:) Monday, March 23, 2009

မင်းကျင့်တရား ၁၀-ပါးနှင့် နိစ္စသီလ ၅-ပါးဟာ ဘုရားဟော အမှန်ဟုတ်ရဲ့လား။


မင်းကျင့်တရား ၁၀-ပါးနှင့် နိစ္စသီလ ၅-ပါးဟာ ဘုရားဟော အမှန်ဟုတ်ရဲ့လား။

မင်းကျင့်တရား ၁၀-ပါးဟာ ခေတ်မီတဲ့ နိုင်ငံရေး မူဝါဒဖြစ်တယ်၊ နိစ္စသီလ ၅-ပါးဟာ ငြိမ်းချမ်းရေး လမ်းညွှန်ဖြစ်တယ်-ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ဘူး။ အဲဒီတော့ အချို့က အဲဒီလောက် တိုးတတ်တဲ့ အမြင်ရှိတဲ့ တရားတွေကို ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က ပွင့်ထွန်းခဲ့တဲ့ ဗုဒ္ဓဘုရားရှင် ဟောခဲ့တာ ဟုတ်ရဲ့လားလို့ သံသယတွေဖြစ်နေကြတယ်။

ကျွန်တော်အနေနဲ့လည်း အထက်က တရားတွေကို တောင်မြို့ဆရာတောင်ကြီး၊ သီတဂူဆရာတော်ကြီးတို့လို့ ပုဂ္ဂိုလ်တွေရဲ့ တရားတွေနာ၊ စာအုပ်တွေဖတ်ပြီး ဘုရားဟောအဖြစ် လက်ခံထားတာပါ။ အဲဒီအကြောင်းအရာတွေ ပိဋကတော်ရဲ့ ဘယ်အပိုင်းမှာ ပါဝင်နေမှန်းကျွန်တော် မသိခဲ့ပါဘူး။ ပါဠိ၊ အဌကထာ၊ ဋီကာ ဘယ်အပိုင်းမှာ ရှိနေမှန်း မသိခဲ့ပါဘူး။ ခုတော့ အကြောင်းကြောင်းကြောင့် လေ့လာဖြစ်ပါတယ်။ ဆရာတော် သံဃာတော်အချို့ကိုလည်း မေးမြန်းပါတယ်။ စာအုပ်တွေလည်း လျှောက်လှန်ဖြစ်ပါတယ်။

တွေ့ချင်တာတွေ တွေ့ရပါတယ်။ အလုံးစုံမဟုတ်ပေမဲ့ ပိဋကပါဠိတော်မှာကိုပဲ အဲဒီတရားတွေ အခိုင်အမာရှိနေတယ် ဆိုတာတွေ့ရတယ်။ ဘုရားဟောတာ ဟုတ်မှဟုတ်ပါရဲ့လားလို့ သံသယဖြစ်နေသူတွေ အမြင်ရှင်းစေဖို့နဲ့၊ ကျွန်တော်လို ယောင်ဝါးဖြစ်နေတဲ့ ဗုဒ္ဓဘာသာလူငယ်တွေ တိတိကျကျသိစေချင်လို့ ဒီပိုစ်ကိုတင်လိုက်တာပါ။

ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ စီရင်ရေးသားအပ်သော သုတေသန သရုပ်ပြအဘိဓာန် ထဲက ရှင်းလင်းထားပုံလေးကို ပုံဖိုင်အဖြစ်နဲ့ တင်ပေးလိုက်ပါတယ်။ ရှင်းလင်းချက်လေးတွေက တိုတိုလေးနဲ့ မြန်မာလို ကောင်းကောင်းနားလည်နိုင်ပါတယ်။ ကိုကားချက်ကိုလည်း အစပိုင်းမှာ ဖော်ပြထားပါတယ်။

1 comments:

Anonymous said...

Thank you for sharing.

My Little Blog