အရလွယ်ခဲ့လို့ တန်ဖိုးမသိကြတာ ဖြစ်မယ်။
ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး။ ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊ ဒီလိုပဲ ဒကာကြီး မွေးကတည်းက ဗုဒ္ဓဘာသာဝင်ဖြစ်လာသူတွေဟာ ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာသုံးရပ်ရဲ့ ဖန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး။ ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင့်တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါ ကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး။ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက်များတယ် ဆိုတာ သူပဲသိတယ်။ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိ ဖြစ်ရတာပေါ့။ ဒီလိုပဲ ဒကာကြီး၊ တခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိလာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ် သူဋ္ဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်။
(ရောမ ဘရင်ဂျီဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော အီတလီ ဘုန်းတော်ကြီး ဦးလောကနာထ)
ဆရာဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ) ရေးသားသော ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အကြောင်း စာအုပ်၊ (စာမျက်နှာ ၁၀-၁၁) ဦးဟန်ဌေး၏ မိတ်ဆက်နိဒါန်းမှ ကူးယူဖော်ပြလိုက်ပါတယ်။

1 comments:
အင်မတန်မှန်ပါတယ် ။
ကျနော်ဟာလည်း ဗုဒ္ဓ ဘာသာ ၀င်ပေမဲ့ ဘုရားရှိခိုးတာ အလကားလို့ ထင်ခဲ့ဖူးတယ်။ ဂျက်လန်ဒန်ရေးတဲ့ ပင်လယ်ဝံပုလွေကို သမ္မာကျမ်းစာလိုပဲ ယုံကြည်ခဲ့ဖူးတယ်.။
ဒေါက်တာစပင်ဆာဂျွန်ဆင်ရေးတဲ့ the present ဟာ ကိုယ့်ရဲ့ ဘ၀ လမ်းညွှန်ပေါ့.။
(၀ါဒတွေကို ကျနော်က လက်တွေ့တော့ လုပ်ကြည့်သေးတယ်။ ဥပမာ နိုင်သောသူသာ အမှန်ဆိုတဲ့ စကားမျိုးကို လက်တွေ့ကျင့်ဖူးတယ်။ The present ဆိုတိုင်းလဲ လုပ်ဖူးတာပဲ.. စာဖတ်ပြီးကျေနပ်နေတာတော့ မဟုတ်ခဲ့ပါဘူး..။)
အကြောင်းတစ်ခုကြောင့် ၀ိပဿနာ ရှုနည်းကို ရတယ်။ လက်တွေ့ အားထုတ်ကြည့်တာပါပဲ။ တရား အားထုတ်ဖြစ်ပြီးမှပဲ အထက်က ၀ါဒတွေ အလကားမှန်းသိလာရတယ်။
အားထုတ်ပြီးမှသိလာတဲ့ သဒ္ဓါတရား ကို ဘယ်သူမှ မဖျက်နိုင်ဘူးလို့ ဆိုတယ်။ အဲဒါမှန်တယ်။
ဟိုဟိုဒီဒီဝါဒတွေကိုတဲ့ လက်တွေ့ ကျင့်ကြည့်ပါတဲ့။ စာဖတ်ပြီးတော့ သိပ်ကောင်းတယ် လို့ မပြောပါနဲ့တဲ့။ ဟိုစဉ်းစား ဒီစဉ်းစား လျှောက်စဉ်းစားပြီးတော့ ဟုတ်ပဟ မလုပ်ပါနဲ့တဲ့။
ဥပမာ ကွန်မြူနစ်ဝါဒဟာ စည်းရုံးရေးကော ၀ါဒရေးကော သိပ်ကောင်းတယ်။ လုပ်ကြည့်တော့ အဒမ်စမစ်ရဲ့ ၀ါဒလောက် ဟန်မကျဘူး။ ဒါကို စာဖတ်ရုံ စဉ်းစားရုံနဲ့ မသိနိုင်ဘူး။ လုပ်ကြည့်မှသိမယ်။
အဲဒါကျနော် နားလည်တဲ့ ကာလာမသုတ်ပါပဲ။
ချမ်းမြေ့ပါစေဗျား
Post a Comment