ်ရင် ဂျူးဘာသာက အရင်ပေါ်ပေါက်ခဲ့ပါတယ်။ ဂျူးဘုန်းကြီး (ရဗ်ဘိုင်)များဟာ အိမ်ထောင်ယူ သားမွေးခြင်းကို အပြစ်ကြီးတစ်ခုလို့ သတ်မှတ်ထားပါတယ်။ ဒီဝါဒဟာ ခရစ်ယာန်ဘာသာကိုလည်း အကြီးအကျယ် လွှမ်းမိုးထားပါတယ်။ ခရစ်ယာန် (ရိုမန်ကက်သလစ်) ဘုန်းကြီးတွေဟာ အိမ်ထောင်ယူ သားမွေးခြင်းကို ရှောင်ကြဉ်ကြပါတယ်။
ဂျုးလူမျိုးတွေဟာ အီဂျစ်ဘုရင်များ။ ရောမ ဘုရင်များရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်က လွတ်မြောက်ကြောင်းကို ရှာရင်း ဒီနေ့ အာဖဂန်နစ္စတန်လို့ ခေါ်တဲ့ဒေသနဲ့ ကက်ရှ်မီးယား ဒေသများသို့ ပြန့်နှံ့ခဲ့ပါတယ်။ ဒီနေ့ အာဖဂန်တွေ။ ကက်ရှ်မီရီတွေဟာ အစ္စလာမ်သာသနာဝင်တွေ ဖြစ်ပေမယ့် သူတို့တွေဟာ ဂျူးလူမျိုး အစစ်တွေဖြစ်ပါတယ်။ သူတို့ကိုယ် သူတို့လည်း (ဘနီးလ် အစ္စရေးလ်) အစ္စရေးလ်၏ သားမြေးများ လို့ ဒီနေ့ထိ အခိုင်အမာ ဆိုနေပါတယ်။ ဗုဒ္ဓပွင့်ပေါ်ပြီး သူတို့ဟာ ဗုဒ္ဓဘာသာကို လက်ခံခဲ့ပါတယ်။ ဗုဒ္ဓတက္ကသိုလ်ကြီးတွေလည်း ထူထောင်ခဲ့ပါတယ်။ ဗုဒ္ဓသမိုင်းမှာ ကက်ရှ်မီးယားကို သာဝတ္တိဝတီ လို့ခေါ်ပါတယ်။ ရှေးဟောင်း ဂျူးတို့ဟာ ရိုးရာယဉ်ကျေးမှု အမွေအဖြစ် သူတို့ကို အုပ်ချုပ်ခဲ့တဲ့ ရှေးအီဂျစ်လူမျိုးတွေ ဆီက ရခဲ့ပြီး သူတို့သယ်ဆောင်လာတဲ့ နွားကိုးကွယ်မှု နဲ့ အခြားသော မရေတွက်နိုင်တဲ့ အမွေတွေကို အိန္ဒိယ တိုက်ကို အမွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတောင် မနုသီဟ လို ရုပ်ပွားတွေဟာ သူတို့ ယူလာတဲ့ ရှေးဟောင်း အီဂျစ်အမွေတွေ ဖြစ်ပါတယ်။ ဗုဒ္ဓဟာ ၀ိနည်းတွေကို ကြိုတင် ချမှတ်ခဲ့တာ မဟုတ်ဘဲ အချေအနေကြုံလာမှ အချေအနေပေါ်မူတည်ပြီး ပညတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ သာဝက တွေထဲမှာ ရိုးရာအစွဲတွေပါလာနိုင်ပါတယ်။ ဘိက္ခူနီသာသနာကိုကြည့်ရင်လည်း ဒီဝါဒကို ထူထောင်ဘို့ ဗုဒ္ဓနဲ့ ညီတော်အာနန္ဒာဟာ အချေအတင် ပြောဆိုခဲ့ရပါတယ်။ အာနန္ဒက ဘိက္ခူနီသာသနာ ထူထောင်မယ့် ဘက်ကပါ။ ဗုဒ္ဓက အစပိုင်းမှာ လက်မခံခဲ့ပါဘူး။ နောက်ပိုင်းမှာမှ လက်ခံလိုက်လျှော လာတာကို တွေ့ရပါတယ်။ ဒီလိုပါပဲ- ပကတိ လူသားစင်စစ်ကို လူနဲ့ ရဟန်းလို့ လူနှစ်မျိုး ခွဲခြားပစ်တာ ရှေးဟောင်း အယူအဆတွေ ရောနိုင်ပါတယ်။ (ဒီသမိုင်းတွေကို စနစ်တကျ လေ့လာသင့်ပါတယ်)။
အစ္စလာမ်သာသနာကတော့ လောကရဲ့ မူလဓမ္မကို ပြဌာန်းတဲ့ တရားတော်ရဲ့ ဇစ်မြစ်ရှင် ပရမတ်ဘုရား ရှင် (အလ္လာဟ်)က လူဟာ လူသာ ဖြစ်တယ်။ ဘုန်းကြီးရဟန်း လူတန်းစားကို လောကဓမ္မပညတ်၌ သီးခြား ပညတ်ထားခြင်း မရှိလို့ ဆိုထားပါတယ်။ ဒီအတွက်လည်း လောကရဲ့နောက်ဆုံးပွင့် ဥာဏ်စဉ်တော်ဆောင် ကိုယ်တော်မုဟမ္မဒ်ဟာ လူသားအပေါင်းရဲ့ စံပြဖြစ်အံ့ငှာ လူသား သဘာဝ သီးခြားဖြစ်သော လူတန်းစား လက္ခဏာနဲ့ မရပ်တည်ခဲ့ပါဘူး။ သူသာ ဒီစနစ်ကို တည်ထောင်ခဲ့ရင် ဒီနေ့ ကမ္ဘာမှာ ဘုန်းကြီးရဟန်း လူတန်းစားရဲ့ အကြီးကျယ်ဆုံး ဂိုဏ်းကြီးဟာ အစ္စလာမ် ဖြစ်နေမှာ သေချာပါတယ်။ သူက သူ့ခေတ် သူ့စတိုင်လ်နဲ့ မုတ်ဆိတ်မွေးလေး ထားခဲ့တာတောင် သူ့လို မုတ်ဆိတ်ထားကြပါလို့ မှာခဲ့တာ။ ပြောခဲ့တာ မရှိဘဲ ဒီနေ့ မုတ်ဆိတ်လူတန်းစား ဘယ်လောက် များနေပါသလဲ။ မူဆလင်တွေဟာ ဘာသာရေးလို့ ထင်လာရင် ဘယ်သူမုန်းမုန်း ဂရုမစိုက်တတ်ပါဘူး။
လူသားရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းမှာ ပါဝင်တဲ့ ကိုယ်အင်္ဂါတွေကို သူ့နေရာနဲ့သူ စည်းကမ်းတကျ အသုံး အပြုဘဲ ပစ်ပါယ်ထားခြင်းဟာလည်း ထိုအစိတ်အပိုင်းကို အတင်းအဓမ္မ အနိုင်ကျင့်ပြီး အပင်ပန်းခံ အဆင်းရဲခံ ကျင့်ကြံခြင်းထဲမှာ ပါဝင်ပါတယ်။
နောက်တစ်ခုက အပင်ပန်း အဆင်းရဲခံ ကျင့်ကြံအားထုတ်ခြင်း တစ်ချို့ကို ဗုဒ္ဓကစာပေတွေမှာ ပြစ်တင် ဝေဖန်ထားတာကိုတွေ့ရပါတယ်။ ဥပမာ ခွေးကဲ့သို့ကျင့်ကြံခြင်း မျိုးတွေကိုပါ။ ဒါပေမယ့် ကောင်းသော အားထုတ်မှုမျိုး၌ အပြင်းအထန် အားမထုတ်ရင် ပေါက်မြောက်အောင်မြင်တဲ့ အဆင့်ကို ရောက်မလာ နိုင်ဘူးဆိုတာ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်တွေမှာ ပြဆိုပြန်ပါတယ်။ ဒါကြောင့် လူဟာ လူလိုကျင့်ခြင်း ဘို့ လိုပါတယ်။ လူဟာ ခွေးလိုကျင့်လို့ မဖြစ်သလို။ လူဟာ နတ်လိုကျင့်ဘို့လည်း မလိုပါဘူး။
တဆက်တည်းမှာ ဗဟုသုတ အဖြစ် ပြောပြပါမယ်။ အစ္စလာမ်သာသနာမှာ မေထုံမှုရှောင်ကြဉ်ခြင်း ဥပဒေ မတရားကာမှု ဥပဒေ အိမ်ထောင်ယူခြင်း ဥပဒေ တွေဟာ သီးခြား ဖြစ်ပါတယ်။
(၁)မေထုံရှောင်ကြဉ်မှု ဥပဒေ
ဒီဥပဒေတွေဟာ မိမိရဲ့ တရားဝင်ထိမ်းမြားထားတဲ့ တရားဝင် ဇနီးမောင်နှံအတွက် ဖြစ်ပါတယ်။ တရားမ၀င်ဇနီးမောင်နှံ မဟုတ်ဘဲ ကာမမှုဖေါက်ပြန်ခွင့်ကို အစ္စလာမ်က လုံးဝ ခွင့်မပြုပါ။ (ဥပဒေ ၂ ကိုကြည့်ပါ)။ ဒီမေထုံရှောင်ကြဉ်မှုဥပဒေမှာ -
(က)ရာသီပန်းပွင့်နေစဉ်။ နေမကောင်းဖြစ်နေစဉ် ရှောင်ကြဉ်ရပါမယ်။ (ကုရ်အံ ၂း၂၂၂)
(ခ)ဥပုပ်သီလ ဆောက်တည်ကာလမှာ ရှောင်ကြဉ်ရပါမယ်။ (၂း၁၈၇)
(ဂ)၀ဇီပိတ် (အီတီကတ်ဖ်)ကျင့်နေစဉ် ရှောင်ကြည်ရပါမယ်။ (၂း၈၇)
(ဃ) ၀တ်ကြောင်စွန့်ထားစဉ် --ရှောင်ကြည်ရပါမယ်။ (၂း၁၉၇။၁၉၈)
ဒီနေရာမှာ ၀တ်ကြောင်စွန့်ထားစဉ် ဆိုတာကို အနည်းငယ်ရှင်းပြဘို့ လိုလာပြန်ပါတယ်။ အစ္စလာမ်သာသာနာမှာ အဓိကမဏ္ဍိုင် (၅) ရပ်ထဲမှာ ဟာ့ဂ်ျ ကျင့်စဉ်ပါပါတယ်။ လူအများက အာရ်ဗီစကားလုံးကို မွေးစားပြီး အသံထွက်အတိုင်း ဟာ့ဂ်ျ လို့သာရေးသားပေမယ့်။ ဗုဒ္ဓဘာသာရဲ့ ဒုလ္လဘ ရဟန်းမျိုး ဖြစ်ပါတယ်။ အဲ့ဒီကျင့်စဉ်မှာ- ဆံပါယ်ရတယ်။ ဖရုသ၀ါစာ တွေကို ရှောင်ရတယ်။ ခိုးခြင်းဝှက်ခြင်း။ သူတစ်ပါးအသက်ကိုသတ်ခြင်း။ မေထုံမှုရှောင်ကြည်ခြင်းများ ပါဝင်ပါတယ်။ ဆံပါယ် ပြီးတာနဲ့ လူသာမန်တို့ရဲ့ ၀တ်ကြောင်တွေကို စွန့်ပြီး (အဟ်ရမ် ၀တ်ရုံ) လို့ခေါ်တဲ့ အဖြူသက်သက်။ သို့မဟုတ် အမဲသက်သက် ကို ဘုန်းကြီးများ သင်္ကန်းရုံသလို ရုံရပါတယ်။ (တစ်ပုံစံတည်းတော့ တူချင်မှ တူနိုင်မှာပါ၊)။
ဒီကျင့်စဉ်ဟာ အစ္စလာမ်သာသနာမှာ အရေးကြီးတဲ့ ကျင့်စဉ်တစ်ရပ် ဖြစ်ပေမယ့် ဘုန်းကြီးရဟန်း လူတန်းစား ဖြစ်တည်လာမှာကို ကာကွယ်တဲ့အနေနဲ့ တစ်နှစ်မှာ ရက်ပေါင်း (၇၀) သာ သတ်မှတ် ထားပြီး အဲ့ဒီရက် (၇၀) အတွင်းမှာ ပြုလုပ်ရပါတယ်။ ဒီရက်တွေက ကျော်ရင် ၀တ်ကြောင်စွန့် ဘ၀နဲ့ နေထိုင်ခွင့် မရှိပါ။ ဒီကာလမှ မေထုံမှုပြုရင် ပါရာဇိကံ ထိုက်ပါတယ်။
ဒီလောက် ပညတ်ထားတဲ့ကြားက- ဒီနေ့ ဟာဂျီဆိုတာ လူတန်းစား တစ်ရပ်လို ဖြစ်နေတာကို ရွက်ဝါ မြင်နိုင်ပါတယ်။
ခင်မင်ရင်းနှီးစွာဖြင့်
ဌေးလွင်ဦး

မေးခွန်း (၁) အဖြေ ဒုတိယပိုင်း
(၂) မတရားကာမမှု ဥပဒေ
အစ္စလာမ်သာသနာမှာ မတရားကာမမှုကို ပြင်းပြင်းထန်ထန် တားမြစ်ထားကြောင်း ရွက်ဝါ သိသင့် သလောက် သိပြီးသားပါ။ ရွက်ဝါရေးသားတာတွေကို ဖတ်ရတော့ ပြည့်ပြည့်စုံစုံ မလေ့လာရသေးတော့ မှန်တာတွေရော။ အမှန်လို့ထင်နေတဲ့ အစ္စလာမ်ရဲ့သွန်သင်ချက် မဟုတ်တာတွေရောကို ရွက်ဝါ သိနေ ကြောင်း လေ့လာမိပါတယ်။ ရွက်ဝါက အမှန်လို့ထင်ခဲ့တဲ့ အစ္စလာမ်သွန်သင်ချက် မဟုတ်တာတွေ အတွက် ရွက်ဝါမှာ အပြစ်မရှိပါ။ အစ္စလာမ် မိရိုးဖလာ အများစုကြီးကိုယ်တိုင်က အဲ့ဒီအတိုင်း ထင်မြင် ရေးသားနေကြတာပဲ။ သူတို့ကိုယ်တိုင် အဲ့သလို ထင်မြင်ရေးသားနေမှတော့ ရွက်ဝါက ဒီဟာတွေဟာ အစ္စလာမ်ရဲ့ သွန်သင်ချက်လို့ ထင်မှတ်တာ အဆန်း မဟုတ်ပါဘူး။
ဘာဘဲဖြစ်ဖြစ် အရှုံးထဲက အမြတ်တော့ ရှိပါတယ်။ အဲ့ဒါက အစ္စလာမ်ဘာသာမှာ မတရား ကာမမှုကို အကြီးအကျယ် အရေးယူတယ် ဆိုတာတော့။ ရွက်ဝါသိသွားတာပေါ့၊
ဒီနေရာမှာ ရှင်းစရာရှိတာက- မတရားကာမမှုကို ကျူးလွန်တဲ့ လူတွေကို ခဲနဲ့ထုသတ်တယ် ဆိုတဲ့ကိစ္စ ပါ။ အထူးသဖြင့် အပြစ်တစ်ခုဖြစ်လာရင် မိန်းကလေးကို ပိုပြီး ရမယ်ရှာတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။ ဒီနှစ်ခုလုံးက အစ္စလာမ်သာသနာရဲ့ အဓိက အုတ်မြစ် ကျမ်းမြတ်ကုရ်အံက သွန်သင်တဲ့ ကိစ္စမဟုတ်ပါ။ အာရ်ရဗ်တွေရဲ့ ရှေးရိုးရာ ယဉ်ကျေးမှုက မြစ်ဖျားခံလာတဲ့ ရုပ်ပျက်ဆင်းပျက် ၀ါဒသာ ဖြစ်ပါတယ်။ အာရ်ရဗ်တွေမှာ အစ္စလာမ်ဘာသာ။ ခရစ်ယာန်ဘာသာ။ ဂျူးဘာသာ။ နဲ့ ရှေ့ရိုးရာ ကိုးကွယ်မှုတွေ ဖြစ် တဲ့ ဒူစီဘာသာတို့လို ဘာသာတရားတွေ ရှိနေပါတယ်။ သူတို့တွေဟာ ယုံကြည်တဲ့ ဘာသာက လွဲလို့ ၀တ်စားဆင်ယဉ်မှု။ ရိုးရာ အားလုံးတူနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က အီရတ်နိုင်ငံ တောင်ပိုင်းက ဒူစီဘာသာဝင်တွေ အများစုနေထိုင်တဲ့ ရွာက ဒူစီဘာသာဝင် ကောင်မလေး တစ်ယောက်က သူ့ချစ်သူ အစ္စလာမ်ဘာသာဝင် ကောင်လေးနောက်ကို လိုက်ပြေးလာတာ။ လမ်းမှာ မိလို့ ကောင်မလေးကို ရွာကို ပြန်ခေါ်သွားပြီး အရှင်လတ်လတ် ခဲထု သတ်ခဲ့တဲ့အကြောင်း ဟိုလေးတကျော် ဖြစ်သွားပါ တယ်။ (အင်တာနက် သတင်းမှာ ရှာရင် တွေ့ပါသေးတယ်။ လိုအပ်ရင် ရှာပေးပါ မယ်။) အဲ့ဒီအရပ်ဒေသက ပေါ်ထွန်းတဲ့ ဘာသာတရားတွေထဲမှာ အစ္စလာမ်သာသနာဟာ နောက်အကျ ဆုံး ဖြစ်ပါတယ်။ ဒီလူသားတွေဟာ ဘာသာတရားတစ်ခုကို ကူးပြောင်းလာပေမယ့် သူတို့ရဲ့ ရိုးရာတွေကို အကုန် မဖျောက်နိုင်ကြသေးပါဘူး။ မြန်မာနိုင်ငံမှာ ဗုဒ္ဓခေါင်းစဉ်အောက်က နတ်ကိုးကွယ်သလိုပေါ့။ နောက်တစ်ခုက ကုရ်အံကျမ်းတော်ကို ပြန်ဆိုနားလည်တဲ့ ကိစ္စမှာလည်း ရှင်းစရာရှိပါတယ်။
(၁)အနောက်တိုင်းသားတွေဟာ သူတို့ရဲ့အင်ပါယာကို တည်ဆောက်ဘို့အတွက် မူဆလင် အင်ပါယာ တွေက အာဏာလုသိမ်းပိုက်ခဲ့ရတယ်။ သမိုင်းအကျဉ်းကတော့- တတိယ ကရူးဆိတ် စစ်အပြီးမှာ အနောက်တိုင်း သြဇာမှိန်သွားပြီး မူဆလင် အင်ပါယာတွေ ထွန်းတောက်လာပါတယ်။ အဲ့ဒီမှာ အရှေ့ဘက်ကို မွန်ဂိုအင်ပါယာ။ အနောက်ဘက်ကို အော်တိုမင်အင်ပါယာ သတ်မှတ်ပြီး မူဆလင် အင်ပါယာ နှစ်ခုဟာ ကျော်ချင်းကပ် ရပ်တည်ခဲ့ပါတယ်။ အနောက်တိုင်းသားတွေဟာ အော်တိုမင် အင်ပါယာကိုဖြတ်ကျော်ပြီး အာရှ။ အာဖရိကကို သိမ်းပိုက်နယ်ချဲ့ဘို့ မလွယ်ကူခဲ့ဘူး။ ဒီမှာတင် အနောက်တိုင်းသားတွေက မူဆလင်တွေရဲ့ ခိုင်မာမှုကို ဖြိုခွင်းဘို့အတွက် မူဆလင်တွေ ရဲ့ကျမ်းတော် ကုရ်အံကျမ်းမှာ ပုံတိုပတ်စတွေ။ ဒဏ္ဍာရီတွေ။ ရှေးဟောင်း အယူအဆတွေ သွပ်သွင်းပြီး ဘာသာပြန် ဆိုကာ ရိုးသားတဲ့ မူဆလင်တွေ ကျေးလက်သားတွေဆီကို အရောက်ပို့ ၀ါဒဖြန့်ချီခဲ့တယ်။ အာရ်ရဗ်က မူဆလင်မဟုတ်သူ အာရ်ဗီစာတတ်ပေတတ်တွေကို ငှားပြီး အသုံးချခဲ့တယ်။ ဒီအလုပ်ကို အင်္ဂလိပ် နန်းရေးဝန် မစ္စတာ ဂလက်စတုံး လက်ထက်အထိ ဆက်တိုက်လုပ်ခဲ့တယ်၊ ဒါကြောင့် ကုရ်အံကျမ်း တော်ကို အင်္ဂလိပ်လို ပထဦးဆုံး ဘာသာပြန်ဆိုသူဟာ ခရစ်ယာန်ဘုန်းတော်ကြီး ရော့ဒ်ဝဲလ် ဖြစ်ခဲ့ တယ်။ ဒီအကြောင်းအရာတွေကို အဲ့ဒီအထဲက အဖွဲ့ဝင် ဖြစ်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ပက်သော ကိုယ်တိုင် အစ္စလာမ်သာသနာထဲကို ကူးပြောင်းလာပြီး ဖေါ်ချတော့မှ ပေါ်ခဲ့တယ်။ ဒါပေမယ့် သူဖေါ် တဲ့ အချိန်မှာ နှစ် ၇၀၀ လောက်နောက်ကျနေပါပြီ။ မျိုးဆက်ပေါင်းများစွာ အမှန်လို့ထင်ကာ အရိုးစွဲ တည်ဆောက်ခဲ့မိတာ အများကြီး ဖြစ်နေပါပြီ။ မူဆလင်နိုင်ငံတွေကိုယ်တိုင် လွတ်လပ်ရေးရလာတာ နှစ်ပေါင်း ၅၀။ ၆၀ လောက်ပဲရှိပါသေးတယ်။
မျိုးဆက်အားဖြင့် တစ်ဆက်။ နှစ်ဆက်ပဲ ရှိပါသေးတယ်။ နှစ်ပေါင်း ၇၀၀ လောက် အရိုးစွဲဖြစ်နေတာကို မျိုးဆက် တစ်ဆက်။ နှစ်ဆက်နဲ့ ဖျောက်ပစ်ဘို့ဆိုတာ မဖြစ်နိုင်သေးပါ။ ဒါပေမယ့် ကမ္ဘာ့အရပ်ရပ်က မူဆလင်ပညာရှင်တွေ နည်းမျိုးစုံနဲ့ ကြိုးစားနေကြပါ တယ်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာရေးစာအုပ်တွေ (ကုရ်အံဘာသာ ပြန်ပါ ပါဝင်ပါတယ်) ဟာ အဲ့ဒီဝါဒမိတဲ့ ကျမ်းတွေကို ကိုးကား ဘာသာပြန်ခဲ့ရပါတယ်။ ဒီနှောင်းပိုင်းမှာ ဘာသာပြန် အဖွဲ့ ပေါ်ပေါက် မလာခဲ့ပါဘူး။ (စကားပို- ကိုလိုနီခေတ်က သူတို့လက်အောက်ခံ နိုင်ငံ တွေက မူဆလင် တွေကို စစ်သားစုဆောင်းပြီး အသေခံရင် မြတ်တဲ့ ဆိုတဲ့ ၀ါဒကို ရိုက်သွင်းခဲ့တော့ အခု သူတို့ ကိုယ်တိုင် ပြန်ခံနေရတာပါ။)
(၂)ဒီလို ဘာသာပြန်ဆို အစာသွပ်မှုအောက်မှာ `မတရားကာမမှု ကျူးလွန်သူ ယောက်ျား၊ မိန်းမများ ကို ထိရောက်စွာ အရေးယူကြ´ ဆိုတဲ့ ကုရ်အံ ၂၄း၃ ဥပဒေဟာ- ကြိမ်နဲ့ရိုတ်သတ်ကြ။ သို့မဟုတ် ခဲနဲ့ထုသတ်ကြလို့ ဖြစ်ကုန်ပါတယ်။ ဒီစကားလုံးရဲ့မူရင်း ဂျလိဒ ဆိုတာကတော့ ကြိမ်နှင့်ရိုက်ခြင်း။ ခဲနှင့် ထုခြင်း လို့ရတာ မှန်ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ ဥပမာပေးတဲ့ ဥပဒေသာ ဖြစ်ပါတယ်။ စာတိုင်း ပေတိုင်းမှာ အလင်္ကာ။ ရသ။ ဂုဏ် ဆိုတာရှိပါတယ်။ `သူကတော့ အခိုက်မခံ ကြွေပန်းကန်ပဲ´ ဆို တဲ့စကားကို။ သူသည် စိတ်တိုတတ်သူတစ်ယောက်။ မဟုတ်မခံ ဇတ်ဇတ်ကျဲတစ်ယောက်လို့ နား မလည်ဘဲ- သူကတော့ ထိလျှင် ကွဲလွယ်သည့် ကြွေပန်းကန် တစ်ချပ် ဖြစ်သည်´ လို့နားလည်ရင် တော့ သူ့ရဲ့စာပေ ဗဟုသုတဟာ အကန့်အသတ် ရှိနေတယ်ဆိုတာ ရွက်ဝါ မြင်ယောင်လို့ ရမှာပါ။
အလားတူပါပဲ (၅း၃၈)မှာ `သူခိုးများကို လက်ဖြတ်ကြ´ လို့ဆိုပါတယ်။ ဒါလည်း ဥပမာပေးတာပါ။ သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို ဖြတ်တောက်ပစ်ဘို့ပြောတာပါ။ ဒီစကားလုံးနဲ့ တစ်ထပ်တည်းတူတဲ့ `သူမတို့ လက်ကို ဖြတ်ခဲ့ကြသည်´ ဆိုတဲ့ ၁၂း၃၂က ကိုယ်တော်ယူဆွဖ်ရဲ့ ဥပတိကိုတွေ့လို့ အမျိုးသမီးများ လက်တွေကို ဖြတ်မိကြတယ်လို့ ဆိုထားတာမှာတော့။ ဘယ်မူဆလင် ပညာရှင်ကြီးတွေကမှ ထိုအမျိုးသမီးများ၏ လက်များ အမှန်တကယ် ပြတ်ကျသွားသည်လို့ ယုံကြည်ယူဆတာ မရှိပါဘူး။ ထိရောက်စွာ အရေးယူကြဆိုတာ သတ်ပစ်ဘို့ပြောတာမဟုတ်ပါဘူး။ သူတို့ရဲ့ အမျိုးဂုဏ်။ သားသမီး များရဲ့ သိက္ခာ။ ကိုငဲ့ပြီး နောက်နောင်မှာ ဒီအမှားမျိုး မကျူးလွန်ချင်အောင် ဆုံးမဘို့ပြောတာပါ။ ဘယ်လိုဆုံးမရမယ် အရေးယူရမယ်ဆိုတာ- ခေတ်ကာလရယ်။ လူသားတို့ရဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးခြင်း ရယ်။ သက်ဆိုင်ရာဒေသ၊ လူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းရယ် ပေါ်မူတည်ပြီး ဥပဒေပညာရှင်တွေက ရေးဆွဲခွင့်ရှိပါတယ်။ ဥပဒေပညာမတတ်တဲ့ ဗလီဆရာတွေ။ ဘုန်းကြီးတွေက ဘယ်လိုလုပ်ပြီး ဥပဒေ ရေးဆွဲနိုင်မလဲ။ (ဒီအဖြေလည်း ရှည်နေပါပြီ- မရှင်းရင်တော့ ထပ်မေးပါ။ နောက်ထပ် ဥပဒေ တစ်ခုကို ဆက်ကြရအောင်။)
(၃) အိမ်ထောင်ပြုခြင်း ဥပဒေ
ဒီ ဥပဒေက ဗုဒ္ဓဘာသာ ဥပဒေ လိုပါပဲ။ ဗုဒ္ဓဘာသာမှာ အိမ်ထောင်ပြုခွင့်ရှိပေမယ့် ဘယ်နှစ်ယောက် ပြုရမယ် ဆိုတာ သတ်မှတ်မထားပါဘူး။ အလားတူပါပဲ အစ္စလာမ်မှာ အိမ်ထောင် ဘယ်နှစ်ယောက် ပြုရမယ်ဆိုတာ သတ်မှတ်ချက် မရှိပါဘူး။
ဒါပေမယ့် `သင်တို့သည် မည်မျှပင် တရားမျှတမည်ဟု ဆန္ဒရှိသော်လည်း မျှတနိုင်မည်မဟုတ် တစ်ဦး တစ်ယောက်တည်းကိုသာ အိမ်ထောင်ပြုကြ´ လို့ (၄း၁၂၉) ဆိုထားပါတယ်။
ဒါပေမယ့် ရွက်ဝါ အပါအ၀င် လူအများစုကြီးက မူဆလင်တွေမှာ မိန်းမလေးယောက်ထိ ယူခွင့်ရှိတယ် လို့ ယုံကြည်လက်ခံထားပါတယ်။ ဒါလည်း ယုံကြည်ထင်မှတ်သူများမှာ အပြစ်မရှိပါ။ ပြီးတော့ ကိုယ်တော်မုဟမ္မဒ်သည်လည်း မိန်းမ အများကြီးယူခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါလည်း ´ဧ၀ံ မေသုတံ´ ကျွန်ုပ်ဤသို့ကြားခဲ့ပါသည် ဆိုတဲ့ တစ်ဆင့်ကျမ်းတွေရဲ့ အလိုသဘောပါ။ ရွက်ဝါအံ့သြ လောက်စရာရှိသေးတယ်။ ကိုယ်တော်မုဟမ္မဒ်ယူခဲ့တဲ့ နောက်ဆုံး အမျိုးသမီးဟာ အသက် (၇) နှစ်ပဲ ရှိတယ်လို့ ဆိုတဲ့ ကျမ်းတွေရှိပါတယ်။ ဒီကျမ်းတွေဟာ ကျမ်းမြတ်ကုရ်အံ မဟုတ်သလို အစ္စလာမ် ဘာသာဝင်တွေက လုံးဝဥသုံ တစ်ထစ်ချ လိုက်နာတဲ့ ကျမ်းတွေလည်း မဟုတ်ပါ။ `ကျွန်ုပ် ဤသို့ကြား ခဲ့ပါသည်´ ဆိုတာ ဘယ်လောက်များ ခိုင်လုံချက်ရှိမှာလဲ ရွက်ဝါ စဉ်းစားကြည့်ပေါ့။ ထားပါတော့ ဒီကိစ္စကို နဲနဲရှင်းပြခွင့်ပြုပါ။
ဒီလိုနာမည်ဆိုးများ ဖြစ်လာရတာဟာ (၁) အစ္စလာမ်သာသနာကို နာမည်ဖျက်ချင်သူတွေက အစာ သွပ် ဘာသာပြန် ၀ါဒဖြန့်ချီခြင်း (၂)မူဆလင်တွေကိုယ်တိုင်က မိမိလုပ်ချင်ရာကို လုပ်ပြီး အရာရာမှာ ခေါင်းဆောင်၏ နာမည်ကို အလွဲသုံးစား လုပ်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။
(၁)ကတော့ ရှင်းပြပြီးသားပါ။ (၂)ကိုတော့ နဲနဲရှင်းရပါဦးမယ်။
ကျွန်တော်တို့ ယုံကြည်တဲ့ ကျမ်းတော်အရ ဒီကမ္ဘာပေါ်မှာ ပေါ်ခဲ့တဲ့ ဥာဏ်စဉ်တော်ဆောင်တွေ (တမန်တော်တွေပေါ့ဗျာ) မှာ သားသမီး။ သားမယား မရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ မရှိပါဘူး။ (၁၃း၃၈) ဒီ ကျမ်းချက်အရ ကိုယ်တော်မူဆာ။ ကိုယ်တော်ဂေါတမ။ ကိုယ်တော်ယေရှု အားလုံးမှာ သားသမီး သားမယားရှိခဲ့ပါတယ်။ ဒါပေမယ့် မူဆလင်အများစုကြီးက ကျွန်တော်ပြောခဲ့သလို မှိုင်းတိုက်ခံ ထားရ တော့ ကိုယ်တော်ယေရှုနဲ့ပတ်သက်ရင် ၀ါဒဖြန့်ထားတဲ့ လူတွေယုံသလို ယုံကြည်နေကြပါတယ်။ ဒါက တစ်ကြောင်းပါ။-
ဘာပဲဖြစ်ဖြစ် ဒီနေ့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေ။ ဘာသာတရားခေါင်းစဉ်ကိုယ်စီကို လက်ခံထားတဲ့ လူတွေက မိန်းမ တစ်ယောက်ထက်ပိုပြီး ယူခဲ့သူတွေ။ ယူထားသူတွေရှိပါတယ်။ ဒါပေမယ့် သူတို့က သူတို့ မိန်းမယူတာကို ဘာသာတရားကိုရော သူတို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုယ်တော် မူဆာ။ ဂေါတမ။ ယေရှု တို့ရဲ့ အမည်နာမတွေကို အလွဲသုံးစား မလုပ်ပါဘူး။ ကျွန်တော်တို့ မူဆလင်တွေ ကျတော့ သူတို့ မိန်းမ အများယူတာကို ကိုယ်တော်မုဟမ္မဒ် ယူလို့ဆိုပြီး ခေါင်းရောင်းကြပါတယ်။ ဒါ သူတို့ရဲ့ အလွဲသုံးစား လုပ်ခြင်းသာ ဖြစ်ပါတယ်။ ကျမ်းတော်ကိုလည်း သူများလမ်းခင်းပေးတဲ့အတိုင်း မစီမစစ်ဘာသာပြန်ဆိုကြပါတယ်။ အမှန်တကယ် ကျမ်းတော်မှာပါတာက-အကယ်၍ သင်တို့သည် မိဘမဲ့များနှင့် စပ်လျှဉ်း၍ သမာသမတ်ကျနိုင်မည် မဟုတ်ဟု ကြောက်ရွံ့မိလျှင် သင်တို့အတွက် သဘောတွေ့သော အမျိုးသမီးများမှ နှစ်ဦးဖြစ်စေ။ သုံးဦးဖြစ်စေ။ လေးဦးဖြစ်စေ သိမ်းဆည်းကြကုန်လော့။ သို့သော် တရားမျှတနိုင်မည် မဟုတ်ဟု ကြောက်ရွံ့မိလျှင် တစ်ဦးတည်း သို့မဟုတ် သင်တို့၏သြဇာလွှမ်းမိုးသူသာဖြစ်ရမည်။ ဤသည် သင်တို့ စည်းမဖေါက်ရန် အနီးစပ်ဆုံးပင် ဖြစ်၏၊ လို့ဆိုပါတယ်။ (၄း၃)
ဒီကျမ်းချက်ထဲက သင်တို့သည်--ကြောက်ရွံ့မိလျှင် ဆိုတာကို အမျိုးသားများကိုသာ ဆိုလိုကြောင်း ယူဆတာရယ်။ သိမ်းဆည်းကြလော့ ဆိုတာကို ထိမ်းမြားလက်ထပ်ကြလော့ လို့ ဘာသာပြန်ဆိုတာရယ် ပေါင်းလိုက် တော့ မူဆလင်တွေ မိန်းမ (၄) ယောက်ထိ ယူလို့ရတယ်လို့ ဖြစ်ကုန်ရောပေါ့။ ဒီထက်ပိုဆိုးတာက ဒီကျမ်းချက်ရဲ့ပင်မဆိုလိုချက်ကို နားလည်အောင် မလေ့လာ မစီစစ်တဲ့ ပညာရှင်တွေက သူတို့ဆရာ ကြီးတွေ ဘာသာပြန်တာကို ကာကွယ်တဲ့အနေနဲ့ အခြေအနေတစ်ရပ်မှာ ဥပမာ စစ်ဖြစ်နေတဲ့ အချိန်မှာ ယောက်ျားတွေ တိုက်ပွဲမှာ ကျသွားရင် ကျန်ရစ်သူ အမျိုးသမီးတွေကို စောင့်ရှောက်ဘို့ ယူရတာပါလို့ ခုခံနေကြတယ်။ တကယ်လို့ ဆူနာမီလို။ နာဂစ်လို ဘေးဒုက္ခတွေကြောင့် မိန်းမတွေ သေကုန်ရင် ကျန်တဲ့ယောက်ျားတွေကို ဘယ်လို ဖြေရှင်းရမလဲလို့ မစဉ်းစားမိတော့ ပိုဆိုးတာပေါ့။
ဒီကျမ်းချက်မှာပါတဲ့ အကယ်၍ သင်တို့သည်--ကြောက်ရွံ့မိလျှင် ဆိုတာကို အာရ်ဗီလို ၀အင်းခေ့ဖ်တွန်(မ်) လို့သုံးပါတယ်။ အာရ်ဗီသဒ္ဒါမှာ တွန်(မ်) ဆိုတာ လိင်ဖို အများကိန်း။ တွန်းန ဆိုတာ လိင်မ အများကိန်း ဖြစ်ပြီး။ ဒီနေရာမှာ တွန်(မ်) ကိုသုံးထားလို့ ယောက်ျားများလို့ ယူဆကြတာပါ။ ဒါက သဒ္ဒါစာအုပ်ကို ပုံသေကျက်ပြီး အာရ်ဗီစာပေ မနှံ့စပ်လို့ ဖြစ်ရတာပါ။
အာရ်ဗီစာပေမှာရော ကျမ်းမြတ်ကုရ်အံမှာပါ ယေဘုယျ ယောက်ျား၊မိန်းမ လူအများကို ခြုံပြီးပြောရင် တွန်(မ်) ကိုပဲ သုံးပါတယ်၊ ကျမ်းတော်ရဲ့ ၂း၂၃၉။ ၄း၃၅။ ၄း၁၀၁။ ၉း၂၈ နေရာတွေမှာ ယောက်ျား၊ မိန်းမ အားလုံးကို သင်တို့ ဆိုပြီး ဒီစကားလုံး ၀အင်းခေ့ဖ်တွန်(မ်) ကို သုံးထားပါတယ်။ ဘယ်နေရာမှာမှ ယောက်ျားချည်း သက်သက် ဖြစ်ရမယ်လို့ ဆိုမထားပါဘူး။
နောက်တစ်ခုက နေကာဟ် ဆိုတဲ့ စကားလုံးကို ထိမ်းမြား လက်ထပ်ခြင်းလို့ပဲ ထင်နေတာလည်း မှားပါတယ်။ နေကာဟ် ဆိုတာ အတူနေထိုင်ခြင်း။ ထိမ်းသိမ်းစောင့်ရှောက်ခြင်း။ အကာအကွယ် ပေးခြင်း။ တို့ဖြစ်ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို သူနဲ့ဆန့်ကျင်ဘက် တွလာ့က် ကွာရှင်းပြတ်စဲ ခြင်း ဆိုတာက ထောက်ပြထားပါတယ်။ တွလာ့က် ဆိုတာ အတူနေထိုင်သူတွေထဲက တစ်ဦးတစ် ယောက် ထွက်ခွာသွားခြင်းကိုလည်း ဆိုလိုပါတယ်။ (၄၉း၂၅) ကွာရှင်းတယ်လို့ ပြောလို့ လုံးဝ မရပါ။ မိသားစုထဲက သားသမီးတစ်ယောက်ယောက် ထွက်သွားရင်လည်း သုံးပါတယ်။
ဒါကြောင့် ဒီကျမ်းချက်ရဲ့ အဓိပ္ပါယ်က အခြေအနေတစ်ရပ်မှာ မိဘမဲ့တွေရှိနေခဲ့ရင် မိဘမဲ့ မိန်းကလေး တွေကို တတ်နိုင်တဲ့ လူ (မိန်းမဖြစ်စေ။ ယောက်ျားဖြစ်စေ) က ခေါ်ယူထိမ်းသိမ်းစောင့်ရှောက် ထားရ မယ်လို့ ဆိုလိုတာပါ။ ဒီမိဘမဲ့တွေကို ယောက်ျားတွေကသာ သနားရမယ်။ စာနာရမယ်။ ခေါ်ယူ မွေးစား ရမယ် ဆိုတာ လုံးဝ မတရားတဲ့ ကိစ္စဖြစ်ပါတယ်။ အမျိုးသမီးတွေမှာလည်း သနားခွင့် စာနာခွင့် လူ့နှလုံးပိုင်ဆိုင်ခွင့်တွေရှိပါတယ်။ အဲ့ဒီမိဘမဲ့ ကလေးတွေကို အရွယ်ရောက် အိမ်ထောင် ပြုနိုင်တဲ့အထိ စောင့်ရှောက်ရမယ်လို့ ကျမ်းတော်ရဲ့ (၄း၆) မှာ ပါပါတယ်။
ဒီမှာ ဆိုစရာရှိတာက မိဘမဲ့ ယောက်ျားလေးတွေကို ကော ဘယ်လိုသဘောထားပါသလဲ ဆိုတဲ့ အမေးပေါ့။ မိဘမဲ့ အားလုံးကို ကြည့်ရှုရမယ်။ စောင့်ရှောက်ရမယ်လို့ ကျမ်းတော်မှာ မြောက်များစွာ သွန်သင်ပါတယ်။ ဒီကျမ်းချက်ကတော့ မိဘမဲ့ မိန်းကလေးတွေ အကြောင်းကိုသာ အဓိက သွန်သင် တာပါ။ ဒါကလည်း မိန်းကလေးရဲ့ ဘ၀လုံခြုံမှုနဲ့ ယောက်ျားလေးရဲ့ ဘ၀လုံခြုံမှု မတူညီလို့ဖြစ်ပါတယ်၊
နောက်တစ်ခုက နှစ်ယောက်ဖြစ်စေ။ သုံးယောက်ဖြစ်စေ။ လေးယောက်ဖြစ်စေ ဆိုတာ မဆုံးသေး ပါဘူး။ ဖြစ်စေ ဆိုတာ အများဆီသို့ ရည်ညွှန်းနေပါတယ်။ တတ်နိုင်ရန် အယောက်တစ်ထောင် တစ်သောင်း ဘော်ဒါဆောင်ဖွင့်ပြီး မွေးစားထိန်းကျောင်းလို့ ရပါတယ်။
ဒါဆို- ကိုယ်တော်မုဟမ္မဒ် အုပ်ထိန်းခဲ့တာကို နားလည်လောက်ပြီလို့ ယူဆပါတယ်။ ကိုယ်တော်ဟာ ခလေးရနိုင်တဲ့ အစွမ်းရှိပါတယ်။ ကိုယ်တော်ရဲ့ ငယ်ဘ၀မှာ ထိမ်းမြားခဲ့တဲ့ ဘီဘီခတီဂျာ နဲ့ သမီးတွေ ထွန်းကားခဲ့ပါတယ်။ ကိုယ်တော် အုပ်ထိန်းတဲ့အမျိုးသမီးတွေဟာလည်း ကလေးရနိုင်ပါတယ်။ သူတို့ ယောက်ျားတွေ မကွယ်လွန်ခင် ကလေးရခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် ကိုယ်တော့လက်ထဲမှာ ဘယ်အမျိုးသမီးမှ ကလေးမရခဲ့ပါ။ ကျမ်းတော်မှာ ကာမစပ်ယှက်မှု မရှိတဲ့ အိမ်ထောင်ပေါင်းသင်းမှု တွေရှိတယ်ဆိုတာကို ၂း၂၃၆။ ၄း၂၃ တွေက ဖေါ်ပြနေပါတယ်။ ကိုယ်တော် အုပ်ထိန်းရတဲ့ အမျိုးသမီးတွေမှာ သားသမီးတွေပါလာကို ရှုပ်ထွေးစွပ်စွဲလိုသူတွေရှိပါတယ်။ ဒါကို ကျမ်းတော်က ကိုယ်တော်မုဟမ္မဒ်သည် မည်သူ၏ ဖခင်မှ မဟုတ်လို့ အတိအကျ ဆိုထားပါတယ်။ (၃၃း၄၀)
ဒီတော့ ကိုယ်တော် အုပ်ထိန်းခဲ့ရတာမှာ ဘီဘီအာအေရှာ အသက် (၇)နှစ်ဖြစ်စေ။ တစ်ခုလပ် ဇိုင်နာ့ဘ် သခင်မ ဖြစ်စေ ပြသနာမရှိပါဘူး။
ကျွန်တော် ဒီထက်ပိုပြီး ရှင်းချင်ပါတယ်။ ဒါပေမယ့် စာဖတ်ရတဲ့ သူတွေကို အားနာပါတယ်။ နောက်ထပ် မေးခွန်းများလည်း ဆက်မေးနိုင်ပါတယ်။

ဟုတ်ကဲ့ ကိုဌေးလွင်ဦး၊
အဖြေကို ပို့ပေးလို့ ကျေးဇူးတင်ပါတယ်။
၁) ပြောပြီးသားစကားတွေပဲ အပ်ကြောင်းထပ်အောင် ပြောရဦးတော့မယ်။ ဗုဒ္ဓက လူတွေကို ဘာမှ မပညတ်ခဲ့ပါဘူး။ လူတွေတွက် ပညတ်ချက်ကို တွေ့မှ ဗုဒ္ဓဝါဒအဖြစ်ယူမယ် ဆိုရင် ကိုဌေးလွင်ဦး အနေနဲ့ ဗုဒ္ဓဝါဒလို့ဆိုစရာ ဝါကျတစ်ကြောင်းတောင် ရှာရမှာ မဟုတ်ပါဘူး။ မင်းကျင့်တရား ဆယ်ပါးကို ဟောခဲ့တော့လည်း ဗုဒ္ဓက တိုင်းပြည်အုပ်ချုပ်သူဟာ ဒီတရားတွေနဲ့ အညီကျင့်သင့်တယ်လို့ ပြောခဲ့တဲ့ သဘောပါပဲ။ ဒီတရားတွေနဲ့ မညီရင် တိုင်းပြည်မအုပ်ချုပ်ရဘူးလို့ မပြောပါဘူး။
၂) ရဟန်းတော်တွေ အိမ်ရာထူထောင်ခြင်း မပြုတာကိုလည်း ကိုဌေးလွင်ဦးက ဂျူးအယူတွေ လွမ်းမိုးတာ ဖြစ်နိုင်တယ်လို့ ပြောတယ်။ အရှေ့ထိပ်က ဂျပန်ပြည် ဇင်ဘုန်းတော်ကြီးတွေ အိမ်ရာထူထောင်ခြင်းကို ထောက်ပြီး ပြသွားတယ်။ ရှေးခေတ် အယူတွေ လွှမ်းမိုးတာ ဟုတ်/မဟုတ်က သုတေသနပိုင်း သက်သက်ဖြစ်တယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေက ဒါကို ဗုဒ္ဓကိုယ်တိုင် ပြဌာန်းတာလို့ ယူကြလိမ္မယ်။ ဗုဒ္ဓဘာသာကို သက်ဝင်သူ မဟုတ်ရင် ဘာကြောင့် ပြဌာန်းသလဲ လေ့လာခွင့်ရှိတယ်။ ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့် ပြဌာန်းခဲ့သည်ဖြစ်စေ ဗုဒ္ဓက ပြဌာန်းခဲ့တာဆိုရင် အဲဒါ ဗုဒ္ဓဝါဒပဲ။ ဗုဒ္ဓလက်ခံတဲ့ ဝါဒပဲ- လို့ဆိုရမယ်။
ဘိက္ခူနီ သာသနာကိစ္စလည်း ဒီအတိုင်းပဲ သုံးသပ်လို့ရတယ်။ ဘိက္ခူနီသာသနာကို ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုခဲ့ရင် အဲဒါ ဗုဒ္ဓရဲ့ ဝါဒပါပဲ။ ဘာကြောင့် ခွင့်ပြုခဲ့သလဲဆိုတာ နောက်ကိစ္စတစ်ခုပါ။
၃) ကိုဌေးလွင်ဦးနဲ့ ကျွန်တော် သိပ်ကွာနေတာတစ်ခုရှိတယ်။ ကျွန်တော်က ပိဋကရော ကုရ်အာန်ကိုပါ။ မြန်မာပြန်ကိုပဲ အားထည့်ပြီး ဖတ်နေရတယ်။ ပိဋက ပါဠိမူကို မဖတ်တတ်သလို၊ ကုရ်အာန် အာရ်ဗီမူလည်း မဖတ်တတ်ဘူး။ ဘာသာပြန်ပုဂ္ဂိုလ်ကြီးတွေရဲ့ ပညာဂုဏ်ကို လိုက်ပြီး ယုံကြည်ထားရတယ်။ ဒါတွေတော့ အားမရဘူး ပြန်ပြင်ရေးဦးမယ်လို့ ဘယ်ဟာကိုမှ မလုပ်နိုင်ဘူး။ ကိုဌေးလွင်ဦးကတော့ ၂-ခုလုံးကို အားရပုံမပေါ်ဘူး။ ကိုဌေးလွင်ဦးအနေနဲ့ ဂေါတမဘုရားရှင်ရဲ့ သမိုင်းကြောင်း၊ ခရစ်တော်ရဲ့ သမိုင်းကြောင်းကိုလည်း အများလက်ခံထားသလို လက်ခံလို့ မရတာတွေ့နေရတယ်။
ပိုဆိုးတာက တမန်တော် မုဟမ္မဒ်ရဲ့ သမိုင်းကြောင်းကိုလည်း အများလက်ခံထားသလို ကိုဌေးလွင်ဦး လက်ခံမထားတာ တွေ့ရတယ်။ မိန်းမတွေ အများကြီး ယူခဲ့တဲ့ကိစ္စတွေ၊ အသက်မပြည့်သေးတဲ့ ကလေးနဲ့ ယူခဲ့တဲ့ ကိစ္စတွေအပေါ်မှာ ကိုဌေးလွင်ဦးက သံသယတွေ ရှိနေတယ်။ ကာမကိစ္စမပါတဲ့ လက်ထပ်မှုမျိုး ဖြစ်လိမ္မယ်လို့ ထင်နေတယ်။ အဲဒါတွေက လူအများစု လက်ခံထားတာနဲ့ ကွဲလွဲနေမယ်ထင်တယ်။
၎) နောက်ဆုံး တစ်ချက်ပြောချင်တာက ကိုဌေးလွင်ဦးက ကုရ်အာန် မြန်မာပြန်ကို အားမရလို့ ကိုယ်တိုင်ပြန်နေရတယ်။ လက်ဦး ပြန်ဆိုခဲ့တဲ့ အင်္ဂလိပ်မူကိုလည်း ဘဝင်မကျတာ သေခြာတယ်။ အဆိုးဆုံးအချက်က မူရင်း အာရ်ဗီမူကိုပါ ‘အခိုက်မခံ ကြွေပန်းကန်’ ဆိုတဲ့ ဥပမာလေးသုံးပြီး အလင်္ကာတွေ၊ ရသတွေ၊ ဂုဏ်တွေနဲ့ မွှမ်းလိုက်တော့ ကုရ်အာန်ဟာ ကျမ်းဂန် မဟုတ်တော့ဘူး။ အလင်္ကာဆရာတို့ရဲ့ လက်ရာ၊ ရသစာပေအဆင့်ကို အလိုလိုရောက်သွားတယ်။ အလင်္ကာသဘောနဲ့ ပြောထားသမျှကို နားမလည်ပဲ တည့်လိုက်လုပ်ကြတော့ လောကအတွက် စိတ်မကောင်းစရာ အမှားတွေဖြစ်ကုန်တယ်လို့လည်း ဆိုချင်ပုံရတယ်။ အဲဒီအလင်္ကာချယ်သမှုတွေကို ရှင်းရှင်းလင်းလင်း နားမလည်သမျှ အဲဒီကျမ်းဂန် ဘာသာပြန်တွေသာမက မူရင်းကပါ လောကအတွက် အဆိပ်ဖြစ်စေနိုင်တယ် ဆိုရတော့မှာပေါ့။
ဥပမာပြောရရင် သိမ်းဆည်းကြလော့စကားကို လက်ထပ်ကြလော့လို့ ယူကြတော့ မိန်းမ ၄-ယောက် ယူခွင့်ရှိတယ်လို့ ဖြစ်လာတယ်။
ဥပမာပြောခဲ့တဲ့ ခဲနဲ့ ပစ်သတ်ဖို့ကိစ္စမျိုးကို အဓိပ္ပာယ်အတည့်ယူကြတော့ မမှားသင့်တဲ့ အမှားတွေ မှားကုန်တယ်။ (ခဲနဲ့ပစ်ပေါက်သတ်ရမယ်ဆိုတဲ့ နည်းလမ်းညွှန်ပြခြင်းမျိုးကို ကိုဌေးလွင်ဦးရဲ့ ဘာသာပြန်မူမှာတော့ ရှောင်ထားတာတွေ့ရတယ်။ ဒါပေမဲ့ အဲဒီလို ပြောင်းလွဲဘာသာပြန်ခြင်းကို အစ္စလာမ်ဘာသာဝင် ဘယ်လောက်များများက လက်ခံမှာလဲ ဆိုတာ ရှိသေးတယ်။) ကုရ်အာန်ရဲ့ အလင်္ကာတန်ဆာဆင်မှုတွေကို လိုက်ရှင်းရတာ ကိုဌေးလွင်ဦးမှာ အလုပ်တစ်ခုလို ဖြစ်နေတယ်လို့ပြောရတော့မလား မသိဘူး။
ကျွန်တော်တို့ ၂-ယောက်ရဲ့ စာပေကျွမ်းကျင်မှု အဆင့်အတန်းက သိပ်ကွာနေတော့ ဘုံသဘောတူညီချက်တစ်ရပ်တော့ မရဘူးပေါ့။ ဒါပေမဲ့ ပို့ပေးတဲ့ အဖြေတွက် ကျေနပ်ပါတယ်။ ကျွန်တော်ကတော့ ပိဋကတော်မြန်မာပြန် နဲ့ ကျမ်းမြတ်ကုရ်အာန်မြန်မာပြန်ကို သာ ဖတ်နိုင်သေးတာဖြစ်လို့ အိမ်ထောင်သားမွေးခြင်းရော၊ ဆင်းရဲ ပင်ပန်းခံအားထုတ်ခြင်းကိုပါ ဗုဒ္ဓဝါဒအဖြစ်လက်မခံနိုင်သေးပါ။ ကာမအမှုနဲ့ ပတ်သက်လို့လည်း ဗုဒ္ဓဝါဒနဲ့ အစ္စလာမ်ဝါဒဟာ အလွန်ခြားနားလွန်းတယ်လို့ပဲ ယူဆထားပါတယ်။
မေးခွန်း(၁) ကို ခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်။ ခုဆက်ပြီး မေးခွန်း(၂)ကို ပေးပို့လိုက်ပါတယ်။
လေးစားစွာဖြင့်
ရွက်ဝါ။
ကျွန်တော်က မေးပြီး ကိုဌေးလွင်ဦးက ဖြေဆိုထားတာဖြစ်ပါတယ်။

2 comments:
ရှေးခေတ် အယူတွေ လွှမ်းမိုးတာ ဟုတ်/မဟုတ်က သုတေသနပိုင်း သက်သက်ဖြစ်တယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေက ဒါကို ဗုဒ္ဓကိုယ်တိုင် ပြဌာန်းတာလို့ ယူကြလိမ္မယ်။ ဗုဒ္ဓဘာသာကို သက်ဝင်သူ မဟုတ်ရင် ဘာကြောင့် ပြဌာန်းသလဲ လေ့လာခွင့်ရှိတယ်။ ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့် ပြဌာန်းခဲ့သည်ဖြစ်စေ ဗုဒ္ဓက ပြဌာန်းခဲ့တာဆိုရင် အဲဒါ ဗုဒ္ဓဝါဒပဲ။ ဗုဒ္ဓလက်ခံတဲ့ ဝါဒပဲ- လို့ဆိုရမယ်။
ဘိက္ခူနီ သာသနာကိစ္စလည်း ဒီအတိုင်းပဲ သုံးသပ်လို့ရတယ်။ ဘိက္ခူနီသာသနာကို ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုခဲ့ရင် အဲဒါ ဗုဒ္ဓရဲ့ ဝါဒပါပဲ။ ဘာကြောင့် ခွင့်ပြုခဲ့သလဲဆိုတာ နောက်ကိစ္စတစ်ခုပါ။
- - - - - - - - - - - - - - -
နည်းနည်းလောက် ပြုံးပါရစေ...
ဒါမျိုးကျရင်
ဒီလိုတွေးပေးရတယ်ပေါ့။ :) :)
ကိုဌေးလွင်ဦးပြောတဲ့အထဲမှာခဲနဲ့သေအောင်ပေါက်သတ်
တာကိုကုရ်အာန်ကျမ်းမြတ်ကသင်တာမဟုတ်ပဲလူ့အသိုင်း
အဝိုင်းအရကျင့်သုံးကြတာပါလို့ပြောထားလို့ပါ။ဟုတ်ပါ
တယ်ကုရ်အာန်ကျမ်းမှာဖောက်ပြန်တဲ့လူကိုကြိမ်ဒဏ်ပေးဖို့
ပဲပြောထားပါတယ်။ဒါပေမယ့်ဟာဒီးစ်တွေမှာတော့တမန်
တော်မိုဟာမက်ကိုအာလာအရှင်မြတ်(စာလုံးပေါင်း
သည်းခံပါ)ကအဲဒီလိုစီရင်ဖို့ ဝဟီတော်ဆင့်တယ်လို့ တွေ့ရပါတယ်။တမန်တော်မြတ်မုဟမ္မဒ်ကိုယ်တိုင်စီရင်ခဲ့
တယ်လို့ တွေ့ရပါတယ်။
Sahih Muslim, Book 17: Number 4192:
'Ubada b. as-Samit reported that whenever Allah's Apostle (may peace be upon him) received revelation, he felt its rigour and the complexion of his face changed. One day revelation descended upon him, he felt the same rigour. When it was over and he felt relief, he said: Take from me. Verily Allah has ordained a way for them (the women who commit fornication),: (When) a married man (commits adultery) with a married woman, and an unmarried male with an unmarried woman, then in case of married (persons) there is (a punishment) of one hundred lashes and then stoning (to death). And in case of unmarried persons, (the punishment) is one hundred lashes and exile for one year.
ဒီဝက်ဘ်ဆိုဒ်မှာအကုန်ပါပါတယ်
http://www.faithfreedom.org/Articles/stoning.htm
Post a Comment